ဘလောက်ဆိုဒ် http://kokogyicyber.blogspot.com

My photo
အမိမြေ အမိနိုင်ငံကိုချစ်မြတ်နိုးသောစိတ်နဲ့  အုပ်တချပ် သဲတပွင့် တပ်သည့် ပညာမနေသာဘဲ မိမိရှိသောဥာဏ်စွမ်းအားနှင့် ဘလောက်ရေးပြီး အကျိုးပြုလျှက်ပါ..ကာယ ဥာဏ စိတ်ဓါတ်မနောသုခနှင့်ကြွယ်ဝပြည့် စုံကြပါစေလို့ ကျနော်အွန်လိုင်းဂေါ်လီKKGမှမြန်မာပြည်သားအပေါင်းဆုတောင်းလိုက်ပါတယ်..
မင်္ဂလာပါ ...ကျနော်..ဂေါ်လီကိုကိုကြီးရေးသားသောဘလောက်စာသားများတို့ တွင် စာဖတ်သူအား ထိခိုက်နစ်နာစေသောစာရေးသား အမှားယွင်းများတွေ့ ရှိပါက ..အနှုးညွတ် ရိုသေစွာတောင်းပန် အပ်ပါတယ်...ခင်မင်လေးစားစွာဖြင့် .. - ------

November 13, 2011

လူမှု့ ကိစ္စ..အသက်၁၈နှစ်ပြည့် မှဖတ်ကြပါ

Black Ant ယောက်ျား အားတိုးဆေး 

8 Jun 11, 17:32
Please kindly let me know about Black Ants? Is it good to use for long term? It is Male Enhancement Supplement Pills. Can search at Google!
ပုရွက်ဆိတ်နက် နာမည်နဲ့ ယောက်ျားသုံးဆေးအကြောင်း သိချင်ပါဆယ်။ ကြာရှည်သုံးလို့ ကောင်းပါ့မလား။ (ဂူဂယ်လ်) မှာ ရှာတွေ့နိုင်ပါတယ်။

BLACK-ANT ဆေးကို (ဂူဂယ်) ကနေ ဖတ်လို့ သိတာကိုသာ ဆေးပညာ-ရှုဒေါင့်ကနေ ပြောနိုင်ပါမယ်။ ကျွန်တော့် လူနာထဲမှာတော့ သုံးတာ မရှိသေးပါ။ အိန္ဒိယမှာလဲ ပေါ်ပြူလာ မဖြစ်ပါ။ ဆေးရဲ့မူလက တရုပ်ဖြစ်လို့လဲ ပါမယ်ထင်တယ်။ Traditional Chinese Recipe တရုပ်ရိုးရာဆေးကို Modern Bio-engineering Technology ခေတ်ပေါ် ဇီဝ-အင်ဂျင်နီယာ နည်းပညာနဲ့ ဖေါ်စပ်တယ်လို့ ရေးထားပါတယ်။

ဆေးဖေါ်စပ်တာက ရိုးရာ (ဟာဘယ်လ်) ကလာတာမို့ ခေတ်ပေါ် (ဗိုင်ယာဂရာ) နဲ့ အခြေခံတာ တခြားစီ ဖြစ်ပါတယ်။ Viagra ဆေးက Sildenafil citrate ဖြစ်လို့ ဓါတ်ခွဲခန်းတွေမှာ ထုတ်လို့ရတယ်။

တရုပ်ပြည်မှာတော့ Black Mountain Ant ခေါ်ခဲ့တယ်။ ဆေးကြော်ညာကို နိုင်ငံတကာ ဈေးကွက်တင်တော့ Polyrhachis vicina Roger လို့ ဖေါ်ပြလာတယ်။ မူလတုံးကတော့ Rheumatoid arthritis လေးဘက်နာ (ရူမက်တစ်-အဆစ်နာ)၊ Lumbago/Back pain ခါးနာ၊ Energy levels အားတိုးဆေး၊ Muscle pain after exercise လေ့ကျင့်ခန်း လုပ်ပြီး ကြွက်သားနာတာ နဲ့ Enhance sexual potency လိင်အားတိုးစေဘို့လို့ ဆိုပါတယ်။ နောက်ပိုင်း BLACK ANT ENHANCEMENT အားတိုးဆေး နာမည်နဲ့သာ လူသိများကြမယ် ထင်တယ်။ ခါးနာလို့ အသားနာလို့ ဒီဆေးလိုက်ရှာတာ မဟုတ်လောက်ပါ။

Black Ant ထဲမှာ Formica Sanguinea, Ginseng Hippocampi, Medlar တိုင်းရင်းဆေးတွေနဲ့ Essential Amino Acids, vitamins B1, B2, B12, calcium, iron, and zinc တွေပါတယ်လို့ ပါတယ်။ ဘေးထွက်-ဆိုးကျိုးလဲ မရှိဘူးလို့ ဖတ်ရပါတယ်။ ဆေးတတောင့်ကို ဆက်ဆံတာ မလုပ်ခင် နာရီဝက် ကြိုတင် သောက်ပါ၊ ၂၄ နာရီအတွင်းမှာ ဆေး ထပ်မသောက်ပါနဲ့တဲ့။ Viagra pills 100 mg နဲ့ ညွှန်းတာ လာတူနေတယ်။

တချို့ကလဲ Sex Medicine လို့ တခါထဲ နာမည်တပ်ရောင်းတယ်။ တချို့ကလဲ အာဖရိက ထည့်ရေးထားတယ်။ African Black Ant ဆေးကြော်ညာမှာတော့ Sexual desire လိင်စိတ်များ၊ အားတိုး၊ ကိုယ့်ကိုယ်ကိုယုံကြည်စိတ်များ၊ အနောက်တိုင်းဆေးလို ဘေးထွက်တိုးကျိုးမရှိ စတာတွေရေးထားတယ်။ African Black Ant ကို Viagra Alternative (ဗိုင်ယာဂရာ) အစားထိုးဆေးလို့လဲ ဆိုပါတယ်။ Herbal Viagra လို့လဲ ကင်ပွန်းတပ်တယ်။

နောက်တနေရာမှာ Tibetan herbal male tonic တိဘက် အမျိုးသား အားတိုးဆေးလို့ ဆိုပြန်တယ်။ မတိုင်မီ တနာရီ ကြိုသောက်ပါတဲ့။

အမျိုးသမီးတွေလဲ သောက်ဘို့ ညွှန်းလို့ ကိုယ်ဝန် ၆ လရှိ တယောက်ကနေ ကျမမှာ သိပ်ကောင်းတယ်လို့ ရေးတေယ်။ ကိုယ်တိုင်ရေးတာ ဟုတ်-မဟုတ် မပြောတတ်ပါ။

Dr. တင့်ဆွေ
၉-၆-၂ဝ၁၁
 
Too wet ဒီအချိန်မှာ စိုလွန်းတာ

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၇၅)
8 Jun 11, 03:29
အိမ်ထောင်သက် ၄ နှစ်၊ အမျိုးသားနဲ့ နေတိုင်း အရည် အရမ်းရွဲနေလို့ သူ စိတ်ကျေနပ်မှု မရှိပါ။ အတွင်းပိုင်းမှာ အရည် စိုစိုလေးတွေ အမြဲဖြစ်တာ သဘာဝပါလား။ မိန်းမကိုယ်က အရည်အရမ်းထွက်ပေမဲ့ အိမ်ယာပေါ်မှာ စွန်းလောက်အောင် မဟုတ်ပါ။ အရည် မရွမ်းအောင်များ လုပ်လို့ ရပါသလားရှင့်။

အခုလို မေးရလောက်အောင်အထိ အရည်များတာ သဘာဝတော့ မဟုတ်ပါ။ ဆက်ဆံချိန် မတိုင်ခင်ကစပြီး နှစ်ယောက်လုံး အင်္ဂါတွေမှာ စိုလာတာက ပုံမှန်ပါ။ လိင်အင်္ဂါတွေ သာမကဘဲ အလွယ်မြင်နိုင်တဲ့ ပါးစပ် နုပ်ခမ်းလဲ စိုတယ်။ ကာယကံရှင် ကိုယ်တိုင်ကနေ နုတ်ခမ်းကို စိုစေအောင် လုပ်လာတယ်။ နုတ်ခမ်းနဲ့ လိင်အင်္ဂါစိုတာ အချိုးကျတယ်လို့ ယေဘုယျ ပြောလို့ ရတယ်။ ဒါက မတိုင်မီ အဆင့်မှာ ဖြစ်တယ်။ နုတ်ခမ်းမစိုစေရင် အင်္ဂါစိုတာလဲ နည်းမယ်။

ဆက်ဆံနေချိန်မှာလဲ အင်္ဂါတွေမှာ စိုစွပ်မှု တိုးလာမယ်။ အပြီးသပ်ချိန်ကတော့ အများဆုံး ဖြစ်တယ်။ ဒီလိုဖြစ်တာတွေက (ဖီဇီရော်လော်ဂျစ်ကယ်) မြန်မာ (ပါဠိ) လို ဇီဝကမ္မဗေဒ အပြောင်းအလဲတွေ ဖြစ်တယ်။ ဒီလို ပြောင်းလဲဖြစ်စဉ်ကို စိတ်၊ ရုပ်အင်္ဂါ နဲ့ ဟော်မုန်းတွေကနေ သက်ရောက်စေတယ်။ ဒါ့ကြောင့် တယောက်နဲ့ တယောက်၊ အချိန်နဲ့ တချိန်၊ တရွယ်နဲ့ တရွယ် မတူနိုင်ဘူး။ သာမန် မတူကြတာ ရောဂါမဟုတ်တာတွေသာ ဖြစ်တယ်။

(ဖိုးပလေး) မှာ အချိန်ယူရင်၊ စိတ်ပိုင်းက တက်ကြွမှု ပိုလေလေ စိုစွပ်တာလဲ များလေလေ ဖြစ်မယ်။ ဒါက စိတ်ပိုင်းကြောင့် ဖြစ်လာစေတာ။ ဆက်ဆံနေချိန်မှာလဲ အလားတူဘဲ။ ဒါ့ကြောင့်ဆိုရင် ဒါကို လျော့ပါလေ။

အပြီးသတ်ချိန်မှာ အနည်းအများက ပြင်းအားဘဲ ဆိုပါစို့ ကဲပိုတဲ့အခါ ပိုကဲလိမ့်မယ်။ အရင်တကြိမ်နဲ့ နောက်တကြိမ် နီးရင် နည်းနိုင်တယ်။ ဒါပေမဲ့ အရင်တကြိမ်ကနေ အချိန်ပိုင်းကလေးသာ ခြားပြီး ဆက်တာဆိုရင် အရင်တခါက ရှိနေခဲ့တဲ့ စိုစွပ်မှုနဲ့ ရောနေလို့ ပိုများမယ်။ ကြားထဲအချိန်ရော၊ တကြိမ်နဲ့ နောက်တကြိမ် ကြားမှာပါ ရေဆေးပါ။ အဝတ်သန့်နဲ့ သန့်ပေးပါ။

အမျိုးသမီးတွေ ရာသီလာချိန်မှာ သုံးရတဲ့ Tampon ခေါ်တဲ့ Cotton, Rayon တို့နဲ့ လုပ်ထားတာကို (ဗဂျိုင်းနား) ထဲ ထည့်ထား နိုင်တယ်။ မတိုင်ခင်မှာ ထည့်ထားနိုင်သလို တကြိမ်နဲ့ နောက်တကြိမ် ကြားမှာလဲ သုံးနိုင်တယ်။ သွေး-အရည်တွေကို စုပ်ယူလိမ့်မယ်။ ဆက်ဆံချိန်မှာတော့ ထုတ်လိုက်ရမှာပေါ့။

ရုပ်ပိုင်းထဲကဘဲ နောက်တခုက ဆက်ဆံတဲ့ အနေအထား။ စိုစွပ်မှုများတယ်လို့ သိတဲ့ အနေအထားကနေ ပြောင်းတာကလဲ နည်းလမ်း တခု ဖြစ်နိုင်ပါတယ်။

ရုပ်ပိုင်း။ သိသာတာက အမျိုးသမီးတွေ၊ ရာသီချိန်အရ အပြောင်းအလဲ ရှိကြတယ်။ မေးစရာမလိုအောင် သိသာမှာက သွေးဆုံးချိန်။ (ဗဂျိုင်းနား) ခြောက်သွေ့တယ်လို့ တိုက်ရိုက်ဘာသာပြန်လို့ရတဲ့ အခြေအနေရှိလာမယ်။ ဒီလို ခြောက်နေသူတွေအတွက် Dryness of Vagina ဟိုနေရာမှာ ခြောက်နေတာ စာတပုဒ်ရေးပြီး ဖြစ်တယ်။

ရုပ်ပိုင်းထဲမှာ ပါသေးတာက ရောဂါပိုးဘဲ ခပ်လွယ်လွယ် ပြောကြပါစို့။ မှို၊ ဗက်တီးရီးယား တမျိုးမျိုးဝင်နေရင် အရည်များများ ထွက်မယ်။ ဒါက ဆက်ဆံတာနဲ့ မဆိုင်ဘဲ ထွက်နေတာမျိုး ဖြစ်တယ်။ လိင်ကတဆင့် ကူးစက်ပိုးကို မမေ့ရဘူး။ ပိုးသေဆေး ဆေးပါတ်လည်အောင် သောက်ပါလေ။ Sexually Transmitted Diseases (STDs) လိင်မှတဆင့် ကူးစက်သော ရောဂါများ ရေးထားတာ ရှိပါတယ်။

ဟော်မုန်းရဲ့ သက်ရောက်မှုမှာ သွေးဆုံးရင် ခြောက်တာတော့ လူတိုင်းသိပြီးသာပါ။ ကိုယ်ဝန်တားဆေးတွေကလဲ သက်ရောက်တယ်။ စားဆေးရော ထိုးဆေးပါ ဖြစ်စေနိုင်တယ်။ လက်ရှိသုံးနေတာကနေ တမျိုးပြောင်းနိုင်တယ်။ မသုံးတဲ့လူက သုံးကြည့်နိုင်တယ်။
• Different Methods of Contraception ပဋိသန္ဓေတားနည်းများ
• Contraceptive pills ကိုယ်ဝန်တားဆေးရဲ့ အကောင်း-အဆိုး
• Depo Provera သုံးလခံ ထိုးဆေး

သူများနိုင်ငံတွေမှာ ပွင့်လင်းမှုဆိုတာ လွန်ကျွံသလား မမေးနဲ့။ လူတကာ ဖတ်လို့ရတဲ့ နေရမှာလဲ Excess Vaginal Wetness During Sex ဒီမေးခွန်းမျိုး ရေးကြ၊ မေးကြ၊ ဖြေကြတယ်။ နည်းတွေ ပေးကြတယ်။ ကျွန်တော်လို အခမဲ့ပါဘဲ။ “ယူသော်ရ၏” ဆိုတာထက် “ယူတတ်မှ အမြတ်ရမယ်” လို့ ပြောပါရစေ။

ဆရာဝန် မဟုတ်တာ သေခြာသူတယောက် အကြံပေးတာ စိတ်ဝင်စားဘို့ ကောင်းတာ တွေ့တယ်။ Benedryl ဆေးပြားကို မိနစ် ၂ဝ လောက် ကြိုသောက်ပါတဲ့။ သူ့မှာ လက်တွေ့ သက်သာတယ်တဲ့။ နောက်တယောက်က ဒီဆေးမျိုးက ကောင်တာမှာ အလွယ်ရတာမျိုး၊ ဆရာဝန် ညွှန်တာ မဟုတ်လို့ သတိပေးတယ်။ သူလဲ စေတနာနဲ့ပါ။ ဒီဆေးက (အင်တီဟစ်စ်တမင်း) ဆေးဖြစ်တယ်။ နှာစေး၊ ယားယံ၊ (အလာဂျီ) မှန်သမျှအတွက် ကောင်းပါတယ်။ ဘေးထွက်-ဆိုးကျိုးက အိပ်ချင်စေတယ်။ ဒါ့ကြောင့် ဆက်ဆံချိန်မှာ စိတ်ကို သက်ရောက်ပြီး အရည်ထွက်မှာ နည်းစေတာ မဖြစ်ဘူးလို့ မပြောနိုင်ဘူး။

နောက်တယောက်က သူ့ဆရာဝန်ကို ပြတော့ မိန်မကိုယ်အဝ ဘေးနားမှာရှိတဲ့ အရည်ထွက်တဲ့အိတ် Bartholin glands တွေက သိပ် အလုပ်လုပ်လွန်းတယ်ထင်လို့ (ဂလင်း) တွေကို ဆေးထိုးပြီး အလုပ်သိပ်မလုပ်အောင် ကုပေးတယ်။ ဆရာဝန်-ဝန်ထောက်မင်း ကယ်မှ ထောင်ကျပြောရမယ်။ အဲဒီအမျိုးသမီးမှာ ဆေးကုပြီးနောက် (အော်ဂဇင်) ရဘို့ ခက်သွားသတဲ့။

နောက်တယောက်ကလဲ GP ဆရာဝန်ကို သွားပြတယ်။ မွေးလမ်းက အရည်ကိုယူပြီး ပိုးစစ်တယ်။ ရှိနေကြ-ရှိနေရမဲ့ (ဗက်တီးရီးယား) တွေ များလွန်းနေတယ်ဆိုလို့ ပဋိဇီဝဆေး သောက်ရတယ်။ ပိုးတွေတော့ ကောင်းသွားပါရဲ့၊ အစိုကဲတာ ရှိဆဲပါဘဲတဲ့။

နောက် အသက် ၃ဝ အရွယ် အမျိုးသမီးတယောက်ကတော့ Depo Provera ကို ၁ဝ နှစ်ထိုးထားခဲ့သူ။ စားဆေးကို ပြောင်းလိုက်တယ်။ နှစ်မျိုးလုံးကြောင့် ဘာပြဿနာမှ မဖြစ်ဘူးတဲ့။ ကလေးယူတော့မယ်လို့ ဆေးဖြတ်လိုက်မှ အရည်များတာ လာဖြစ်သတဲ့။

အားလုံးထဲမှာ ဖါသာ-သုတေသန လုပ်သူတဦး ချီးကျူးချင်တယ်။
• Chlamidia ပိုးရှိ-မရှိစစ်ပါ။ (ဒီ ဗက်တီးရီးယားဟာ လိင်ကတဆင့်ကူးစက်ပြီး၊ အဖြူဆင်းရခြင်း အကြောင်းတွေထဲက အများဆုံး။)
• Birth control pill သုံးတာ ပိုသက်သာစေနိုင်တယ်။
• Antihistamine (အင်တီဟစ်စ်တမင်း) ဆေးလဲ အသုံးဝင်နိုင်တယ်။
• Stressing စိတ်တင်းအား လျှော့ချပါ။ ဝါသနာပါရင် ဝိုင်သောက်ပါ။
• Douching with cold water before sex ဆက်ဆံတာ မတိုင်ခင် မွေးလမ်းကို ရေအေးလေးနဲ့ ဆေးကြောပါ။

Dr. တင့်ဆွေ
၈-၆-၂ဝ၁၁
 
Tuesday, June 7, 2011

No comments: