ဘလောက်ဆိုဒ် http://kokogyicyber.blogspot.com

My photo
အမိမြေ အမိနိုင်ငံကိုချစ်မြတ်နိုးသောစိတ်နဲ့  အုပ်တချပ် သဲတပွင့် တပ်သည့် ပညာမနေသာဘဲ မိမိရှိသောဥာဏ်စွမ်းအားနှင့် ဘလောက်ရေးပြီး အကျိုးပြုလျှက်ပါ..ကာယ ဥာဏ စိတ်ဓါတ်မနောသုခနှင့်ကြွယ်ဝပြည့် စုံကြပါစေလို့ ကျနော်အွန်လိုင်းဂေါ်လီKKGမှမြန်မာပြည်သားအပေါင်းဆုတောင်းလိုက်ပါတယ်..
မင်္ဂလာပါ ...ကျနော်..ဂေါ်လီကိုကိုကြီးရေးသားသောဘလောက်စာသားများတို့ တွင် စာဖတ်သူအား ထိခိုက်နစ်နာစေသောစာရေးသား အမှားယွင်းများတွေ့ ရှိပါက ..အနှုးညွတ် ရိုသေစွာတောင်းပန် အပ်ပါတယ်...ခင်မင်လေးစားစွာဖြင့် .. - ------

November 17, 2011

အီးမေးပါတ်စ်ဝှက်နှင့် အချက်လက်များခိုးယူနိုင်သည့်  Black Device


Black Device 
ဘလောက်ချစ်သူပေါင်းမင်္ဂလာပါ  တိုးတက်နေတဲ့နည်းပြညာလေးတခု သတိပြုလို့ ဖတ်လိုက်ပါအုန်းနော်


ရရခြင်း နည်းပညာနဲ့ ပက်သက်တဲ့ အရေးကြီးပြီးဆိုရင် ချက်ချင်းပြန်ဝေမျှလိုက်ပါတယ်.တခါတလေကြတော့
ကူးပြီးပေးရတာလဲ မကောင်းသလို..ကိုယ်ကိုတိုင်ဘဲသိသလိုလိုပြန်ပြီးရေးတာလဲ..မကောင်းဘူး.လေ
ဆိုတော့..ရရခြင်း..ဒီလိုမျိုးအရေးကြီးတဲ့ နည်းပညာသတင်းကိုပြန်ဝေမျှလိုက်တာပါ..ဖြစ်နိုင်တယ်.မဖြစ်နိုင်ဘူး
တော့ စာဖတ်သူတွေအနေနဲ့ ချင့်ချိန်ပြီး ဆုံးဖျတ်ပေးကြပါ..ကျွန်တော်တို့အနေနဲ့ ကိုယ့်အာဘော်လေးတွေနဲ့
ကိုယ့်အကြိုက်လေးတွေ ရောတာတွေများမိတက်တဲ့ အခါမှာလဲ နားလည်ပြီး..လိုအပ်တာလေးတွေယူပြီး
မလိုအပ်တာလေးတွေ ထားခဲ့ကြလို့ရပါတယ်....
အရေးကြီးမည်ထင်လို့ Forward mail မှပြန်ဝေမျှလိုက်ပါတယ်။


From Forward mail :
ကွန်ပျူတာ Keyboardတွင် ရိုက်နှိပ်လိုက်သမျှ စာလုံးအားလုံးကို မှတ်သားထားနိုင်သည့် Hardwareတစ်မျိုး ပေါ်ပေါက်နေကြောင်း သိရှိရသည်။ Black Deviceဟု အမည်ပေးထားကြသည့် အဆိုပါ ကိရိယာလေးအား System Casingနှင့် ချိတ်ဆက်ထားသည့် Keyboardကြိုးတွင် ကြားခံတပ်ဆင်ထားရပြီး အမှတ်မထင် ကြည့်ရှုပါက Keyboard Adaptorတစ်ခုနှင့် ပုံစံချင်း ဆင်တူသည်။ ထိုကိရိယာကို ကွန်ပျူတာတွင် ရိုက်နှိပ်လိုက်သမျှ အချက်အလက်များကို ခိုးယူသိမ်းဆည်းထားနိုင်ရန် ရည်ရွယ်ချက်ဖြင့် တီထွင်ထားခြင်းဖြစ်သည်။ စာလုံးတိုင်း၊ အက္ခရာတိုင်းကိုသာမက Email Addressနှင့် Passwordများကိုပါ ခိုးယူသွားနိုင်သဖြင့် Privacyအတွက် အလွန်ကြောက်စရာကောင်းသည့် Deviceတစ်ခုအဖြစ် သတ်မှတ်ရမည်ဖြစ်သည်။

အင်တာနက်ကဖေးများတွင် အဆိုပါကိရိယာငယ်များ တပ်ဆင်ထားမှု ရှိမရှိကို သတိပြုသင့်ပြီး Credit Cardနံပါတ်များ ထည့်သွင်းကာ Onlineဈေးဝယ်စနစ် ထွန်းကားနေသည့် နိုင်ငံကြီးများတွင် ပိုမိုသတိထားရမည့် ကိရိယာလည်းဖြစ်သည်။ ထိုကိရိယာကို တရားဝင် ရောင်းချမှု မပြုသေးသည့်တိုင် လူအများကြားတွင် စတင်ပြန့်နှံ့နေပြီဖြစ်ရာ Onlineအသုံးပြုသူများအနေနှင့် အင်တာနက်ဆိုင်များတွင် မိမိအသုံးပြုမည့် ကွန်ပျူတာမှ Keyboardကေဘယ်လ်ကြိုးကို ဦးစွာစစ်ဆေးသင့်ပါသည်။ ထိုကိရိယာဟု ယူဆရဖွယ်ရှိသော အရာတစ်ခုခု တွေ့ရှိပါက ထိုစက်ကို ရှောင်ရှားသင့်ပြီး မိမိ၏ ကိုယ်ရေးအချက်အလက်များ ခိုးယူခံရမှုမှ ကာကွယ်သင့်ပါသည်။ ထိုကိရိယာလေးအား ဒေါ်လာ(၃၀)မျှ ဈေးနှုန်းသတ်မှတ်ပြီး Onlineရောင်းဝယ်ရေး ၀က်ဘ်ဆိုက် Geekတွင် ရောင်းချနေကြောင်း သတင်းရရှိသည်။
 by mg min on February 10, 2011 at 6:04pm 
ထံမှတဆင့် ကူးယူဝေမျှလိုက်ပါတယ်၊ 

No comments: