ဘလောက်ဆိုဒ် http://kokogyicyber.blogspot.com

My photo
အမိမြေ အမိနိုင်ငံကိုချစ်မြတ်နိုးသောစိတ်နဲ့  အုပ်တချပ် သဲတပွင့် တပ်သည့် ပညာမနေသာဘဲ မိမိရှိသောဥာဏ်စွမ်းအားနှင့် ဘလောက်ရေးပြီး အကျိုးပြုလျှက်ပါ..ကာယ ဥာဏ စိတ်ဓါတ်မနောသုခနှင့်ကြွယ်ဝပြည့် စုံကြပါစေလို့ ကျနော်အွန်လိုင်းဂေါ်လီKKGမှမြန်မာပြည်သားအပေါင်းဆုတောင်းလိုက်ပါတယ်..
မင်္ဂလာပါ ...ကျနော်..ဂေါ်လီကိုကိုကြီးရေးသားသောဘလောက်စာသားများတို့ တွင် စာဖတ်သူအား ထိခိုက်နစ်နာစေသောစာရေးသား အမှားယွင်းများတွေ့ ရှိပါက ..အနှုးညွတ် ရိုသေစွာတောင်းပန် အပ်ပါတယ်...ခင်မင်လေးစားစွာဖြင့် .. - ------

August 02, 2011

လူတိုင်းသိသင့် သော နေစကြ၀ဠာရဲ့ သိပ္ပံဗဟုသုတ

သိပ္ပံ နဲ့ နည်းပညာ RSS Feed
 သောကြာ, 24 ဇွန် 2011
အာကာသထဲက သံလိုက်အမြှုပ်များ
By ဇော်ဝင်းလှိုင်
နေစကြ၀ဠာရဲ့ ပြင်ပဟာ ရှင်းလင်းချောမွေ့နေခြင်း မရှိဘဲ သံလိုက်ရေမြှုပ်ကြီးတွေနဲ့ ပြည့်နှက်နေတယ် ဆိုတာကို အာကာသထဲ ပျံသန်းနေတဲ့ Voyager ဂြိုဟ်တု ၂ လုံးက မကြာသေးခင်က ပေးပို့လိုက်တဲ့ အချက် အလက်တွေအရ သိရှိခဲ့ပါတယ်။ နေကဖြာထွက်နေတဲ့ သံလိုက်ဓာတ်တွေနဲ့ တခြား Galaxy ကြယ်စုတွေကနေ လွင့်စင်ထွက်လာနေတဲ့ သံလိုက်ဓာတ်တွေ ပေါင်းစပ်မိရာက ဒီ သံလိုက် ရေမြှုပ်ကြီးတွေ ဖြစ်ပေါ်လာတာလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ကမ္ဘာ့ဆွဲအားရှိတဲ့ ကမ္ဘာပေါ်မှာ လူတွေ၊ ပစ္စည်းတွေ၊ ဒြပ်ဝတ္ထုတွေအားလုံး တည်ရှိနေကြတာပါ။ နေဟာလည်း ရုပ်ဝတ္ထုပစ္စည်းတခုဖြစ်တဲ့အတွက် သူ့မှာလည်း ဆွဲအားရှိပါတယ်။ အဲဒီလို နေစကြ၀ဠာအပြင် ဂြိုဟ်တွေ၊ လတွေ ရှိတဲ့နေရာတွေမှာ တခုနဲ့တခု ရုပ်ဝတ္ထုတွေရဲ့  ဆွဲငင်အားတွေကြောင့် သူ့နေရာနဲ့သူ တည်နေကြတယ် လို့ ဆိုပါတယ်။

စကြာဝဠာရဲ့ တချို့နေရာတွေမှာ ဒြပ်ဝတ္ထုတွေရဲ့ ဆွဲအားကြောင့်မဟုတ်ဘဲ သံလိုက်တွေရဲ့ ဆွဲငင်အား၊ သံလိုက်သတ္တိကြောင့် တနေရာနဲ့ တနေရာမှာ ရုပ်ဝတ္ထုတွေ တည်နေလို့ ရနိုင်တယ်၊ တည်လည်းတည်နေ ကြတယ်ဆိုတာကို အခု သိပ္ပံပညာရှင်တွေက ခန့်မှန်း ပြောဆိုလာနေကြပါပြီ။
ဇူလိုင်လ.voa သိပ္ပံနှင့် နည်းပညာမှကုးယူဖေါ်ပြပါသည်

No comments: