ဘလောက်ဆိုဒ် http://kokogyicyber.blogspot.com

My photo
အမိမြေ အမိနိုင်ငံကိုချစ်မြတ်နိုးသောစိတ်နဲ့  အုပ်တချပ် သဲတပွင့် တပ်သည့် ပညာမနေသာဘဲ မိမိရှိသောဥာဏ်စွမ်းအားနှင့် ဘလောက်ရေးပြီး အကျိုးပြုလျှက်ပါ..ကာယ ဥာဏ စိတ်ဓါတ်မနောသုခနှင့်ကြွယ်ဝပြည့် စုံကြပါစေလို့ ကျနော်အွန်လိုင်းဂေါ်လီKKGမှမြန်မာပြည်သားအပေါင်းဆုတောင်းလိုက်ပါတယ်..
မင်္ဂလာပါ ...ကျနော်..ဂေါ်လီကိုကိုကြီးရေးသားသောဘလောက်စာသားများတို့ တွင် စာဖတ်သူအား ထိခိုက်နစ်နာစေသောစာရေးသား အမှားယွင်းများတွေ့ ရှိပါက ..အနှုးညွတ် ရိုသေစွာတောင်းပန် အပ်ပါတယ်...ခင်မင်လေးစားစွာဖြင့် .. - ------

August 28, 2011

၁ခ-မြန်မာ့ ရိုးရာဆေးမီးတိုများ


နှာစေးခြင်း ရာသီအကူးအပြောင်း အထူးသဖြင့် အေးတဲ့ ရာသီဥတုတွေမှာ အအေးမိခြင်း (Common Cold) ခံစားရပါ တယ်။ အအေး မိခြင်းဟာ အိပ်ရာထဲမှာ တချိန်လုံးလှဲနေရလောက်အောင် မပြင်းထန်ပေမဲ့ နှာခေါင်း ပိတ်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ လို မအီ မသာဖြစ်တဲ့ ဝေဒနာကို ခံစားရပါတယ်။ အအေးမိခြင်းကို အိမ်မှာတင် ရှိတဲ့ ပစ္စည်းတွေနဲ့  ကုသချင်တယ်ဆိုရင်တော့-    သံပုရာရည် (lime juice) ဟာ အအေးမိခြင်းအတွက် အသင့်တော်ဆုံး အိမ်တွင်းဆေး ဖြစ်ပါတယ်။-    ရေတစ်ခွက်စာထဲကို စဉ်းထားတဲ့ ကြက်သွန်ဖြူလေးတွေ ထည့်ပြီး ကြက်သွန်ဖြူ စွပ်ပြုတ် (garlic soup) လုပ်ပြီး သောက်ပါ။ အအေးမိခြင်း တဖြည်းဖြည်း သက်သာ သွားပါလိမ့်မယ်။
-    ချင်းလက်ဖက်ရည် (ginger tea) သောက်ပါ။ ရေနွေးဆူဆူပွက်ပွက်ထဲမှာ ချင်းအလွှာလေးတွေ ထည့်ပြုတ်ပြီး သကြား ခတ်သောက်ပါ။ (ထန်းလျက်ခဲလည်း ထည့်နိုင်ပါတယ်)
-    ငရုတ်ကောင်းနဲ့  သကြားကျိုပြီး သောက်ပါ။ ရေ၈အောင်စကို ကျိုပြီး ဆူလာလျှင် ငရုတ်ကောင်း ၇စေ့ ခန့် ကို ကြိတ်ချေ ပြီး သကြား၃ဇွန်းခန့်  ထည့်ကျိုပါ။ ရေ ၄ပုံ ၁ပုံ ကျန်သည်အထိ ကျိုပြီး ပူနေတုန်း မှာ သောက်ပါ။ သောက်ပြီး ၁၀မိနစ်ခန့်  ကြာသည်အထိ စောင်ပါးပါးလေး ခြုံထားပါ။ နံနက်တစ်ကြိမ်၊ ညအိပ်ခါနီး တစ်ကြိမ် တစ်နေ့  ၂ကြိမ် သောက်ပေးပါ။-    နှာခေါင်းပိတ် သက်သာဖို့  ရေနွေးငွေ့ ကို ရှူပေးပါ။
မနွယ်နီထွေးမှ တဆင့် ကူးယူတင်ပြပါသည်၊ 


 

No comments: