ကျွန်တော် ဟိုတစ်နေ့က ဆော့ဖ်ဝဲတစ်ခုကို 4shared ကနေရှာပြီး download လုပ်မလို့ ကြံပါတယ်။ ဒါပေမဲ့ File size ကို ကြည့်လိုက်တော့ အတော်လေး ကြီးနေတယ်။ မသင်္ကာတာနဲ့ အဲဒီဆော့ဖ်ဝဲလ်ကို ထုတ်လုပ်တဲ့ မူရင်း Website မှာသွားကြည့်လိုက်တော့ size က အဲဒီလောက်မရှိဘူး။ Version က လုံးဝတူတယ်။ Major version ရော minor version နဲ့ build number ပါတူတယ်။ စဉ်းစားစရာပဲနော်။
နောက်တစ်ခုက 4shared က အကြောင်ရိုက်တဲ့ကိစ္စ။ သူ့ဆီကနေ download ဆွဲရင် No virus detected တွေဘာတွေနဲ့
လျှောက်ပြောတယ်ဗျ။
download ဆွဲပြီးလို့ ကိုယ့်စက်မှာ တင်ထားတဲ့ Kaspersky လေးနဲ့ စစ်လိုက်တော့ လားလား Trojan နှစ်ကောင်တောင်တွေ့တယ်။
ဒါကြောင့် စာဖတ်သူတို့လည်း software တွေကို download ဆွဲရင် အဲဒီ software ကိုထုတ်တဲ့ မူရင်း company ရဲ့ website ကနေပဲ ဆွဲပါ။ အကျိုးကျေးဇူးက Virus တွေ၊ Trojan တွေ ပါလာမှာမဟုတ်ဘူး။ ပြီးတော့ download speed ပိုမြန်လိမ့်မယ်။ ပြီးတော့မှ Crack တွေ Keygen တွေကို တခြား site တွေကနေ သက်သက်ရှာကြည့်ပါလို့ တိုက်တွန်းလိုပါတယ်။

@ http://nayzawlin3.blogspot.com

No comments:
Post a Comment