ဘလောက်ဆိုဒ် http://kokogyicyber.blogspot.com

My photo
အမိမြေ အမိနိုင်ငံကိုချစ်မြတ်နိုးသောစိတ်နဲ့  အုပ်တချပ် သဲတပွင့် တပ်သည့် ပညာမနေသာဘဲ မိမိရှိသောဥာဏ်စွမ်းအားနှင့် ဘလောက်ရေးပြီး အကျိုးပြုလျှက်ပါ..ကာယ ဥာဏ စိတ်ဓါတ်မနောသုခနှင့်ကြွယ်ဝပြည့် စုံကြပါစေလို့ ကျနော်အွန်လိုင်းဂေါ်လီKKGမှမြန်မာပြည်သားအပေါင်းဆုတောင်းလိုက်ပါတယ်..
မင်္ဂလာပါ ...ကျနော်..ဂေါ်လီကိုကိုကြီးရေးသားသောဘလောက်စာသားများတို့ တွင် စာဖတ်သူအား ထိခိုက်နစ်နာစေသောစာရေးသား အမှားယွင်းများတွေ့ ရှိပါက ..အနှုးညွတ် ရိုသေစွာတောင်းပန် အပ်ပါတယ်...ခင်မင်လေးစားစွာဖြင့် .. - ------

August 28, 2011

၁ဂ-မြန်မာ့ ရိုးရာဆေးမီးတိုများ


သုက်ဓာတ်ပျက်စီးတဲ့ ဝေဒနာရှင် အမျိုးသားတွေကို ကြည့်ရင် အသားအရေ ဖြူရော်ရော်နဲ့ ပိန်ချုံး နေတတ် တယ်။ လမ်းလျှာက်ရင် ဖြည်းဖြည်းပဲ လျှောက်နိုင်တော့တယ်။ သူတို့ကို သေသေချာချာ သတိထားကြည့်လျှင် ခါးပါ နည်းနည်း ကုန်းနေသယောင်ယောင် ရှိတယ်။ အဲဒီလို ဝေဒနာရှင်တွေဟာ မျက်ကွင်းများ ကျနေတတ် တယ်။ အစားအသာက်ကိုပါ မစားချင် မသောက်ချင်နဲ့ မကြာမကြာခွေနေတတ်တယ်။ ပြီးတော့ ရေမချိုချင်ဘဲ ရေမြင်ရင် ကြက်သီးထတတ်တယ်။ တချို့ဆိုရင် မိုးခြိမ်းသံကြားလိုက်တာနဲ့ အလိုလိုနေရင်း စောင်ခြုံချင်စိတ် ပေါက်လာတတ်တယ်။ အဲဒါကိုပဲ တချို့က ဒူလာ-လို့ ခေါ်ကြသေးတယ်။ အဲဒီလို ဝေဒနာရှင်မျိုးကို သုက်ဓာတ်ပျက်စီးတယ်လို့ ခေါ်တယ်။ နောက်ထပ်လက္ခဏာတချို့ကား
မနက်စောစော အိပ်ရာထခါနီးအချိန်မှာ ယောက်ျားအင်္ဂါ တင်းတတ်တယ်။ အားရှိလို့ တင်းတာတော့ မဟုတ် ဘူး၊ ကြာကြာလည်း မတင်းဘူး၊ အဲဒီအချိန်မှာ ကျိချွဲချွဲ အရည်ကြည်တွေ ကျဆင်းလာတတ်တယ်။ အဲဒါကိုပဲ တချို့ ဆရာကြီးတွေက သုက်ဓာတ် ခန်းခြောက်တယ်လို့လည်း ခေါ်သေးတယ်။
သစ်ပင်တွေကို ကြည့်ပါ။ သစ်ပင်တစ်ပင်ရဲ့ ရေသောက်မြစ် ခန်းခြောက်လာရင် တဖြည်းဖြည်းနဲ့ အရွက်နု၊ အရွက်ရင့်၊ အကိုင်းသေး၊ အကိုင်းကြီး၊ ပင်စည်ပါ တဖြည်းဖြည်း ခြောက်သွေ့လာတယ်။ လူတွေမှာလည်း အဲဒီ သဘောအတိုင်းပဲ။ ဒါပေမယ့် လူတထောင်မှာ တယောက်တော့ ဖြစ်ခဲတယ်။ အဲဒါကြောင့်မို့ ဆေးနည်းကောင်း တစ်လက်ကို ပြောပြချင်တယ်။
ခရာပင် ဆိုတာ ရှိတယ်။
ခရာပင်ဆိုတာ ပင်လယ်ကမ်းစပ်နားမှာ ပေါက်တတ်တယ်။ ပြီးတော့ ချောင်းရိုး၊ မြောင်းရိုး ဘေးတွေမှာလည်း ပေါက်တတ်တယ်။ အရွက်မှာ ဆူးချွန်လေးတွေ ရှိတယ်။ အဲဒီ
ခရာပင် ပဉ္စငါးပါးကို ၁၅-ကျပ်သားလောက်ကို ရေစင်အောင် ဆေးကြောပြီး (ရေငန်ဓာတ် ကုန်သည်အထိ ဆေးရမယ်) ပြီးတော့ ဓားနဲ့နုပ်နုပ်စဉ်းရမယ်။ မြေအိုးထဲ ထည့်ပြီး ရေသင့်တော်ရုံနဲ့ ထက်ဝက် ကျန်အောင် ကျိုရမယ်။ ကျိုခါနီးမှာ စမုံမျိုး ငါးပါး ကို လေးပဲ သားစီလောက်ကို နည်းနည်း ထောင်းထည့်ရမယ်။ ကျိုပြီးရေကို အအေးခံပြီး ပိတ်ပါးပါးနဲ့ စစ်ယူရမယ်။ တခါ သောက်ရင် ကြက်ဥပန်းကန်နဲ့ တလုံးစာလောက်ပဲ၊ အဲဒီထဲမှာ ဒိုဘာလာ သကြားတုံးကို ကြိတ်ပြီး ကော်ဖီ ဇွန်း နဲ့ တဇွန်းစာလောက် ထည့်မွှေပြီး သောက်ရမယ်။ မနက်တကြိမ် ညတကြိမ်တော့ ပုံမှန် သောက်ပေးရမယ်။ အဲလိုပုံမှန်သောက်ပေးရင် အမျိုးသားတွေမှာ တခါ တရံ သုက်ဓာတ်ခန်းတဲ့ ဝေဒနာဟာ သက်သာပျောက်ကင်းပြီး မကြာခင် နုပျိုလန်းဆန်းလာပါလိမ့်မယ်။

ကျနော် ဂေါ်လီကိုကိုကြီးအွန်လိုင်းမှ ရှာဖွေကူးယူတင်ပြပါသည်၊



No comments: