အင်တာနက်ပေါ်မှ ကျော်ခွနည်းများ
April 25, 2011 — Ye Wint Tun
အင်တာနက်ပေါ်မှာ website မျာစွာရှိနေပေမဲ့ ကျွန်တော်တို့ရဲ့ ISP (Internet Service Provider) တွေက အချို့သော website များကို censored လုပ်ပြီး အသုံးပြုခွင့် ပိတ်ပင်ထားကြတတ်ပါတယ်။ ကျွန်တော်တို့အသုံးပြုသူအများစုဟာ Access Denied အလုပ်ခံထားရတဲ့ website တွေကို ဝင်ရောက်လေ့လာချင်တဲ့အခါ ပိတ်ပင်ထားတာတွေကိုကျော်ခွပြီးအသုံးပြုတတ်ဖို့လိုပါတယ်။ ဒါကြောင့် ကျွန်တော်လေ့လာမိတဲ့ကျော်ခွနည်းများကိုပြန်လည်ဝေမျှလိုက်ပါတယ်။
ကျော်ခွနည်း ၁။ ။ web-based proxy အသုံးပြုခြင်း
ဒီနည်းကတော့ အရိုးရှင်းဆုံးကျော်ခွနည်းတစ်ခုပါ။ အပိတ်ခံထားရတဲ့ website တွေကို အခြား website အတွင်းမှာဖွင့်ကြည့်ခြင်းဖြစ်ပါတယ်။
ဒီနည်းက ရိုးရှင်းပေမယ် မကောင်းတဲ့အချက်ကတော့ ၄င်း proxy site မှ မိမိအသုံးပြုတဲ့အချက်အလက်တွေကို ရယူသွားနိုင်တာ ဥပမာ username နှင့် password များ၊ အသုံးပြုသူများချိန်မှာ connection speed ပိုနှေးတာ၊ တခါတရံ ၄င်း proxy website များကိုယ်တိုင်က access denied အလုပ်ခံထားရတတ်တာတို့ဖြစ်သည်။

eg.. SureProxy (HTTPS Server မှာ certificate error ပြတတ်သော်လည်း http ကိုသာ denied လုပ်ခံရသူများအသုံးပြုနိုင်ပါသည်။) 4G Proxy AntiWeb Filter Proxy Top Site
ကျော်ခွနည်း ၂။ ။ client proxy software အသုံးပြုခြင်း
ဒီနည်းကတော့ ကိုယ်အသုံးပြုတဲ့ computer ပေါ်မှာ proxy site နှင့် ချိတ်ဆက်ပေးမယ့် software/ program တခုကို install လုပ်ပြီး (တချို့ program များက install ပြုလုပ်စရာမလိုပါ။) အသုံးပြုရတာဖြစ်ပါတယ်။
တို့ကကျွန်တော်အကြိုက်ဆုံးproxy software များဖြစ်ပါတယ်။
(အသုံးပြုပုံအသေးစိတ်ကို ဆက်လက်ရေးသွားပါမယ်)
(အသုံးပြုပုံအသေးစိတ်ကို ဆက်လက်ရေးသွားပါမယ်)
more: PHProxy ကတော့ software တစ်ခုမဟုတ်ပါဘူး Firefox Addon တစ်ခုဖြစ်ပါတယ်။ ၄င်း ကို install ပြုလုပ်ပြီးပါက Addon Toolbar ပေါ်ရှိ PHProxy ခလုပ်ကို နှိပ်ရုံဖြင့် မိမိလက်ရှိကြည့်နေသောစာမျက်နှာကို Proxy အသုံးပြုပြီးဖွင့်ပေးသွားမှာဖြစ်ပါတယ်။
ကျောခွနည်း ၃။ ။ ကိုယ်ပိုင် proxy server ပြုလုပ်ခြင်း ဆက်လက်တင်ပြသွားပါမည်။
ဆက်လက်ဖက်ရန်
- Browser တစ်ခုချင်းစီတွင် proxy ပြောင်းလဲခြင်း
- Firefox တွင် Proxy အသုံးပြုသူများအတွက် Firefox Add-on များ
- Google Chrome အတွက် Proxy Add-on
- IE နှင့် Proxy software များ
- Internet cafe အသုံးပြုသူများအတွက် Portable Applications များ

No comments:
Post a Comment