ဘလောက်ဆိုဒ် http://kokogyicyber.blogspot.com

My photo
အမိမြေ အမိနိုင်ငံကိုချစ်မြတ်နိုးသောစိတ်နဲ့  အုပ်တချပ် သဲတပွင့် တပ်သည့် ပညာမနေသာဘဲ မိမိရှိသောဥာဏ်စွမ်းအားနှင့် ဘလောက်ရေးပြီး အကျိုးပြုလျှက်ပါ..ကာယ ဥာဏ စိတ်ဓါတ်မနောသုခနှင့်ကြွယ်ဝပြည့် စုံကြပါစေလို့ ကျနော်အွန်လိုင်းဂေါ်လီKKGမှမြန်မာပြည်သားအပေါင်းဆုတောင်းလိုက်ပါတယ်..
မင်္ဂလာပါ ...ကျနော်..ဂေါ်လီကိုကိုကြီးရေးသားသောဘလောက်စာသားများတို့ တွင် စာဖတ်သူအား ထိခိုက်နစ်နာစေသောစာရေးသား အမှားယွင်းများတွေ့ ရှိပါက ..အနှုးညွတ် ရိုသေစွာတောင်းပန် အပ်ပါတယ်...ခင်မင်လေးစားစွာဖြင့် .. - ------

December 19, 2011

မစင်(အီအီး)ကို ရွှေဖြစ်အောင် ဖိုအထိုးကောင်းလို့ ထောင်ကျသွားတဲ့လူ

ပဒါးသေ တစ်ဆွေဝ၊ သံသေ တစ်ပြည်ဝဆိုတဲ့ စကားပုံလေးကိုလည်းကြားဖူးကြမှာပါ။ ပုဂံပြည်ကြီးမှာ အရှင် ရှင်အဇ္ဇဂေါဏ က ပြဒါးဓာတ်လုံးထိုးတာ မအောင်လို့ စိတ်ပျက်ပြီး နောက်ဆုံး ချေးတွင်းထဲကို ပစ်ချလိုက်တော့မှ ဓာတ်အောင်ကာ ဓာတ်လုံးနဲ့တို့သမျှ ရွှေဖြစ်ပြီး ပုဂံပြည်ကြီးမှာ မုဆိုးမတောင် ဘုရားတည်နိုင်တယ်ဆိုတဲ့ ပုံပြင်ဆန်ဆန် လေးတွေကိုလည်း ကြားဖူးမှာပါ။
ခုတော့ အိုင်ယာလန်နိုင်ငံက အသက် ၃၀ အရွယ်ရှိ ပေါလ်မော်ရန် ဆိုတဲ့ လူကတော့ သဋ္ဌေးဖြစ်မြန်အောင် သူ့ရဲ့ အီအီး(မစင်)တွေကို ရွှေဖြစ်အောင် ဖိုထိုးပါသတဲ့။ ဒါပေမယ့် သူ့ရဲ့ ရွှေရောင်အိပ်မက်ကြီးကတော့ အခု ပြိုကျပျက်စီးခဲ့ရပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့အခန်းမှာ သူ့ရဲ့ အီးတွေကို လျှပ်စစ်မီးဖိုကြီးနဲ့ ရွှေဖြစ်အောင်ထိုးနေတုန်း မီးထလောင်လို့ပါတဲ့။ အဲ့ဒီအတွက် သူ့အခန်းဟာ ဒေါ်လာ ၄၈၀၀ ဖိုးလောက် ပျက်စီးသွားခဲ့ရသလို အခြားသော လူတွေအတွက်လည်း အန္တရာယ်ရှိတဲ့အတွက် သူ့ကို တရားရုံးက ထောင်ဒဏ် ၃ လ ကျခံစေခဲ့ပါတယ်။ ဒီ အပြစ်အပြင် ၁ နှစ်အထိ သူ့ကို စောင့်ကြည်နေဦးမယ်လို့ဆိုပါတယ်။

တရားသူကြီးစီရင်ချက်ချရာမှာတော့ “အမောင်လုလင်၊ အသင်သည် ရွှေဖြစ်အောင် လူ့မစင်ကို ဖိုထိုး အဆိုပါ အကြံမျိုးကိုမှ ကြံရက်လှပေတယ်” လို့ဆိုသွားပါတယ်။ The Belfast Telegraph သတင်းစာအဆိုအရတော့ဒါဟာစိတ်ဝင်စားစရာအဂရိတ်ပညာဖြစ်ပေမယ့်မအောင်မြင်ခဲ့ပါဘူးလို့ဆိုပါသတဲ့။
ပေါလ်ရဲ့ ရှေ့နေကတော့ သူ့တရားခံဟာ ထက်မြက်တဲ့လူတစ်ယောက်ဖြစ်ပေမယ့် မူးယစ်ဆေးဝါ ပြသနာကြောင့် ဒီလိုဖြစ်သွားရတာပါလို့ လျှောက်လွှဲချက်ပေးပါသတဲ့။
သြော်… တော်လိုက်တဲ့ရှေ့နေ တစ်မှု့တရားစွဲလို့ မပြီးသေးဘူး နောက်တစ်မှု့ဆင့်အောင် အချွန်နဲ့ မတတ်ပေတယ်…

 ---------------- ဘလောက်မှမိတ်ဆွတဦး ပေးလို့ လာရာမှထပ်ဆင့် တင်ပြလိုက်ပါတယ်..

No comments: