ဆရာတော်ရဟန်းတပါး၏တရားစကားလက်ဆောင်များ
၁=သနားတတ်လွန်ကဲခြင်း၊
၂=အားနာတတ်လွန်းခြင်း၊
၃=လိုခြင်လောဘကြီးလွန်းခြင်း၊
၎=ဗဟုသုတနည်းပါးလွန်းခြင်း၊
၅=ဖြစ်နေသောရောဂါပျောက်ခြင်းလွန်အားကြီးခြင်း၊
၆=လူလိမ်အစည်းရုံးခံရသော၊မိမိရဲ့ လူကိုစိတ်ချယုံကြည်လွန်းအားကြီးခြင်းတို့ ဖြစ်သည်၊
လူ့ ဘဝကိုတန်ဘိုးထားကြပါ
လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကို မသိသောသူလူမိုက်သည်၊
လူ့ ဘဝကိုကာမဂုဏ်အတွက်အသုံးချ၍ အပ္ပါယ်လေးပါးသို့ သွားသည်၊
သိသောသူလူလိမ်မာသည်၊နိပ်ဗန်သို့ သွားသည်၊
ကိုယ်ကျင့် သီလှဆိုတာ ဆင်းရဲသားများရဲ့ အရင်းနှီးတခုပါ
ဥစ္စာစည်းစိမ် ဆင်းရဲလို့ အပ္ပါယ်မကျပါ၊ကိုယ်ကျင့် သီလှဆင်းရဲမှအပ္ပါယ်ကျမည်၊
ကုန်ခြင်းသုံးမျိုးတရားတော်၊
စာဝေနေ ပရိဘောကဝေန ဗျသနေန တယောခရာ၊
တေသံ ပထမခယောဝ ပသတ္ထော ဓမဒဿနာ၊
အနက်မှုကား…
စာဝေန=လှုဒါဏ်းပေးကမ်းစွန့် ကျဲခြင်းတို့ ဖြင့် လည်းကောင်း…
ပရိဘောဝေန=သုံးဆောင်ခံစားခြင်းဖြင့် လည်းကောင်း….
ဗျသနေန=ပျက်စီးခြင်းဖြင့် တို့ လည်းကောင်း…..
ခယာ=ပျက်စီးကုန်ခမ်းခြင်းတို့ သည်….
တယော=သုံးမျိုးသုံးစားရှိပါလေကုန်၏..
တေသံ=ထိုပစ္စည်းကုန်ခြင်းသုံးမျိုးတို့ တွင်..
၁=ပထမခယောဝ-ရှေးဦးအစပထမ မမြင်သော လှုဒါဏ်းပေးကမ်း၍ ကုန်ခြင်း မျိုးကိုသာလျှင်
၂=ဓမ္မဒဿိနာ-တရားမြင် ဘုရားရှင်သည် ….
၃=ပသတ္ထော-ကောင်းစွာ အထပ်ထပ် ချီးမွမ်းတော်မှုအပ်ပါပေသတည်း…
ထို ဆုံးမနာယူတရားတော် လေးများကို ခေတ္တမလေးရှားရောက်
ဗုဒ္ဒပွားများ သာသနာပြု ဆရာတော် ဦးသြဘာသ မှအမှတ်တယ ချီးမြှင့် ပြီး၊
ကျနော် ဂေါ်လီကိုကိုကြီးမှ ဘလောက်မိတ်ဆွေများ အားလုံးအား အွန်လိုင်းမှတဆင့် 
ရေးသားတင်ပြလိုက်ပါတယ်…..
ဆရာတော်ဦးသြဘာသာ ခေတ္တမလေးရှား (ကွမ်တန်းယာယီကျောင်းစံ)
ဖုန်းနံပါတ် ဝ၁၆-၉၉၄ဝ၂၁၅….
No comments:
Post a Comment