ဘလောက်ဆိုဒ် http://kokogyicyber.blogspot.com

My photo
အမိမြေ အမိနိုင်ငံကိုချစ်မြတ်နိုးသောစိတ်နဲ့  အုပ်တချပ် သဲတပွင့် တပ်သည့် ပညာမနေသာဘဲ မိမိရှိသောဥာဏ်စွမ်းအားနှင့် ဘလောက်ရေးပြီး အကျိုးပြုလျှက်ပါ..ကာယ ဥာဏ စိတ်ဓါတ်မနောသုခနှင့်ကြွယ်ဝပြည့် စုံကြပါစေလို့ ကျနော်အွန်လိုင်းဂေါ်လီKKGမှမြန်မာပြည်သားအပေါင်းဆုတောင်းလိုက်ပါတယ်..
မင်္ဂလာပါ ...ကျနော်..ဂေါ်လီကိုကိုကြီးရေးသားသောဘလောက်စာသားများတို့ တွင် စာဖတ်သူအား ထိခိုက်နစ်နာစေသောစာရေးသား အမှားယွင်းများတွေ့ ရှိပါက ..အနှုးညွတ် ရိုသေစွာတောင်းပန် အပ်ပါတယ်...ခင်မင်လေးစားစွာဖြင့် .. - ------

December 22, 2011

လေဆာရောင်ခြည်အကြောင်း

လေဆာ ရောင်ခြည် LASER LIGHT BEAM လေဆာ ရောင်ခြည်
 
တေဇောရောင်ခြည် လို့ ဥပမာ(လေဆာ Laser Beam ) လျှို့ဝှက်ဆန်းကြယ် လက်နက်အဖြစ် ဖော်ချင်တာပါ။ အပူဓာတ်အား ရှိတယ်လို့ အလျဉ်းမဖော်ညွှန်းတဲ့ နေရာလွတ် တစ်ခုမှာ နည်းလမ်းတချို့နဲ့ ပြင်းထန်တဲ့ အပူဓာတ်အား ဖြစ်ပွားစေနိုင်မယ်လို့ တွေးဆကြည့်တယ်။ ဒီအပူကို ချိန်ရွယ်ရာ တူရူရှိ ဘယ်လိုအရာဆီကိုမဆို မျဉ်းပြိုင် ရောင်ခြည်တန်းအဖြစ် ထုတ်လွှတ်ထိုးလိုက်ဖို့ပဲ။ ဆိုလိုတာက အမျိုးအစားမသိတဲ့ အရာတွေ ပေါင်းစပ်ထားတဲ့ ကြေးမုံခုံးတွေကို အလင်းရောင်ခြည်တန်း ထုတ်လွှတ်စေမှာ။ တေဇောရောင်ခြည်လက် နက်ကိုရေးတဲ့ မူရင်းတွေးယူချက်ပဲ။

ဆရာကြီး Wells ရဲ့ Heat Ray ကို သူဘယ်လို စတွေးမိတယ်ဆို စကားပါ။ ဆရာကြီးရဲ့ အတွေးဟာ တကယ်ဖြစ်တာနဲ့ မကွာဝေးလှပါ ဘူး။ ယေဘုယျဆိုရင် လေဆာ -Laser ရနိုင်တဲ့ အရာအမျိုးမျိုး ရှိပါတယ်။ လေဆာရနိုင်ဖို့က သတ္တုတစ်ခုကို လျှပ်မှုန်ကျွေးပြီး လျှပ်မှုန်ရဲ့ စွမ်းအင်မူလကို စွမ်းအားရေချိန်မြှင့် တင်ပြီး လျှပ်မှုန်တွေ ကျွေးရပါ တယ်။ ဆရာကြီး Wells မှန်းဆသလို အလင်းတိုက်ရိုက်ထိ ကြေးမုံ က လေဆာထွက်တယ်ဆိုတာမျိုးပါ ပဲ။

လေဆာ အလင်းဟာ လျှပ်စစ်အလင်း၊ နေ့အလင်းနဲ့ မတူပါဘူး။ လေဆာအလင်းမှာ လှိုင်းအလျားတစ်ခု၊ အရောင်တစ်ခုသာ ရှိပါတယ်။ လေဆာအလင်းဟာ အလင်းအားမြင့် ပေါင်းစည်းထားတာပါ။ လေဆာအလင်းဟာ ထုတ်လွှတ်ရာ မူလက ထုတ်လွှတ်တာနဲ့ တစ်ပြိုင်နက် တစ်ဘက်သပ် တစ်ဘက်စုန်လှိုင်းလို ထွက်ပေါ်ပါတယ်။

လေဆာရဲ့ ရူပဗေဒ ဖြစ်စဉ်ဟာ ရှုပ်ထွေးပါတယ်။ ရှုပ်ထွေးနိုင် ကောင်းပါတယ်။ လျှပ်မှုန်တွေနဲ့ အလင်းရဲ့ အတွင်းဝိဘာဝ ဘယ်ပုံ ဖြစ်တယ်ဆိုတာ ဝတ္ထုတစ်ပုဒ်အတိုင်း ဖြစ်ရှိဆဲပါ။ အလင်းမှုန် - Photon တစ်ခုနဲ့ လျှပ်မှုန်တစ်ခု တိုးတိုက်မိတာနဲ့ လျှပ်မှုန်ဟာ စွမ်းအားမြင့် အခြေအနေ၊ အဆင့်ကို ခုန်ကူး ရောက်ရှိသွားတယ်။ စွမ်းအားမြင့် အဆင့်ရောက်ပြီးတဲ့ လျှပ်စစ်မှုန်တွေကို တခြားအလင်းမှုန်က ထိတိုက်ပြန်တဲ့အခါ အလင်းမှုန်နှစ်မှုန်ကို စွမ်းအားမြင့်လျှပ်မှုန်က ထုတ်ပေးပြန်ပါတယ်။ ထွက်လာတဲ့ အလင်းမှုန် နှစ်မှုန်နဲ့ စွမ်းအားမြင့် လျှပ်မှုန်တို့ အတူတကွ လှိုင်းအလျားတူ ဆက်သွားကြ ပြန်ပါတယ်။ အဲသလို ထပ်ပြန်တလဲလဲ တရစပ် သန္တတိအစဉ်ဖြစ်ပြီး အလင်းမှုန်ပေါင်း မရေမတွက်နိုင်တို့ ဟာ ပူးထပ်ပေါင်းဖွဲ့ကာ အလင်းမှုန် တွေ ထုတ်ကြပြန်တယ်။

Theodore Maiman ရဲ့ ပထမ ဦးလေဆာကို လူလုပ်ပတ္တမြားချောင်းက လျှပ်မှုန်တွေ ထုတ်ပါတယ်။ သာမန်ကင်မရာ တစ်လုံးမှာရှိတဲ့ လျှပ်တစ်ပြက်မီးဟာ လျှပ်မှုန်တွေကို စွမ်းအားမြင့် အဆင့်ရောက်အောင် စွမ်းအင်ကို ပိုမြှင့်ထားတာပါ။ လူလုပ်ပတ္တ မြားချောင်းရဲ့ အဆုံးတစ်ဘက်မှာရှိတဲ့ ကြေးမုံက အလင်းပြန်စေပြီး အလင်းကို တိုးလာစေပါတယ်။ ပတ္တမြားချောင်းရဲ့ ဖွင့်ထားတဲ့ ကျန်တစ်ဘက်က လေဆာအလင်း ထွက်လာပါတယ်။ လျှပ်တစ်ပြက်မီးကို စိတ်ကူးခဲ့တဲ့ သိပ္ပံစိတ်ကူး ဟီးရိုး Buck Rogers ရဲ့ လျှပ်တစ်ပြက် မီး လိုမျိုးပါ။

လေဆာကို စတီထွင်တဲ့ ၁၉၆ဝ ခုနှစ်နောက်။ အလျင်အမြန်ဆိုသလို ပဲစက်ရုံ၊ အလုပ်ရုံ၊ စီးပွားရေး လုပ် ငန်းတွေမှာ အလုပ်လုပ်ဖို့ လေဆာ ထားရှိကြပါတော့တယ်။ ဒီနှစ် ၂ဝ၁ဝ ခုနှစ်ဟာ အာကာသကို ခွင်းမယ့်လေ ဆာအလင်းကို တီထွင်ခဲ့တာ နှစ် ၅ဝ ပြည့်တဲ့နှစ်ပါ။ လေဆာကို စတီထွင် ခဲ့သူက Theodore Maiman ဖြစ်ပါ တယ်။

လေဆာတီထွင်ပြီးနောက်နှစ် ၁၉၆၁ ခုနှစ်မှာ လေဆာကို ခွဲစိတ် ကုသရာမှာ အသုံးပြုပါတယ်။ အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့တော် Columbia Presbyterian Hospital (ကိုလံဘီယာခရစ်ယာန် သာသနာ ဆေးရုံ)ကဆရာဝန် Charles Comp-bell နဲ့ Charles Koester တို့ နှစ်ယောက်မျက်စိ ဝေဒနာသည် တစ်ဦးရဲ့ မျက်လုံးထဲက အကြိတ်အဖုကို လေဆာနဲ့ ဖယ်ရှင်းပေးခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ဆေးပညာ သမိုင်းရဲ့ ပထမဦးဆုံး လေဆာအသုံးပြု ကုသမှု ဖြစ်ပါတယ်။ အဲသည် နောက်မှာတော့ ဆရာဝန်တွေဟာ လူ့ခန္ဓာကိုယ်တစ်ရှူး ခွဲစိတ်ကုသမှုတွေမှာ လေဆာကို သုံးလာကြပါတယ်။ မလိုအပ်တဲ့ ထိခိုက်ရမှုတွေ မဖြစ်စေတော့ဘူးပေါ့။

လေဆာကို ကျန်းမာရေးဆိုင်ရာ တခြားအသုံးပြုမှုတွေမှာ ဆေးဝါးကိစ္စ အပါအဝင် စက္ခုအာရုံ ကုသပေးရာ ဆရာဝန်များလဲ သုံးကြပါတယ်။ မျက်စိကု ဆရာဝန်တွေက လေဆာကို Lasik ခွဲစိတ်မှုတွေမှာ အသုံးပြုပါတယ်။ သူငယ်အိမ်မှန်ဘီလူးကို ဖုံးအုပ်ထားတဲ့ မျက်ကြည်လွှာပြုပြင် ခွဲစိတ်ကုသမှုမှာ လေဆာကို သုံးတာပါ။ မျက်လုံးသူငယ်အိမ်ပြုပြင် နိုင်လိုက်တဲ့အတွက် မျက်မှန်၊ မျက်ကပ်မှန် စတာတွေ မသုံးရဘဲ အမြင်အာရုံ ကောင်းလာစေပါတယ်။ တိကျရတဲ့ သိပ္ပံပညာအတွက် လေဆာနဲ့ တိုင်းတာရပါတယ်။ နက္ခတ္တဗေဒ ပညာမှာလဲ လနဲ့ ကမ္ဘာမြေ အကွာအဝေးကို အနီးစပ်ဆုံး စင်တီမီတာ အထိ လေဆာနဲ့ တိုင်းတာနိုင်ပါတယ်။ မြေပုံဆွဲသူတွေ၊ အဆောက် အအုံဆောက်လုပ်သူတွေဟာ လေဆာကို နေ့စဉ်အသုံးပြုကြပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ တိကျတဲ့ ရေချိန်မျဉ်းဖြောင့်တွေနဲ့ ပုံစံဆွဲရာမှာ လေဆာကို သုံးပါတယ်။ နေစွမ်းအင်က စွမ်းအားထုတ်ယူမှု လုပ်ငန်းစဉ်မှာလဲ လေဆာသုံးပါတယ်။ စွမ်းအင် သုတေသန ပညာရှင်တွေက လေဆာနဲ့ Fuse တွေကို တိုးတက် အသုံးပြု လာကြပါတယ်။ အနာဂတ်ကာလမှာ ရှင်းသန့်စွမ်းအင်ကို အတိုင်းမသိနီးနီး လေဆာ Checkout line တွေက ထုတ်ပေးနိုင်မယ်လို့ ပညာရှင်တွေက မျှော်လင့်ထားကြပါ တယ်။

ဒီကမ္ဘာရဲ့ ဆက်သွယ်ရေး လမ်းတွေကို လေဆာက ပြောင်းလဲစေခဲ့ပါပြီ။ မြန်နှုန်းလွန် အင်တာနက် ဆက်သွယ်ရေးကြောင့် ရုပ်ရှင်တွေကို ကမ္ဘာအနှံ့ ချက်ချင်းကြည့်ရပြီ။ သတင်းအချက်အလက်ပေါင်း အမြောက်အမြားကို အလင်းရဲ့အလျင်နဲ့ ပေးပို့နိုင်ပြီ။ ငမောင်တို့ဆီမှာလဲ ဖြစ်လာရမှာပါ။ ငမောင်မြေးမြစ် တွေသုံးနိုင်ကြပါလိမ့်မယ်။ ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ သတ္တုအမျိုးမျိုး ဖြတ်၊ ဆက်ရာလေဆာကို သုံးနေကြတာ နှစ်တွေကြာခဲ့ပါပြီ။ ကျောက်မျက်ရတနာ လုပ်ငန်းမှာလဲ လေဆာ သုံးနေကြတယ်။ အမာဆုံးစိန်ကို တောင်လေဆာနဲ့ လိုသလိုပြုပြင် ပုံ သွင်းနိုင်ပြီ။

၁၉၇၄ ခုနှစ်မှာတော့ လေဆာကို လူထု တိုက်ရိုက်တွေ့ကြုံ ကြရပါတယ်။ ကုန်စုံစတိုးဆိုင်တွေမှာ လေဆာနဲ့ Checkout line တွေ ထားရှိ လုပ်ကိုင်ကြပါတယ်။ လေဆာ Barcode Scanners တွေကဆိုင်ရှိ ကုန်ပစ္စည်းတွေ ဘယ်လိုထားရှိတယ် ဆိုတာ မှတ်တမ်းထားရှိ နိုင်ပါတယ်။ Laser Barcode Scanner ကြောင့် လုပ်ငန်းတွေမှာ ထုတ်လုပ်မှု လမ်းကြောင်းထိန်းသိမ်းရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ ကုန်စည်သို လှောင်၊ ဖြည့်တင်းရေးလုပ်ငန်းးစဉ် အသေးစိတ်တိုင်းကို လေဆာ Barcode နဲ့ မှတ်တမ်းထားနိုင်ပါတယ်။ အာကင်ဆပ်ပြည်နယ်၊ Bentonville မှာရှိ ကမ္ဘာကျော် Wal Mart ကော်ပိုရေးရှင်းက Barcode နည်းပညာ အသုံးပြုရာမှာ ကမ္ဘာမှာ ဘယ်ကုမ္ပဏီမှ တုပမမီအောင် ကျွမ်းကျင်သူတွေ ဆိုပါတယ်။ ၁၉၈၈ ခုနှစ်မှာတော့ ကမ္ဘာအနှံ့ ဖွင့်ထားတဲ့ Wal-Mart စတိုးဆိုင်တိုင်းမှာ Barcode Scanner သုံးနေပြီတဲ့။
Wal Mart  ထုတ်ကုန်ပစ္စည်းတွေ၊ ဒါတွေကို တန်ဖိုးသင့် တွက်ချက်တာ၊ ဘယ်လိုရောင်းချတယ် ဆိုတာတွေကို အင်မတန်ကြီး အသေးစိတ် မှတ်သား နိုင်တာ လေဆာနည်းပညာပါပဲ။ ဒီကနေ့ Wal Mart ဟာ ကမ္ဘာအကြီးဆုံး ကော်ပိုရေးရှင်းကြီး ဖြစ်နေပါပြီ။ နေရာတကာတိုင်းလိုလိုမှာ လေဆာနည်းပညာသုံး ထုတ်ကုန်ပစ္စည်း အမျိုးမျိုးကို တွေ့နိုင်ပါတယ်။ လေဆာပုံနှိပ်ကိရိယာ - Laser Printers တွေဟာ ပုံသဏ္ဌာန်အမျိုးမျိုး၊ ပုံစံ (လျှောက်လွှာ၊ စာရင်းစတာမျိုး) အမျိုးမျိုး၊ စာရွက်စာတမ်း အမျိုးမျိုးကို ကျသင့်ငွေ နည်းနည်းနဲ့ အမြန်ပုံနှိပ် နိုင်ပါတယ်။ Laser Printer ဟာ ကမ္ဘာတစ်ဝန်းရုံးတွေရဲ့ ရုံးသုံးပစ္စည်း ဖြစ်နေပါပြီ။

စာဖတ်သူမှာ CD, DVD ပြစက် - Player ရှိတယ်ဆိုရင် စာဖတ်သူလဲ လေဆာ သုံးသူပါပဲ။ CD, DVD ပြ စက်တွေဟာ လေဆာကို အသုံးပြု ပြီး ပလတ်စတစ်ကတ် အဝိုင်းပြား ပေါ်ဖုံးအုပ်ထားတဲ့ ရုပ်ပုံလွှာ ရောင် ပြန်တွေကို လေဆာနဲ့ ပြတ်ပြတ် သားသား ပြသဖတ်နိုင်၊ ကူးနိုင် (ရေးနိုင်)ပါတယ်။ လေဆာသုံး CD, DVD ပြစက်က ပုံရိပ်ရောင်ပြန် စက္ခု အာရုံဆိုင်ရာ သင်္ကေတ Optical Signals တွေကို ဒစ်ဂျစ်တယ် နည်း ပညာအရ အချက်အလက်တွေ အဖြစ် ပြောင်းပေးလိုက်ပြီးတော့မှ အသံ၊ ရုပ် အဖြစ်လေဆာနဲ့ ဖော်တာပါ။ ကွန်ပျူ တာ Software တို့၊ ရုပ်ရှင်(အစ၊ အဆုံး)တို့ဖြစ်လာပါတယ်။




လွန်ခဲ့တဲ့နှစ် ၁ဝဝ က သိပ္ပံစိတ်ကူး စာရေးဆရာကြီး H. G Wells က အလင်းရောင်ကို စွမ်းအားပြင်း လက်နက်အဖြစ် စိတ်ကူးခဲ့ပါတယ်။ ဒီနေ့ခေတ်မှာ လေဆာပဲ့ထိန်း ဒုံးကျည်တွေ၊ ဗုံးတွေ လုပ်နိုင်ပါပြီ။ ပစ်ခတ်မယ့် ပစ်မှတ်ကို မမြင်နိုင်ပေမယ့် လေဆာနဲ့မှတ်သားပြီး ဒုံးကျည်နဲ့ဗုံးကို ပစ်မှတ်ရှိရာ သွားလမ်းကြောင်း- Track အတိုင်း ပစ်မှတ်ကို မချော်မလွဲပစ် ခတ်တာပါ။ သိပ္ပံစိတ်ကူးဝတ္ထုမှာ စိတ်ကူးပြခဲ့တဲ့ လေဆာစွမ်းအားပြင်း သေနတ်ကို အမေရိကန် လက်နက် ကုမ္ပဏီတွေ လုပ်နေကြပါပြီ။ 
 


No comments: