By ဗွီအိုအေ (မြန်မာဌာန)
ကမ္ဘောဒီးယားနိုင်ငံ
ကမ္ဘောဒီးယားလှပျိုဖြူ
လောင်စာစွမ်းအင်အကြီးအကျယ်လိုအပ်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ အကြီးဆုံးရေကာတာ တခုကို ဖွင့်လှစ်လိုက်ပါပြီ။ ဒီရေကာတာကို တရုတ်နိုင်ငံရဲ့ ငွေကြေးအကူအညီနဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်းတော်တော်များများ ကုန်ကျထားတာပါ။
ဒီရေကာတာ တည်ဆောက်မှုနဲ့ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးသမားတွေက ကန့်ကွက်နေတာပါ။ မနေ့တုန်းကပဲ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကဦးဆောင်ပြီး အဲဒီ ရေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းတွေစတင်ဖို့ ဖွင့်လှစ်ခဲ့တာပါ။ ကမ်ပေါ့ခရိုင်တောင်ပိုင်း၊ ခမ်ချေးမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ အဲဒီရေအားလျှပ်စစ်လုပ်ငန်းကနေ ၁၉၄ မီဂါဝပ် ထုတ်လုပ်ပါလိမ့်မယ်။
ဒါဟာ သမိုင်းတွင်မယ့်ဖြစ်ရပ် တခုပဲဖြစ်ပြီး နိုင်ငံအတွင်း လျှပ်စစ်ကြောင့် ကုန်ကျစရိတ်တွေကို လျှော့နည်း စေလိမ့်မယ်လို့ ၀န်ကြီးချုပ်ဟွန်ဆန်က ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ပြည်သူတွေရဲ့ ၁၅ ရာခိုင်နှုန်းလောက်ကပဲ လျှပ်စစ်ဓာတ်ရနေတာပါ။ ကမ္ဘောဒီးယား အစိုးရက ရေးဆွဲခဲ့တဲ့ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကုန်ကျတဲ့ဒီ စီမံကိန်းကို ပြည်ပအခြေစိုက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးသမားတွေက ကန့်ကွက်ခဲ့တာပါ။
ကိုတရုပ်ကြီးတို့ ကတော့ ----မြန်မာပြည်မှာလည်း မြစ်ဆုံရေကာတာကြီး လုပ်လို့ လည်း မရရော၊
ကမ္ဘောဒီးယားနိုင်ငံ ကိုရောက်သွားပြန်ပြီ---ဒီနိုင်ငံလည်း ဘယ်လောက်တောင်မှ အကြွေးတွေ တရုပ်
အပေါ်မှာရှိနေသလည်းမသိပါဘူး....ဒီခေတ်ကြီးထဲမှာ တရုပ်စီးပွာရေနယ်ချဲ့ ခလေးတွေတောင်မှ
သိနေတယ် မဆန်းတော့ ပါဘူး...စဉ်းမိတယ်..ဒီလောက်တိုးတက်နေတဲ့ ခေတ်ကြီးမှာ မိမိနိုင်ငံရဲ့ 
Resource တွေနဲ့  ရင်းနှီးမြုတ်နှံပြီး မိမိနိုင်ငံရဲ့ အတပ်ပညာ ရှင်တွေနဲ့  စုပေါင်းပြီး လျှပ်စစ် ဓါတ်အား
တီထွင်မထုပ်လုပ်နိုင်တော့ ဘူးလား ကမ္ဘောဒီးယားရယ်...
ကျနော်လို သေးညံ့တဲ့ ဦးဏှောက်နဲ့ ..တွေးမိတယ်..ဒါဟာ နိုင်ငံတခုကို အနုနည်းနဲ့ ထိမ်းချုပ်တဲ့ ဗျုဟာ
တခုပဲလို့ ...တရုပ်ကြီးက2011မှာ ကမ္ဘာကို ဆီမဖြည့် ပဲ...တပါတ်ပါတ်နိုင်တဲ့ တိုက်လေယဉ်တောင်
ထုပ်လုပ်ပျံသန်းပြပြီးပြီ ၊ ဒီလောက်နည်းပညာ တွေတိုးတက်နေတာ မတော်လို့ များတနေ့ တချိန်မှာ တရုပ်ကြီးက..စိတ်ဆိုးပြီးတော့ (တရုပ်လို++++ ကမ်းနီနောင် လူ့ ရှောင့် ရှောင်..နိယာမာ့ ချောင်ဟိုင်း)ဆိုပြီး
ဒီရေကာတာကြီးကို ရော့ ကတ်ဒုံးကျဉ်နဲ့ ပစ်ချိုးပြစ်လိုက်ရင်....
ဂေါ်လီမပါဘူးနော်....သေလို့ မရဘူး ဘလောက်တွေရေးရအုန်းမယ်...






No comments:
Post a Comment