ဘလောက်ဆိုဒ် http://kokogyicyber.blogspot.com

My photo
အမိမြေ အမိနိုင်ငံကိုချစ်မြတ်နိုးသောစိတ်နဲ့  အုပ်တချပ် သဲတပွင့် တပ်သည့် ပညာမနေသာဘဲ မိမိရှိသောဥာဏ်စွမ်းအားနှင့် ဘလောက်ရေးပြီး အကျိုးပြုလျှက်ပါ..ကာယ ဥာဏ စိတ်ဓါတ်မနောသုခနှင့်ကြွယ်ဝပြည့် စုံကြပါစေလို့ ကျနော်အွန်လိုင်းဂေါ်လီKKGမှမြန်မာပြည်သားအပေါင်းဆုတောင်းလိုက်ပါတယ်..
မင်္ဂလာပါ ...ကျနော်..ဂေါ်လီကိုကိုကြီးရေးသားသောဘလောက်စာသားများတို့ တွင် စာဖတ်သူအား ထိခိုက်နစ်နာစေသောစာရေးသား အမှားယွင်းများတွေ့ ရှိပါက ..အနှုးညွတ် ရိုသေစွာတောင်းပန် အပ်ပါတယ်...ခင်မင်လေးစားစွာဖြင့် .. - ------

August 29, 2011

မြန်မာပြည် ၀က်ဘ်ဆိုက်တချို့ ကြည့်ခွင့်ရ


တနင်္လာ, 29 သြဂုတ် 2011

ပြည်တွင်းမှ ပိတ်ထားသည့် ၀က်ဘ်ဆိုက်တချို့ ကြည့်ခွင့်ရ

အင်တာနက် လွတ်လပ်ခွင့်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ပြည်ပသတင်းဌာန တချို့ရဲ့ အင်တာနက် စာမျက်နှာတွေ အပါအ၀င် ဘလော့ဂ်တချို့ကို တိုက်ရိုက်ကြည့်ရှုလို့ ရလာပါတယ်။ အရင်တုန်းက Proxy Server ခံပြီးမှ ကြည့်လို့ရခဲ့တဲ့ ဒီအင်တာနက် စာမျက်နှာတွေကို ဘယ်လိုအကြောင်းကြောင့် အခု တိုက်ရိုက် ကြည့်လို့ရနေတယ် ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ပြည်တွင်းက အင်တာနက် သတင်းဖတ်သူတွေနဲ့ ပြည်ပ မီဒီယာသမားတွေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
ပြည်ပသတင်းဌာနတွေရဲ့ အင်တာနက် စာမျက်နှာတွေ၊ ဘလော့ဂ်တွေနဲ့ နိုင်ငံခြား သတင်းစာတွေ၊ ရုပ်သံလှိုင်းတွေကို တိုက်ရိုက်ကြည့်လို့ မရအောင် ပိတ်ထားတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး မီဒီယာတချို့ရဲ့ အင်တာနက် စာမျက်နှာကို ကြားခံ Proxy မလိုဘဲ တိုက်ရိုက် ကြည့်လာနိုင်တာ ဖြစ်ပါတယ်။
ပြည်ပမီဒီယာတွေရဲ့ အင်တာနက် စာမျက်နှာကို ကြည့်နေကျ ပြည်တွင်းက NGO ၀န်ထမ်းတယောက်က ပြောင်းလဲလာမှုအပေါ် အခုလို ပြောပါတယ်။
“ဟုတ်ပါတယ်ဗျ၊ ကျနော်တို့ အရင်တုန်းကဆို Proxy နဲ့ ခံပြီးတော့မှာ ကြည့်လို့ရတဲ့ ၀က်ဘ်ဆိုက်တွေဖြစ်တဲ့ ဧရာဝတီတို့၊ မဇ္စျိမတို့၊ နေ့သစ်တို့ကို ဒီနေ့မှာ တိုက်ရိုက်ကြည့်လို့ ရပါတယ်။ နောက် ဒေါက်တာလွဏ်းဆွေလည်း တိုက်ရိုက်ကြည့်ရတာ ရနေပါတယ်။ ဒါပေမဲ့ တချို့ဟာတွေ မရသေးဘူးဗျ။ ဥပမာ ဗွီအိုအေတို့၊ ဒီဗွီဘီတို့။
“ကျနော်တို့ မြင်တာတော့ သတင်းမီဒီယာတွေကို သမ္မတကြီး ပြောတဲ့ နောက်ပိုင်းမှာ ဒီလိုဟာမျိုး တွေ့ရတဲ့ အခါကျတော့ ဒါ တုံ့ပြန်အလားအလာကို ဦးတည်နေတယ်လို့တော့ ယူဆပါတယ်။ ဒီမိုကရေစီ တိုင်းပြည်တွေမှာ ဒါမျိုးတွေ လျှော့တဲ့အခါကျတော့ လွတ်လွတ်လပ်လပ် ကြည့်လို့ရတာ ပိုကောင်းလာတယ်ဗျ။”
မကြာသေးခင်ကလည်း သမ္မတ ဦးသိန်းစိန်က စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ် ပြုရမှာဖြစ်ပြီး ရေးသား ပြောဆိုမှုတွေကို အစိုးရက အလေးထားသွားမယ်လို့ ဆိုပါတယ်။
ဧရာဝတီ သတင်းဌာန အယ်ဒီတာ ကိုကျော်စွာမိုးကတော့ အစိုးရသစ်ရဲ့ မီဒီယာအပေါ် ချဉ်းကပ်မှုကို အခုလို မြင်ပါတယ်။
“သေချာ ကျနော်တို့ ဘာမှ ပြောလို့တော့ မရသေးဘူး။ ပေါ်လစီ ပြောင်းလို့ပဲ ဖွင့်ပေးတာလားဆိုတာ။ ဒါပေမဲ့ ကျနော်ထင်တယ်၊ လက်ရှိအစိုးရ အနေနဲ့တော့ သေသေချာချာ နိုင်ငံရေးအရရော၊ အပြည်ပြည်ဆိုင်ရာကရော အပြောင်းအလဲတွေ လုပ်နေတယ်ဆိုတာ မြင်စေချင်တယ်ဆိုရင် မီဒီယာကလည်း တကယ် အရေးကြီးတဲ့ ကဏ္ဍတခုဆိုတော့ သူတို့ ဖွင့်ကို ဖွင့်ပေးရမှာပေါ့လေ။
“အဲဒီအတွက် သူတို့ သွေးတိုးစမ်းနေလားတော့ မသိဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းကလည်း ဘီဘီစီတို့၊ ဘာတို့တွေကို သတင်းစာက ပုတ်ခတ်ရေးသားတာ၊ ပုံမှန်ထည့်တဲ့ဟာတွေ မထည့်တော့ဘူးလေ။ ဒါကလည်း အကြီးကြီးတော့ မဟုတ်ဘူး။ ဒါပေမဲ့ အနည်းနဲ့အများ သေးသေးလေး ပြောင်းလဲမှု တခုလို့တော့ ပြောလို့ရတယ်။ သူတို့ဘက်ကနေပြီးတော့ တခြား အရင်အစိုးရနဲ့ မတူတဲ့ လုပ်ဆောင်မှု တခုလို့တော့ ပြောလို့ရတယ်။”
ဘလော့ဂ်ဂါ ဒေါက်တာလွဏ်းဆွေကတော့ အခုလို ဖွင့်ပေးတာဟာ အစိုးရ ထိန်းချုပ်တဲ့ အင်တာနက် ဆာဗာတွေ နည်းပညာ အမှားအယွင်းကြောင့် ဖြစ်နိုင်သလို အမှန်တကယ် မီဒီယာ လွတ်လပ်ခွင့် ပေးမယ်ဆိုရင်လည်း စာပေစိစစ်ရေး ပေါ်လစီကို ဖျက်သိမ်းသင့်တယ်လို့ ပြောပါတယ်။
“အပြောင်းအလဲ ပြောရအောင်ကျတော့ ဒီလိုမျိုး အနေအထားတွေက တခါခါလည်း ပြည်တွင်းမှာ ဖြစ်တတ်တယ်လို့ ပြောတာပဲ။ တခါတရံလည်း ကျနော်တို့ ဘလော့ဂ်တွေကို ၂ ရက်တန်သည်၊ ၃ ရက်တန်သည် ဖွင့်လို့ရတာတွေ ရှိရှိနေတော့ သူတို့ နည်းပညာပိုင်းမှာ အမှားအယွင်းရှိလို့များ လွတ်နေတာလားပေါ့နော်။ သူတို့ဘက်က လျှော့ပေးချင်ရင်တော့ ဒီတမျိုးတည်း မဟုတ်ဘူးလေ။ မီဒီယာ လွတ်လပ်ခွင့်ဆိုတာ အများကြီးပဲ။
“ဖြစ်နိုင်ရင် မီဒီယာ လွတ်လပ်ခွင့် ပေးချင်ရင်တော့ ပြည်တွင်းမှာရှိတဲ့ စာပေစိစစ်ရေးရုံးက ထားကို မထားသင့်တော့တာဗျ။ ကျနော်တို့ ဘလော့ဂ်လေးကို ကြည့်လို့ရရုံလောက်နဲ့ မီဒီယာ လွတ်လပ်ခွင့် ပေးတယ်လို့ ပြောလို့မရဘူး။ ဘာလို့ဆိုတော့ သူတို့က အထဲမှာ လုပ်ချင်သလို လုပ်နေကြတာပဲလေ။ ဒီနေ့ကြည့်လို့ရရုံနဲ့ မနက်ဖြန် ကြည့်လို့ရချင်မှရမှာ၊ ကျိန်းသေပေါက် ပြောလို့မရသေးဘူး။”
မြန်မာနိုင်ငံရဲ့ အဓိက အင်တာနက် ဆာဗာတွေက အစိုးရ ထိန်းချုပ်ထားတဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ရတနာပုံ တယ်လီပေါ့တို့ ဖြစ်ကြပါတယ်။ ရတနာပုံ တယ်လီပေါ့ဟာ ပြည်ပသတင်းဌာနတွေရဲ့ အင်တာနက် စာမျက်နှာတွေ၊ ဘလော့ဂ်တွေနဲ့ နိုင်ငံခြား သတင်းစာတွေကို အလွယ်တကူ ကြည့်လို့မရအောင် ပိတ်ထားတယ်လို့လည်း အင်တာနက် လွတ်လပ်ခွင့်ကို စောင့်ကြည့်နေတဲ့ အမေရိကန် အခြေစိုက် Freedom House အဖွဲ့က ဆိုပါတယ်။
မြန်မာနိုင်ငံဟာ အီရန်ပြီးရင် အင်တာနက် လွတ်လပ်ခွင့်ကို အဆိုးဆုံး ထိန်းချုပ်ထားတဲ့နိုင်ငံ ဖြစ်တယ်လို့လည်း ဒီနှစ် ဧပြီလက ထုတ်ပြန်ခဲ့တဲ့ Freedom House အဖွဲ့ရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ စာရင်းအရ ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းထိ အင်တာနက် သုံးစွဲသူ ၄၀၀,၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။
 ဗွီအိုအေ အွန်လိုင်းမှကျနော် ဂေါ်လီကိုကို အပိုအလိုမရှိ တိုက်ရိုက်ကူးယူတင်ပြပါသည် 

August 28, 2011

၁ဃ-မြန်မာ့ရိုးရာဆေးမီးတိုများ




ဆံပင်မပေါက်၍ ထိပ်ပြောင်နေသူများ နေရာကွက်၍ ဆံပင်မပေါက်သူများ ရှိခဲ့ပါလျှင် ဒီနည်းလေးကို သုံးကြည့်ကြပါ။
ဆေးနည်းမှာ
ပထမ ငှက်ပျောတစ်ပင်၏ ပင်စည်(၁)ပေ အမြင့်လောက်တွင် ဓါးနှင့် အနာဖြစ်အောင်ထိုးလိုက်ပါ။ ထိုအနာ ထဲသို့ စတီးဇွန်းကို မှောက်ခုံထည့်လိုက်ပါ။ အနာမှတစ်ဆင့် စတီးဇွန်း တစ်လျှောက် ငှက်ပျောရည်များ တစ်စက် တစ်စက် ကျလာမည်။

ထိုအစက်အောက်မှ ဖန်ခွက် ဖြစ်စေ၊ ပုလင်းဖြစ်စေ ခံထားရပါမည်။ (၅)ကျပ်သားခန့်ရလျှင် တစ်နေ့တာ အသုံးပြုရန် လုံလောက်ပါသည်။ ဆံပင်မပေါက်သည် နေရာအား အကြိမ်ကြိမ် ခြောက်တိုင်း လိမ်းပေး ရပါမည်။

အနည်းဆုံး (၁၀)ရက်ခန့် လိမ်းပေးလျှင် မပေါက်သောနေရာမှ ဆံပင်များ ပြန်၍ ထွက်လာပါလိမ့်မည်။ လက်တွေ့ စမ်းသပ်ခြင်းဖြင့် မှန်မမှန် သိနိုင်ပါသည်။
ဆံပင်ကျွတ်ပျောက်ဆေးနည်း
သလဲရွက်ကို ရေနှင့်ကြိတ်၍ သတ္တုရည်ကို တစ်နေ့ နှစ်ကြိမ် လိမ်းပေးပါမူ ဆံပင်ကျွတ်ခြင်း ပျောက်ကင်း စေပါသည်။ ဆံပင်ပေါက်ဆေးနည်းသံပရာစေ့ကို ရေနှင့် ကြိတ်ပြီး နေ့စဉ် လိမ်းပေးပါက ဆံပင် ပြန်ပေါက် စေပါသည်။
ဆံပင်နက်ဆေးနည်း
(၁) တမာဆီကို နေ့စဉ် လိမ်းပေးခြင်းအားဖြင့် ဆံပင်များပြန်၍ နက်ပြီး ချောမွတ်စေပါသည်။
(၂) မန်ကျည်းသီး အဆံကို သွေး၍ ဦးခေါင်းရှိ ဆံပင်အားလုံးကို လိမ်းပါ။
(၃) မယားကြီးရွက်၊ပဲရွက်၊ ပေါက်ပန်းဖြူရွက် ၎င်းသုံးမျိုးကို ကြိတ်၍ နှမ်းဆီနှင့် ဖျော်လိမ်းပေးပါ။
(၄) သူငယ်စား ငှက်ပျောကို ပျားရည်နှင့် တစ်နှစ်စိမ်ပြီးစားပါ။
(၅) ပွေးကိုင်းရွက်၊ ကြိတ်မှန်ရွက် ၎င်းဆေးနှစ်ပါးကို ကြိတ်၍ အရည်ကို သောက်ပေးပါ။
(၆) မန်ကျည်းသီး ငါးကျပ်သား ၊ ဆား ငါးကျပ်သား ၊ ပွေးကိုင်းရွက် ငါးကျပ်သား၊သကြားတစ်ဆယ် ကျပ်သား၊ ပျားရည် တစ်ဆယ်ကျပ်သား ၎င်းဆေးငါးပါးရော၍ စားပါ။
ထိုနည်းကလေးကို ဘလောက်ဝါသနာရှင် မနွယ်နီထွေးမှ အွန်လိုင်းပေါ်မှတဆင့်  ကူးယူတင်ပြပါသည်၊

၁ဂ-မြန်မာ့ ရိုးရာဆေးမီးတိုများ


သုက်ဓာတ်ပျက်စီးတဲ့ ဝေဒနာရှင် အမျိုးသားတွေကို ကြည့်ရင် အသားအရေ ဖြူရော်ရော်နဲ့ ပိန်ချုံး နေတတ် တယ်။ လမ်းလျှာက်ရင် ဖြည်းဖြည်းပဲ လျှောက်နိုင်တော့တယ်။ သူတို့ကို သေသေချာချာ သတိထားကြည့်လျှင် ခါးပါ နည်းနည်း ကုန်းနေသယောင်ယောင် ရှိတယ်။ အဲဒီလို ဝေဒနာရှင်တွေဟာ မျက်ကွင်းများ ကျနေတတ် တယ်။ အစားအသာက်ကိုပါ မစားချင် မသောက်ချင်နဲ့ မကြာမကြာခွေနေတတ်တယ်။ ပြီးတော့ ရေမချိုချင်ဘဲ ရေမြင်ရင် ကြက်သီးထတတ်တယ်။ တချို့ဆိုရင် မိုးခြိမ်းသံကြားလိုက်တာနဲ့ အလိုလိုနေရင်း စောင်ခြုံချင်စိတ် ပေါက်လာတတ်တယ်။ အဲဒါကိုပဲ တချို့က ဒူလာ-လို့ ခေါ်ကြသေးတယ်။ အဲဒီလို ဝေဒနာရှင်မျိုးကို သုက်ဓာတ်ပျက်စီးတယ်လို့ ခေါ်တယ်။ နောက်ထပ်လက္ခဏာတချို့ကား
မနက်စောစော အိပ်ရာထခါနီးအချိန်မှာ ယောက်ျားအင်္ဂါ တင်းတတ်တယ်။ အားရှိလို့ တင်းတာတော့ မဟုတ် ဘူး၊ ကြာကြာလည်း မတင်းဘူး၊ အဲဒီအချိန်မှာ ကျိချွဲချွဲ အရည်ကြည်တွေ ကျဆင်းလာတတ်တယ်။ အဲဒါကိုပဲ တချို့ ဆရာကြီးတွေက သုက်ဓာတ် ခန်းခြောက်တယ်လို့လည်း ခေါ်သေးတယ်။
သစ်ပင်တွေကို ကြည့်ပါ။ သစ်ပင်တစ်ပင်ရဲ့ ရေသောက်မြစ် ခန်းခြောက်လာရင် တဖြည်းဖြည်းနဲ့ အရွက်နု၊ အရွက်ရင့်၊ အကိုင်းသေး၊ အကိုင်းကြီး၊ ပင်စည်ပါ တဖြည်းဖြည်း ခြောက်သွေ့လာတယ်။ လူတွေမှာလည်း အဲဒီ သဘောအတိုင်းပဲ။ ဒါပေမယ့် လူတထောင်မှာ တယောက်တော့ ဖြစ်ခဲတယ်။ အဲဒါကြောင့်မို့ ဆေးနည်းကောင်း တစ်လက်ကို ပြောပြချင်တယ်။
ခရာပင် ဆိုတာ ရှိတယ်။
ခရာပင်ဆိုတာ ပင်လယ်ကမ်းစပ်နားမှာ ပေါက်တတ်တယ်။ ပြီးတော့ ချောင်းရိုး၊ မြောင်းရိုး ဘေးတွေမှာလည်း ပေါက်တတ်တယ်။ အရွက်မှာ ဆူးချွန်လေးတွေ ရှိတယ်။ အဲဒီ
ခရာပင် ပဉ္စငါးပါးကို ၁၅-ကျပ်သားလောက်ကို ရေစင်အောင် ဆေးကြောပြီး (ရေငန်ဓာတ် ကုန်သည်အထိ ဆေးရမယ်) ပြီးတော့ ဓားနဲ့နုပ်နုပ်စဉ်းရမယ်။ မြေအိုးထဲ ထည့်ပြီး ရေသင့်တော်ရုံနဲ့ ထက်ဝက် ကျန်အောင် ကျိုရမယ်။ ကျိုခါနီးမှာ စမုံမျိုး ငါးပါး ကို လေးပဲ သားစီလောက်ကို နည်းနည်း ထောင်းထည့်ရမယ်။ ကျိုပြီးရေကို အအေးခံပြီး ပိတ်ပါးပါးနဲ့ စစ်ယူရမယ်။ တခါ သောက်ရင် ကြက်ဥပန်းကန်နဲ့ တလုံးစာလောက်ပဲ၊ အဲဒီထဲမှာ ဒိုဘာလာ သကြားတုံးကို ကြိတ်ပြီး ကော်ဖီ ဇွန်း နဲ့ တဇွန်းစာလောက် ထည့်မွှေပြီး သောက်ရမယ်။ မနက်တကြိမ် ညတကြိမ်တော့ ပုံမှန် သောက်ပေးရမယ်။ အဲလိုပုံမှန်သောက်ပေးရင် အမျိုးသားတွေမှာ တခါ တရံ သုက်ဓာတ်ခန်းတဲ့ ဝေဒနာဟာ သက်သာပျောက်ကင်းပြီး မကြာခင် နုပျိုလန်းဆန်းလာပါလိမ့်မယ်။

ကျနော် ဂေါ်လီကိုကိုကြီးအွန်လိုင်းမှ ရှာဖွေကူးယူတင်ပြပါသည်၊



၁ခ-မြန်မာ့ ရိုးရာဆေးမီးတိုများ


နှာစေးခြင်း ရာသီအကူးအပြောင်း အထူးသဖြင့် အေးတဲ့ ရာသီဥတုတွေမှာ အအေးမိခြင်း (Common Cold) ခံစားရပါ တယ်။ အအေး မိခြင်းဟာ အိပ်ရာထဲမှာ တချိန်လုံးလှဲနေရလောက်အောင် မပြင်းထန်ပေမဲ့ နှာခေါင်း ပိတ်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ လို မအီ မသာဖြစ်တဲ့ ဝေဒနာကို ခံစားရပါတယ်။ အအေးမိခြင်းကို အိမ်မှာတင် ရှိတဲ့ ပစ္စည်းတွေနဲ့  ကုသချင်တယ်ဆိုရင်တော့-    သံပုရာရည် (lime juice) ဟာ အအေးမိခြင်းအတွက် အသင့်တော်ဆုံး အိမ်တွင်းဆေး ဖြစ်ပါတယ်။-    ရေတစ်ခွက်စာထဲကို စဉ်းထားတဲ့ ကြက်သွန်ဖြူလေးတွေ ထည့်ပြီး ကြက်သွန်ဖြူ စွပ်ပြုတ် (garlic soup) လုပ်ပြီး သောက်ပါ။ အအေးမိခြင်း တဖြည်းဖြည်း သက်သာ သွားပါလိမ့်မယ်။
-    ချင်းလက်ဖက်ရည် (ginger tea) သောက်ပါ။ ရေနွေးဆူဆူပွက်ပွက်ထဲမှာ ချင်းအလွှာလေးတွေ ထည့်ပြုတ်ပြီး သကြား ခတ်သောက်ပါ။ (ထန်းလျက်ခဲလည်း ထည့်နိုင်ပါတယ်)
-    ငရုတ်ကောင်းနဲ့  သကြားကျိုပြီး သောက်ပါ။ ရေ၈အောင်စကို ကျိုပြီး ဆူလာလျှင် ငရုတ်ကောင်း ၇စေ့ ခန့် ကို ကြိတ်ချေ ပြီး သကြား၃ဇွန်းခန့်  ထည့်ကျိုပါ။ ရေ ၄ပုံ ၁ပုံ ကျန်သည်အထိ ကျိုပြီး ပူနေတုန်း မှာ သောက်ပါ။ သောက်ပြီး ၁၀မိနစ်ခန့်  ကြာသည်အထိ စောင်ပါးပါးလေး ခြုံထားပါ။ နံနက်တစ်ကြိမ်၊ ညအိပ်ခါနီး တစ်ကြိမ် တစ်နေ့  ၂ကြိမ် သောက်ပေးပါ။-    နှာခေါင်းပိတ် သက်သာဖို့  ရေနွေးငွေ့ ကို ရှူပေးပါ။
မနွယ်နီထွေးမှ တဆင့် ကူးယူတင်ပြပါသည်၊ 


 

၁က-မြန်မာ့ရိုးရာဆေးမီးတိုများ


ကင်ဆာ နှင့် ဒူးရင်းသြဇာ
ကျွန်မတို့ရုံးနှစ်ပတ်လည်အစည်းဝေးအတွက် နိုင်ငံအသီးသီးကတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ ထဲမှာ တစ်ယောက်ကျွန်မတွေ့တော့ တော်တော်အံ့အားသင့်သွားတယ်။ ဒီနှစ်စမှာဘဲ ဆေးစစ်တဲ့အခါ ကင်ဆာလို့ အဖြေ ထွက်ပြီး ကျွန်မတို့တစ်တွေ စိတ်မကောင်းဖြစ်နေခဲ့တာပါ။ အခုပြန်တွေ့တော့ လန်းဆန်းကျမ်းမာ တက်ကြွ နေတော့ စကားစမြည်ပြောရင်းနဲ့ ဆေးနည်းလေး တစ်ခုရလာတာကို ဝေမျှခြင်လို့ပါ။
အခုတစ်လော ကင်ဆာ ဆိုတာနဲ့ လူတွေကလန့်နေကြပါပီ။ ခီမိုသွင်းရတာနဲ့ မိသားစုဝင်တွေ စိတ်ပင်ပန်း ကြတာနဲ့ ရုတ်တရက် သေဆုံးသွားတာ နဲ့ ဒါကြောင့် ကျွန်မတို့ရုံးက အန်တီဆိုရင် သူ့ကင်ဆာဖြစ်တာ သူများကို မသိစေချင်ဘူး၊ သူများတွေသူ့ကိုသေလူလို့ ကြည့်နေတဲ့အကြည့်တွေမခံနိုင်ဘူးဆိုပီးရင်ဖွင့်ရှာပါတယ်။ ကျွန်မ ရဲ့ အချစ်ဆုံး ကြီးကြီး လဲ ကင်ဆာနဲ့ဆုံးသွားသလို အမလိုခင်မင်ပြီးချစ်ရတဲ့ ရှေ့နေမမ တစ်ယောက်လဲ ကင်ဆာနဲ့ ဘ၀ဆုံးသွားရရှာပါတယ်။ အထူးသဖြင့် ကျွန်မတို့မိသားစုနဲ့ နှစ်အိမ်တစ်အိမ်လိုဖြစ်နေတဲ့ မိုးကောင်းက အန်တီနဲ့အန်ကယ်လဲ ကင်ဆာနဲ့ဘဲဆုံးပါးသွားကြတယ်။
အရင်ကတော့ ပန်းခါး ဆိုတာအရမ်းကို နာမည်ကြီးတယ်။ ပန်းပင် အခြောက်လေးတွေကို ရေနွေးကြမ်းလို လုပ်သောက်ရတာပါ၊ အရမ်းကိုခါးတော့ ကျွန်မတောင်စမ်းသောက်ကြည့်ပီးတွန့်သွားတာနဲ့ မသောက် ဖြစ်တော့ပါဘူး။ ခီမိုသွင်းထားတဲ့လူနာတွေဆို ခံတွင်းထဲဘာထည့်ထည့်အရသာမရှိတော့ဘူး။ အရမ်းလဲ သနားဖို့ ကောင်းပါတယ်။ ကင်ဆာရောဂါဖြစ်နေသူများအတွက်သတင်းကောင်းပါ။ အရသာလဲ မဆိုးတဲ့ ဘဘာဝ အသီးပင်ရဲ့ အရွက်ကိုပြုတ်သောက်ရုံတင်နဲ့ ကင်ဆာရောဂါကို ပျောက်ကင်းသက် သာစေတာ ကျွန်မမျက်စိရှေ့မှာတင် ၄ ယောက်လောက်တွေ့ခဲ့လို့ ရဲရဲကြီးမျှဝေလိုက်ပါတယ်။
ဆေးပညာအကြောင်းအစုံလင်နားမလည်ပေမယ့် ခီမိုသွင်းတာ ကင်ဆာ cell အကောင်းရောအဆိုးပါသတ်ပစ် တာဖြစ်ပီး ဒီဒူးရင်းသြဇာအရွက်ပြုတ်ရည်ရဲ့ အာနိသင်ကတော့ ကင်ဆာ ဆဲလ် ချည်းသတ်သတ်ကိုသာ သတ်ပစ် တယ်လို့ ရှင်းပြပါတယ်။ ကျွန်မညီမလေးကျောင်းက ပရော်ဖက်ဆာကတော့ လူတိုင်းတော့ ပျောက်နိုင်မှာမဟုတ်ဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ကင်ဆာဖြစ်ပုံအမျိုးစားခြင်းမတူသလို ခန္တာကိုယ်က တုံ့ပြန်ပုံခြင်းလဲမတူနိုင်ပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ကျွန်မအကြံပေးခြင်တာကတော့ အနည်းနဲ့အများ ပျောက်သွားသည်ဖြစ်စေ သက်သာသွားသည် ဖြစ်စေ အန္တရယ်မရှိတာမို့ စမ်းသောက်ကြည့်ကြဖို့တိုက်တွန်းပါရစေ။ ကိုယ်နဲ့သိတဲ့ မိတ်ဆွေ သူငယ်ချင်း ဆွေမျိုးသားခြင်း များမှာလဲ ကင်ဆာရောဂါရှိတဲ့သူများရှိရင် ထပ်ဆင့် ဝေဌပေးကြပါ နော်။
Facbook မြန်မာ့ဆေးမြီးတို Group မှ မာံသူ ရိန္ဒ ရေးသားထားသော ဆေးနည်းကို ပြန်လည် မျှဝေ လိုက်ပါတယ်။



 
သစ်ပင်ဝါးပင် ဆေးဖက်ဝင် ဆိုသည့်အတိုင်း မိမိအိမ်တွင်းမှာ စိုက်ပျိုးထားသည့် သစ်ပင်များသည် ဆေးဖက်ဝင် တတ်ကြပါသည်။ ယခု ဖော်ပြလိုသော အကြောင်းအရာမှာ မီးကွင်းဂမုန်း အကြောင်း ဖြစ်ပါသည်။ ၀မ်းကိုက်ပျောက်စေရန်
မီးကွင်းဂမုန်းကို သုပ်စားခြင်းဖြင့် ၀မ်းကိုက်ပျောက်စေသည်။ သုပ်နည်းမှာ အရွက်များကို သုပ်စားသည့် အတိုင်း ဥပမာ - မန်ကျည်းရွက် သုပ်နည်း သဖွယ် သုပ်စားပါ။ အမှန်တကယ် သက်သာ ပါလိမ့်မည်။
ဓါးရှ၊ သံမှိုစူးသွားသလား
ဓါးရှသည်ဖြစ်စေ သံမှိုစူးသွားသည်ဖြစ်စေ ချက်ချင်းဆိုသလိုပဲ မီးကွင်းဂမုန်း(တစ်ရွက်လောက်)ကို ခူး၍ ရေဆေးပါ။ ရေဆေးပြီးနောက် ပါးစပ်ထဲ ထည့်၍၀ါးပါ။ ရလာသော အရည်နှင့်ညက်နေပြီဖြစ်သော မီးကွင်း ဂမုန်းကို ယူ၍ ဒဏ်ရာပေါ် အုံထားပေးပါ။ သွေးတိတ်သွားမည်။ သံမှိုစူးနေပါက အထက်ပါနည်းအတိုင်း ပြုလုပ်ပါ ကိုက်ခဲမှု သက်သာစေသည်။ အနာရင်းမှုကိုလည်း ကာကွယ်ပေးသည်။ ဤနည်းလမ်းများသည် ကိုယ်တိုင် စမ်းသပ်ခဲ့ သုံးစွဲခဲ့သော နည်းလမ်းဖြစ်သောကြောင့် ပြန်လည်မျှဝေ လိုက်ခြင်းဖြစ်ပါသည်။


 

August 26, 2011

မြန်မာပြည် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်


သောကြာ, 26 သြဂုတ် 2011

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့ ပြည်သူ့လွှတ်တော်က သမ္မတထံပန်ကြာ

 

ဒီကနေ့ကျင်းပတဲ့ စတုတ္ထနေ့မြောက် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးမှာ မနေ့ကတင်ပြထားတဲ့  အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့ပတ်သက်တဲ့ အဆိုကို ဆက်လက် ဆွေးနွေးရာမှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးနဲ့ တပ်မတော်သားကိုယ်စားလှယ် ၂ ဦးက ထောက်ခံဆွေးနွေးခဲ့ပြီးတဲ့နောက် ကန့်ကွက်သူ မရှိတာကြောင့် လွှတ်တော်ဥက္ကဋ္ဌက ဒီအဆိုကို သမ္မတဆီတင်ပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအဆိုကတော့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေ နေရပ်ပြန်လာတဲ့အခါ အကာအကွယ်ရစေဖို့အတွက်နဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အထောက်အကူဖြစ်စေဖို့ ရည်ရွယ် တင်ပြထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ဒီကနေ့ ပြည်သူ့လွှတ်တော်အတွင်းမှာ ဆွေးနွေးကြတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အဆိုကတော့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်တွေ ဆက်လက် ထုတ်ပြန်ပေးဖို့ ဆိုတဲ့ အဆိုဖြစ်ပါတယ်။
ဒီအဆိုကို သင်္ဃန်းကျွန်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က တင်ပြခဲ့တာဖြစ်ပြီး သူတင်ပြရတဲ့အကြောင်းကို အခုလို ပြောပြပါတယ်။
“ကျနော် မနေ့ကတင်ပြတဲ့အထဲမှာတော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့သူတွေပေါ့။ အဲဒီလူတွေ ပြန်လွှတ်ဖို့၊ အဝေးရောက်နေတဲ့သူတွေ ပြန်လာဖို့၊ ပြန်လာတဲ့အခါမှာ သူတို့အတွက် ဥပဒေ အကာအကွယ် ပေးနိုင်ဖို့၊ အခု တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ လက်နက်ကိုင် အင်အားစုတွေနဲ့ ဆွေးနွေးတဲ့အခါမှာ အထောက်အကူပြုဖို့ ဒီအချက် သုံးချက်ကို ကျနော် အခြေခံပြီး ဆွေးနွေးတယ်။ ပြောပြတယ်။ အရင်ထုတ်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် အမှတ် ၂၈/၂၀၁၁ ကိုလည်း အဲဒီလိုထုတ်ပြန်ပေးခဲ့တဲ့ သမ္မတကြီး ဦးဆောင်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ဆောင်ရွက်ချက်ကိုလည်း ကြိုဆိုတယ်။ ဆက်ပြီးတော့ မြန်မာနိုင်ငံမှာ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးစိတ်ဓါတ် တိုးပွားဖို့၊ နိုင်ငံတော်အစိုးရအနေနဲ့ သဘောထားကြီးမှု ထပ်မံပြသပြီး လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ဆက်လက် ထုတ်ပြန်ပေးရေးအတွက် နိုင်ငံတော်သမ္မတအား ဤလွှတ်တော်က မေတ္တာရပ်ခံတယ် ဆိုတဲ့ အဆိုပေါ့။”
အစိုးရက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိဘူးဆိုတာကြောင့် အဆိုတင်ပြရာမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများလို့ တင်ပြတာလည်း ဖြစ်ပါတယ်။
ဒီအဆိုကိုတင်ပြရာမှာ ဦးသိန်းညွှန့်က ၁၉၆၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာထုတ်ပြန်တဲ့ တော်လှန်ရေးကောင်စီရဲ့ လွှတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ၁၉၈၀ ခုနှစ် မေလ ၂၈ ရက်မှာထုတ်ပြန်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ နိုင်ငံတော်ကောင်စီက ထုတ်ပြန်တဲ့ လွှတ်ငြိမ်းချမ်းသာခွင့် အမိန့်တွေကိုလည်း ကိုးကားတင်ပြခဲ့ပါတယ်။
မနေ့ကတင်ပြခဲ့တဲ့ ဒီအဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် လာမယ့် တနင်္လာနေ့မှာ ဆက်လက်ဆွေးနွေးဖို့နဲ့ ဆွေးနွေးမယ့်သူအမည်စာရင်းကို သောကြာနေ့ညနေမှာ တင်သွင်းဖို့ ပြင်ဆင်ခဲ့ပေမဲ့ ဒီကနေ့ လွှတ်တော်တွင်းမှာ အခြား ဆွေးနွေးစရာ အကြောင်းအရာနည်းပါးတာကြောင့် မနေ့ညကပဲ ဆွေးနွေးမယ့်သူစာရင်းကောက်ယူပြီး  ဒီကနေ့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလွှတ်ငြိမ်းချမ်းသာခွင့် အဆိုကို ဆွေးနွေးရာမှာတော့ ရာနှုန်းပြည့် ထောက်ခံခဲ့ကြတယ်လို့ လဲချား မဲဆန္ဒနယ်မြေက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင်က ပြောပါတယ်။
“မနေ့က စာရင်းပေးကြတာက ကိုယ်စားလှယ် ၁၅ ဦးဗျ။ ၁၅ ဦးထဲမှာ ၁၅ ဦးစလုံးက ထောက်ခံပါတယ်၊ ပါတီစုံပါပဲ။ တပ်မတော်သားကိုယ်စားလှယ် ၂ ယောက်ကလည်း ၀င်ရောက်ပြီးတော့ ဆွေးနွေး ထောက်ခံပါတယ်ခင်ဗျ။ အဲဒီတော့ ပြည်ထောင်စုအဆင့် ပြည်ထဲရေးဝန်ကြီးက ပြန်ပြီးတော့ ဆွေးနွေးတဲ့အခါကျတော့ အားလုံးရဲ့ဆန္ဒကိုလည်း သူကသိချင်တဲ့အခါကျတော့ သူကတော့ အများကြီးကို မပြောတော့ဘူး။ အများကြီးမပြောဘဲနဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းကနေပြီးတော့ - ဒါဆိုရင် ကန့်ကွက်မယ့်သူလည်း မရှိဘူး၊ အားလုံးက ထောက်ခံတဲ့အတွက်ကြောင့်မိုလို့ ပြည်ထဲရေးဝန်ကြီးကနေ သမ္မတကိုတင်ပြီးတော့ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ လွှတ်တော်ဥက္ကဋ္ဌကလည်း မှာကြားသွားတယ်ခင်ဗျ။ ရာနှုန်းပြည့်ထောက်ခံတယ်လို့ ပြောလို့ရပါတယ်။ ”
လွတ်ငြိမ်းချမ်းသာခွင့်အဆိုကို ပါဝင်ထောက်ခံသူတဦးလည်းဖြစ်တဲ့ ဦးစိုင်းမောင်တင်က သူထောက်ခံ ဆွေးနွေးရတဲ့ အချက်တွေကို အခုလို ပြောပါတယ်။
“ကျနော်တင်တဲ့အချက်တွေကတော့ ယခင်အစိုးရလက်ထက်က ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ယုံကြည်ချက် အကျဉ်းသားများ ဖြစ်ခြင်း၊ နိုင်ငံအရေးကိစ္စများတွင် ကောင်းရာကောင်းကြောင်း ကူညီဖြေရှင်းပေးနိုင်မည့် ပုဂ္ဂိုလ်များ ပါဝင်နေခြင်း၊ (၃) အထူးသဖြင့် တိုင်းရင်းသားပြည်သူများက ယုံကြည်အားထားရသည့် ပုဂ္ဂိုလ်များ ပါဝင်နေခြင်း အတွက်ကြောင့် ယုံကြည်ချက်နဲ့ အကျဉ်းကျခံထားရတဲ့ အကျဉ်းသားများအား ချွင်းချက်မရှိ အမြန် လွှတ်ပေးသင့်ပါကြောင်း လေးလေးနက်နက် ယုံယုံကြည်ကြည် ထောက်ခံ ဆွေးနွေးအပ်ပါတယ်ခင်ဗျာ၊ ဆိုပြီးတော့ ကျနော်က ၀င်ပြီးတော့ ဆွေးနွေးထောက်ခံလိုက်တာခင်ဗျ။”
ဒီကနေ့ထူးခြားတာကတော့ တပ်မတော်သားကိုယ်စားလှယ် ၂ ဦးက လွှတ်တော်ဥက္ကဋ္ဌဆီမှာ ခွင့်ပြုချက်ယူပြီး ပါဝင်ဆွေးနွေးတာဖြစ်ပါတယ်။ ဒီလိုဆွေးနွေးရာမှာ တပ်မတော်သားကိုယ်စားလှယ်တွေက သူတို့ လုပ်ဖော်ကိုင်ဖက်တွေလည်း အကျဉ်းထောင်ထဲမှာ ရှိနေတာကြောင့် လွတ်ငြိမ်းချမ်းသာခွင့်အဆိုကို ထောက်ခံကြောင်း ဆွေးနွေးခဲ့တယ်လို့ အခြား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တယောက်က ပြောပါတယ်။
လောလောဆယ်မှာတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်လောက်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ မြန်မာနိုင်ငံက ထုတ်ပြန်ထားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ကို ပြည်တွင်းပြည်ပက နိုင်ငံရေး အင်အားစုတွေသာမက ကုလသမဂ္ဂနဲ့ အာဆီယံအပါအ၀င် နိုင်ငံတကာကလည်း အစဉ်တစိုက် တောင်းဆိုနေတာဖြစ်ပါတယ်။
ဒီကနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာတော့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တာနားကို တုံ့ပြန်ပြောဆိုရာမှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို အနှောက်အယှက် မပြုကြောင်း သေချာတဲ့အချိန်မှာ အကျဉ်းသားတွေကို ပြန်လည်လွှတ်ပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသားအဖြစ် သီးသန့် ဖော်ပြထားတာမရှိပါဘူး။ တဆက်တည်းမှာပဲ ဦးခင်အောင်မြင့်က ပြည်သူ့အသံ လွှတ်တော်အသံ။ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူ့ မျှော်လင့်ချက် လွှတ်တော်ဆောင်ရွက်ချက်ဆိုတဲ့ ဆောင်ပုဒ်ကို ချမှတ်ထားပြီး ဒီဆောင်ပုဒ်နဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
   အပိုအလို မရှိ VOA မှတိုက်ရိုက်ကူးယူတင်ဆက်ပါသည်၊ ကျနော် အွန်လိုင်းကိုကို ဂေါ်လီပါ၊

August 22, 2011

၂၀၀၈ ဖွဲ့စည်းပုံ လက်ခံရေး သမ္မတ ဦးသိန်းစိန် စည်းရုံး


တနင်္လာ, 22 သြဂုတ် 2011

၂၀၀၈ ဖွဲ့စည်းပုံ လက်ခံရေး သမ္မတ ဦးသိန်းစိန် စည်းရုံး

သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုလွှတ်တော်တွင် အဖွင့်မိန့်ခွန်း ပြောကြားနေစဉ်။
ဓာတ်ပုံ ASSOCIATED PRESS
သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုလွှတ်တော်တွင် အဖွင့်မိန့်ခွန်း ပြောကြားနေစဉ်။ သြဂုတ် ၂၂၊ ၂၀၁၁။
သမ္မတ ဦးသိန်းစိန်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတဲ့ အဖွဲ့အစည်းတွေ လက်ခံလာအောင် ကြိုးစားနေပါတယ်လို့ ပြောဆိုလိုက်ပါတယ်။ အရင်က ပြောဆိုဆွေးနွေးတာတွေ မလုပ်ခဲ့ဘူးတဲ့ ပုဂ္ဂိုလ်တွေနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ ဆောင်ရွက်နေသလို သမ္မတအဖြစ် တာဝန်ယူခဲ့စဉ်က ပေးခဲ့တဲ့ ကတိနဲ့အညီ ပြည်သူ့ဆန္ဒအရ သန့်ရှင်းတဲ့ အစိုးရဖြစ်အောင် အကောင်အထည်ဖော် လုပ်ဆောင်နေပါတယ်လို့လည်း ဒီနေ့ စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ပုံမှန် အစည်းအဝေးမှာ သမ္မတ ဦးသိန်းစိန်က အဖွင့်မိန့်ခွန်း ပြောဆိုသွားခဲ့တာပါ။ အပြည့်အစုံကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။
သမ္မတ ဦးသိန်းစိန်က အုပ်ချုပ်မှုကဏ္ဍ၊ ဥပဒေပြု လွှတ်တော်ကဏ္ဍ၊ တရားစီရင်ရေး ကဏ္ဍတွေနဲ့ ပတ်သက်ပြီးတော့ သူ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတုန်းက ကတိပေးထားတဲ့အတိုင်း ဆောင်ရွက်နေပါတယ်လို့ ဒီနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ အဖွင့်မိန့်ခွန်း ပြောသွားတာ ဖြစ်တယ်လို့ အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်မြေ အမှတ် ၉ ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်ရွှေက အခုလို ပြောပြပါတယ်။
“ကတိသစ္စာ ပြုထားတဲ့အတိုင်း ထိရောက်စွာ ဆောင်ရွက်နေတယ် ဆိုတာတို့၊ စီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လာအောင် သူ ကြိုးပမ်းနေတယ် ဆိုတာတို့၊ အခြေခံဥပဒေကို လက်ခံပေးဖို့အတွက် လက်ခံမပေးသေးတဲ့ အဖွဲ့တွေကိုလည်း ဆက်လက် လက်ခံဖို့ သူ စည်းရုံးတယ် ဆိုတာတို့၊ အစိုးရကောင်း သန့်ရှင်းသောအစိုးရ အနေနဲ့ ဖြစ်ဖို့အတွက်ကိုလည်း လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်နေတယ် ဆိုတာတို့၊ နောက် ပြည်သူ့ဝန်ထမ်းကောင်းတွေ ဖြစ်အောင် သူ ဆောင်ရွက်နေတယ် ဆိုတာတို့၊ ပြည်ထောင်စု အဆင့်ကနေ ဆင့်ကဲ ဆင့်ကဲ စနစ်တကျ ဖွဲ့နေတယ် ဆိုတာတို့။”
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတဲ့ အဖွဲ့အစည်းတွေလို့သာ ယေဘုယျသဘော ပြောသွားပေမဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရယ်လို့တော့ တိတိကျကျ ထုတ်ဖော် ပြောဆိုတာ မရှိဘူးလို့ ဆိုပါတယ်။
ဆက်လက်ပြီး လူမှုရေး၊ ပညာရေး၊ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့လည်း သမ္မတ ဦးသိန်းစိန်က အတတ်နိုင်ဆုံး တိုးတက်မှုရှိအောင် ဆောင်ရွက်နေတဲ့အကြောင်း ရှင်းလင်း ပြောဆိုသွားတယ်လို့ ဒေါက်တာ ခင်ရွှေက ပြောပြပါတယ်။
“ခေတ်နဲ့အညီ ပညာရေးနဲ့ ကျန်းမာရေးတွေကိုလည်း ဆက်လက် ဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်းတွေ၊ မဖွံ့ဖြိုး မတိုးတက်တဲ့ နေရာမှာ NGO နဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်းတွေ၊ နောက် ကမ္ဘာ့နိုင်ငံတွေနဲ့လည်း လက်တွဲ ဆောင်ရွက်မယ်ဆိုတဲ့ အကြောင်းတွေ၊ သဘာဝ ဘေးကနေ ညီညွတ်စွာ ကျော်လွှားမယ် ဆိုတာတွေ၊ ပြည်သူတွေ ဖြစ်စေချင်တာတွေ အကုန်လုံးကို ကြိုးစားပြီး ဆောင်ရွက်မယ့် အကြောင်းတွေ ပြောသွားပါတယ်။”
နိုင်ငံရေး အတိုက်အခံတွေနဲ့ တင်းမာမှု လျော့ပါးရေး အစိုးရက ကြိုးစားနေပြီး တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေနဲ့လည်း ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးစားနေတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအတွက် တည်ငြိမ်မှုက အရေးကြီးတာကြောင့် အစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေးဖို့ တံခါးဖွင့်ထားပါတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။
ဒါပေမဲ့ လတ်တလော ဖြစ်ပွားနေတဲ့ မြန်မာအစိုးရ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေး စေ့စပ် ဆွေးနွေးကြဖို့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို တာဝန်ပေးအပ်ထားတာနဲ့တော့ မလုံလောက်သေးဘူးလို့ တိုင်းရင်းသား လွှတ်တော်အမတ်တွေရဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ဒီနေ့ကျင်းပတဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးကနေ ကော်မတီ ၈ ခုကို ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရာ ကော်မတီ၊ နိုင်ငံသားများရဲ့ အခွင့်အရေးနဲ့ ပြည်ပရောက် နိုင်ငံသားများ အရေးဆိုင်ရာ ကော်မတီ၊ အမျိုးသား စီမံကိန်းနဲ့ ငွေရေးကြေးရေးဆိုင်ရာ ကော်မတီ၊ ပညာရေး၊ ကျန်းမာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၊ အမျိုးသမီးနဲ့ ကလေးသူငယ်များဆိုင်ရာ ကော်မတီ၊ ပြည်သူများရဲ့ တိုင်ကြားစာနဲ့ အသနားခံစာဆိုင်ရာ ဆပ်ကော်မတီ၊ ကုလသမဂ္ဂနဲ့ အာဆီယံ APA ခေါ် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး ဆပ်ကော်မတီနဲ့ တောင်သူလယ်သမားနဲ့ ပြည်တွင်းပြည်ပ အလုပ်သမားရေးရာ ကော်မတီ စသဖြင့် ကော်မတီ ၈ ခုကို ဖွဲ့စည်းခဲ့တယ်လို့ ဒေါက်တာ ခင်ရွှေက ပြောပြပါတယ်။
ဒီနေ့မနက် ၁၀ နာရီမှာ စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကလည်း အဖွင့်မိန့်ခွန်း ပြောဆိုခဲ့ပါတယ်။ ပြည်သူတွေရဲ့အသံ၊ ဆန္ဒသဘောနဲ့ မျှော်လင့်ချက်တွေကို အလေးထား ဆန်းစစ်ဝေဖန်ပြီး လက်တွေ့ အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ကြပါလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို တိုက်တွန်းလိုက်ပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့က ပြည်သူ့ဆန္ဒနဲ့အညီ ဖြစ်အောင် အတတ်နိုင်ဆုံး အစွမ်းကုန် ကြိုးစား အကောင်အထည် ဖော်နေပါတယ်လို့ ပြောခဲ့ပေမဲ့ အများမျှော်လင့်နေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ ပတ်သက်လို့တော့ ပြောဆိုတာ မရှိပါဘူးလို့ သိရပါတယ်။
ဒီနေ့ စတင်ကျင်းပတဲ့ လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေးတွေကို ပြည်တွင်း သတင်းမီဒီယာတွေ၊ ပြည်တွင်းအခြေစိုက် နိုင်ငံခြား သတင်းဌာနက သတင်းထောက်တွေ စုစုပေါင်း ၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။
ဗွီအိုအေမှထုတ် လွင့် သော သတင်းအား အပို လိုမရေးပဲတိုက်ရိုက်ကူးယူတင်ပြ ပါတာပါ၊

ဒေါ်စုနဲ့ ဦးသိန်းစိန် တွေ့ဆုံမှု ဘန်ကီမွန်း ကြိုဆို


တနင်္လာ, 22 သြဂုတ် 2011

ဒေါ်စုနဲ့ ဦးသိန်းစိန် တွေ့ဆုံမှု ဘန်ကီမွန်း ကြိုဆို

 

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံပြီး တိုင်းပြည် အနာဂတ်ရေးအတွက် ဆွေးနွေးခဲ့ကြတဲ့အပေါ် ကျေနပ် အားရမိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ပြောကြားလိုက်ပါတယ်။
သောကြာနေ့က မြန်မာအစိုးရ သမ္မတနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်တို့ တွေ့ဆုံခဲ့ကြတာဟာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ရေရှည် အထောက်အကူ ပြုစေမယ့် ခြေလှမ်းမျိုးကို အစပျိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း တနင်္လာနေ့က ထုတ်ပြန်တဲ့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အခုတွေ့ဆုံမှုနဲ့ မကြာခင်ကာလအတွင်း တိုင်းပြည်အတွင်း ဖြစ်ပေါ်လာနေတဲ့ ပြောင်းလဲမှုတွေက မြန်မာနိုင်ငံအတွင်း စစ်မှန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာစေမလား ဆိုတာကတော့ နှစ်ဘက်စလုံးက ဘယ်လို လက်တွဲလုပ်ကြမယ် ဆိုတာကို ဆုံးဖြတ်တဲ့ အပေါ်မှာ မူတည်မယ်လို့ ဆိုပါတယ်။
တိုင်းပြည်အတွင်း ရေရှည်တည်တန့်မယ့် ငြိမ်းချမ်းရေးနဲ့ ညီညွတ်မှု တည်ဆောက်နိုင်အောင် နှစ်ဘက်စလုံးက အခုပေါ်လာတဲ့ အခွင့်အရေးကို အမိအရ အသုံးပြုနိုင်ဖို့ လိုတယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအတွင်း အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစီအစဉ်တွေမှာ အထောက်ကူပြုစေမှာ ဖြစ်တဲ့အတွက် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးရေးကိုလည်း မစ္စတာ ဘန်ကီမွန်းက ထပ်လောင်း တောင်းဆိုလိုက်ပါတယ်။
ဗွီအိုအေမှ လို ပိုမရှိပဲ မှုယင်းအတိုင်းတိုက် ရိုက်ကူးယူ တင်ပြပေးထားတာပါ၊
ကျနော် အွန်လိုင်းပေါ်လမ်းသလားနေတဲ့  ဂေါ်လီကိုကိုကြီးပါ၊

August 20, 2011

ယူနန်-မြန်မာ ရေကာတာ ပြဿနာ

ယူနန်-မြန်မာ ရေကာတာ ပြဿနာ

 

မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်စက်ရုံ အကြီးအသေး (၁၇) ခုရှိကြောင်း သြဂုတ်လ (၉) ရက်ထုတ် အစိုးရသတင်းစာမှာ ဖော်ပြထားပါတယ်။ ကချင်၊ ကယား၊ ရခိုင်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း ၊ တနင်္သာရီ၊ ပဲခူး၊ မန္တလေး နဲ့ မကွေးတိုင်းတွေမှာ တည်ဆောက်ဖို့ စီမံကိန်းချထားတဲ့ ရေအားလျှပ်စစ်စက်ရုံ (၃၀) ကျော် ရှိပါတယ်။ ဒါပေမဲ့ ဧရာဝတီနဲ့ သံလွင်မှာ ရေကာတာတွေ တည်ဆောက်ပြီး ယူနန်ပြည်နယ်နဲ့ ထိုင်းနိုင်ငံကို လျှပ်စစ်ဓါတ်အားရောင်းစားဖို့ လုပ်ကိုင်လာတာကို ဝိုင်းဝန်းကန့်ကွက်လာကြတာကို တွေ့ရပါတယ်။
သံလွင်မြစ်နဲ့ ဧရာဝတီမြစ်ညာမှာ ရေကာတာတွေ တည်ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်ယူမယ့် စီမံကိန်းကို ဒေသခံတိုင်းရင်းသားနဲ့ နိုင်ငံခြားရောက် မြန်မာပြည်သားတွေ ကန့်ကွက်နေတာ အတော်လေးကြာနေပါပြီ။ ရေကာတာတွေ တည်ဆောက်ပြီး လျှပ်စစ်ဓါတ်အား ထုတ်ယူမယ့် အစီအစဉ်မှာ အကျိုးအမြတ် ခံစားရမှာက ဗမာအစိုးရ၊ ထိုင်း နဲ့ တရုတ်သာဖြစ်ပြီး ဒေသခံပြည်သူလူထုကတော့ နစ်နာဆုံးရှုံးပြီး ဘဝပျက်ဖို့သာရှိတာကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို စိတ်ဝင်စားတဲ့ အဖွဲ့အစည်းတွေစုပေါင်းပြီး Burma Rivers Network ခေါ် မြန်မာနိုင်ငံ မြစ်ချောင်းကွန်ယက်ကို တည်ထောင်ထားပါတယ်။ ရေကာတာအကြောင်း ပညာပေးပြီး သတင်းဖြန့်ချီတဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။
တရုတ်ပြည် အရှေ့ ပိုင်းဒေသက မြို့ ကြီးပြကြီးတွေမှာ လျှပ်စ်ဓါတ်အား အမြဲတမ်း အလုံအလောက် ရရှိစေဖို့အတွက် အနောက်ပိုင်းဒေသက လျှပ်စစ်ဓါတ်အား ပို့ပေးရမယ်ဆိုတဲ့ တရုတ်အစိုးရ ပေါ်လစီအတိုင်း ယူနန်မှာ ရေအားလျှပ်စစ် စီမံကိန်းတွေ အကောင်အထည် ဖော်နေပါတယ်။ ယူနန်ပြည်နယ်မှာ မြစ်ချောင်းစုစုပေါင်း (၆၀၀) ကျော်ရှိတဲ့အနက် မြန်မာ-ထိုင်း နဲ့ လာအို တို့ကို ဖြတ်သန်းစီးဆင်းတဲ့ နုကျန် (ခေါ်) သံလွင်မြစ်နဲ့ လန်ကမ်းကျန် (ခေါ်) မဲခေါင်မြစ်တို့ဟာ ရေအားလျှပ်စစ်ထုတ်ယူဖို့ အကောင်းဆုံး မြစ်တွေအဖြစ် သတ်မှတ်ထားပါတယ်။ ဧရာဝတီမြစ်ဖျားဖြစ်တဲ့ အင်မိုင်ခ (ခေါ်) ဒူလောင်ကျန် ဟာ ယူနန်မှာ မြစ်ဖျားခံပေမယ့် ရေအားလျှပ်စစ်ထုတ်ယူနိုင်တဲ့ အခြေအနေ မပေးတဲ့အတွက် မေလိခ၊ အင်မိုင်ခ နဲ့ မြစ်ဆုံမှာ ရေကာတာတွေ တည်ဆောက်ဖို့ တရုတ်က ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ရေကာတာ တည်ဆောက်လို့ ဒေသခံတွေ နစ်နာဆုံးရှုံးတာကို ဟန့်တားနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စုံစမ်းစစ်ဆေးရေးနဲ့ စံသတ်မှတ်ရေးကို အရင်ဆုံးလုပ်ဖို့ ကမ္ဘာ့ရေကာတာ ကော်မရှင်ကို ၁၉၉၈ ခုနှစ်မှာ ဖွဲ့စည်းပါတယ်။ ကော်မရှင်က (၂) နှစ် စစ်တမ်းကောက်လိုက်တဲ့အခါမှာ ရေကာတာတည်ဆောက်လို့ အကျိုးအမြတ် ခံစားရတာရှိသလို၊ ထိခိုက်နစ်နာ ဆုံးရှုံးရတာကလည်း ကြီးမားလွန်းတယ်လို့ ဆိုပါတယ်။ အကျိုးအမြတ်ရမှာကို ပုံကြီးချဲ့ ပြီး ထိခိုက်နစ်နာမှုကို လျှော့တွက်တဲ့အတွက် နောက်ဆုံး စီမံကိန်းပါ ဖျက်ပစ်လိုက်ရတာမျိုးတွေ ရှိပါတယ်။ ယူနန်ပြည်နယ် အစိုးရဟာ သံလွင်မြစ်မှာ ရေကာတာ စီမံကိန်း အကောင်အထည် ဖော်နေပေမယ့် သံလွင်အထက် နုမြစ်အပိုင်းမှာ ရေအားလျှပ်စစ် (၁၃) ခု ဆောက်မယ့် စီမံကိန်းကို ရပ်ဆိုင်းထားပါတယ်။ နုမြစ်မှာ ရေကာတာ တည်ဆောက်ဖို့ သုတေသနလုပ်ရဦးမယ်လို့ ဆိုပါတယ်။
သတ္တဝါ အမျိုးအစား အများအပြား မှီခိုနေတဲ့ ဧရာဝတီ နဲ့ သံလွင် တို့ဟာ ထိန်းသိမ်းစောင့်ရှောက်မယ့် မြစ်ဝှမ်းဒေသ (၃၀) ထဲမှာ ပါဝင်တယ်လို့ ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနက ၂၀၀၂ ခုနှစ်က မှတ်တမ်းတင်ထားပါတယ်။ ဒါပေမဲ့ ဧရာဝတီမြစ်ညာ ကချင်ပြည်နယ်က မြစ်ဆုံ၊ ချီဗွေ၊ ချီဗွေငယ်၊ ဂူဆောက်၊ ခေါင်လန်ဖူး၊ ယီနန်၊ ဖီဇော၊ လိုင်ဇာ စတဲ့ အရပ်ဒေသတွေမှာ ရေအားလျှပ်စစ် စက်ရုံ (၈) ခုကို (၁၅) နှစ်အတွင်း တည်ဆောက်ပြီး ထုတ်လုပ်လိုက်တဲ့ လျှပ်စစ်ဓါတ်အားကို ယူနန်ပြည်နယ်ကို အဓိကပေးပို့ဖို့ ရည်ရွယ်ထားပါတယ်။ သံလွင်မြစ်ပေါ်မှာ အထက်သံလွင်၊ ကွန်းလုံ၊ တာဆန်း၊ ရွာသစ်၊ ဝဲကြီး၊ ဒါးဂွင်၊ ဟတ်ကြီး စတဲ့ ရေကာတာ (၇) ခု ဆောက်လုပ်ပြီး တရုတ် နဲ့ ထိုင်းတို့ကို လျှပ်စစ်ဓါတ်အား ရောင်းဖို့ ရည်ရွယ်ထားပါတယ်။ ထိုင်း နဲ့ တရုတ် တို့ဟာ သူတို့လိုချင်တဲ့ လျှပ်စစ်ဓါတ်အားကို ရနိုင်အောင် ဧရာဝတီနဲ့ သံလွင်ရေကာတာ စီမံကိန်းတွေမှာ ငွေအရင်းအနှီး အများအပြား မြုပ်နှံဖို့ ရည်ရွယ်ပါတယ်။
မဲခေါင်မြစ်ရဲ့  တရုတ်ပြည်အပိုင်းဖြစ်တဲ့ လန်ကမ်းမြစ်ပေါ်မှာ ရေအားလျှပ်စစ်စက်ရုံ (၈) ခု တည်ဆောက်မယ့် စီမံကိန်းမှာ မန်းဝမ်၊ ဒါ့ရှောင်ရှန်း နဲ့ ဂျင့်ဟောင် စတဲ့ ရေကာတာ (၃) ခု ပြီးစီးနေပါပြီ။ မန်းဝမ်ရေကာတာကို ၁၉၉၆ ခုနှစ်မှာ ပြီးစီးပြီ။ ဒါ့ရှောင်ရှန် ကို ၂၀၀၃ မှာ ပြီးစီးပါတယ်။ မြန်မာပြည်အနီး ရှိရှောင်ဘန်းနား အရပ်က ဂျင့်ဟောင် ရေကာတာကို ၂၀၉ ခုနှစ်မှာ ပြီးစီးပါတယ်။ ရှေ့ နှစ် ရှောင်ဝမ်း ရေအားလျှပ်စစ်စက်ရုံတွေ ပြီးစီးတဲ့အခါမှာ ၂၀၁၃ ခုနှစ်ကစပြီး လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် (၃၀၀၀) ထိုင်းကို ရောင်းဖို့ တရုတ်က သဘောတူထားပါတယ်။ ရေအားလျှပ်စစ်ကို ပြည်တွင်းသုံးအတွက်သာ မဟုတ်ဘဲ ပြည်ပရောင်းစားဖို့က တရုတ်က ရည်ရွယ်ထားတာ ထင်ရှားပါတယ်။
တရုတ်ပြည်မှာ ရေကာတာတွေ အများအပြား တည်ဆောက်ထားတဲ့အတွက် လူဦးရေး (၂၃) သန်း နေရာရွှေ့ ပြောင်းပေးရတယ်လို့ ခန့်မှန်းကြပါတယ်။ ရေကာတာတွေများသလို ရေကာတာ ကျိုးပေါက်လို့ သေဆုံးရသူပေါင်း (၃) သိန်းကျော်နေပြီလို့လည်း သိရပါတယ်။ လန်ကမ်းမြစ်မှာ ရေကာတာ အဆင့်ဆင့်တည်ဆောက်တာဟာ အောက်ပိုင်းက မဲခေါင်မြစ်ဝှမ်းဒေသကို ထိခိုက်ကြောင်း ရေးထားတဲ့ စစ်တမ်းအများအပြား ရှိပါတယ်။ သံလွင်အထက်ပိုင်းက နုမြစ်မှာ ရေကာတာ စီမံကိန်း ရပ်ဆိုင်းထားတာဟာ ဗမာနိုင်ငံအတွက် သင်္ခန်းစာ ယူစရာ ဖြစ်နေပါတယ်။
ဗွီအိုအေ သတင်းကောက်နုတ်ချက်တခုက ကူး.ူတင်ြ့ပတာပါ၊
မြန်ပြည်သားများ အားလုံး သောကရန်ဘေး ကင်းဝေးကြပါစေ လို အွန်လိုင်းပေါ်မှာလမ်းလျှောက်နေတဲ့ 
 ဂေါ်လီ ကိုကိုကြီး မေတ္တာပို့ သလိုက်ပါတယ်၊

သိပ္ပံ နဲ့ နည်းပညာ

သိပ္ပံ နဲ့ နည်းပညာ RSS Feeds RSS Feed

 အင်္ဂါ, 16 သြဂုတ် 2011

လေထုထဲက Aerosol အမှုန်တွေနဲ့ ကမ္ဘာ့လေထု အပူချိန် ပြောင်းလဲမှု

Mt. Pinatubo eruption plume
ဓာတ်ပုံ USGS
ဖိလစ်ပိုင်နိုင်ငံက ပီနာတူးဘိုး မီးတောင်ပေါက်ကွဲစဉ်။ ဇွန်လ ၁၂၊ ၁၉၉၁။
လေထဲမှာ ရှိနေကြတဲ့ Aerosol လို့ခေါ်တဲ့ အမှုန်လေးတွေဟာ နေရောင်ခြည်ကထွက်တဲ့ ရေဒီယိုသတ္တိကြွ ရောင်ခြည်တွေကို ကာထားပေးတာကြောင့် ကမ္ဘာ့မြေမျက်နှာပြင် ပိုအေးလာတယ်ဆိုတာကို သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ကြပါတယ်။ အဲဒီလို ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေကို လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ တွေ့လာကြရတာပါ။

၃၁-စီးပွားရေးပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲ ဒေါ်စု တတ်ရောက်


စီးပွားရေးပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲ ဒေါ်စု တတ်ရောက်

ဓာတ်ပုံ ASSOCIATED PRESS
စီးပွားရေးနဲ့ဖွံ့ဖြိုးမှုဆိုင်ရာဆွေးနွေးပွဲကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့စဉ်။ (သြဂုတ်လ ၂၀၊ ၂၀၁၁)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ကိုသွားခဲ့တာဟာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဖို့ အဓိကဖြစ်တယ်လို့ NLD ပါတီက ပြောပါတယ်။ ၂ ရက်ကြာ နေပြည်တော်ကိုသွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနမှာ ကျင်းပနေတဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဒီကနေ့ မနက်ပိုင်းမှာ တက်ရောက်ခဲ့သလို ပြည်တောင်စုဝန်ကြီး တချို့အပြင် စီးပွားရေးလုပ်ငန်းရှင်တချို့နဲ့လည်း တွေ့ဆုံစကား ပြောခဲ့ပါတယ်။ သတင်းအပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။
နေပြည်တော်မှာကျင်းပနေတဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကိုတက်ဖို့  ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ထားပေမဲ့ ဒီခရီးစဉ်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန်နဲ့တွေ့ဖို့ အဓိက သွားခဲ့တာ ဖြစ်ပါတယ်။ သောကြာနေ့က နေပြည်တော်ရောက်အပြီး ညနေပိုင်းမှာ သူတို့မပါဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ နှစ်ယောက်တည်း သီးသန့် တွေ့ဆုံဆွေးနွေးမှု ရှိခဲ့တယ်လို့ ဒီခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လိုက်ပါသွားတဲ့ NLD ပါတီက ဦးခွန်သာမြင့်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
“ဟုတ်ပါတယ်။ မှန်ပါတယ်။ ကျနော်တို့ အဲဒီအတွက် သွားတာပါ။ နိုင်ငံရေးအကြောင်းတွေ ဘာတွေ ပြောကြတာမှာတော့ ကျနော်တို့ မပါပါဘူး။ မပါတော့ ကျနော်တို့ပါတယ်ဆိုတဲ့ဟာကတော့ သာမန် မိတ်ဆွေချင်းတွေ့ကြတယ်။ အဲဒီလိုဟာမျိုးတွေပဲ ပြောကြတာပါ။ အဲဒီတော့ တနင်္လာနေ့ ကျနော်တို့ စီအီးစီ အစည်းအဝေး ခေါ်ပါမယ်။ ပြီးတဲ့အခါကျတော့ NLD က ထုတ်ပြန်ပါမယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံးအကြိမ်အဖြစ် အစိုးရသစ်ရဲ့ သမ္မတနဲ့ တွေ့ဆုံမှုနဲ့ပတ်သက်လို့ NLD ဗဟိုအလုပ်အမှုဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးရင် ဒီနေပြည်တော်ခရီးစဉ်နဲ့ပတ်သက်ပြီး လူထုကို အသိပေးတဲ့စာတွေ NLD က ထုတ်ပြန်မယ်လို့ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မပြန်ခင် နေပြည်တော်မှာ သတင်းထောက်တွေနဲ့တွေ့စုံစဉ်တွင်းမှာလည်း သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ တွေ့ရတာ အင်မတန် ၀မ်းသာအားရပါတယ်လို့ ပြောသလို နောက်ထပ်တွေ့ဆုံဖို့ မျှော်လင့်ထားကြောင်းနဲ့ နိုင်ငံရေးတိုးတက်မှုတွေရဖို့ ပူးပေါင်းပြီး ဆောင်ရွက်နိုင်အောင် ကြိုးစားသွားမယ် ဆိုတဲ့အကြောင်းတွေကို မှတ်ချက်ပေးပြောသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ  ဒီကနေ့ သြဂုတ်လ ၂၀ ရက် စနေနေ့ မနက်ပိုင်းမှာ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပနေတဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မနက် ၉ နာရီကနေ  ၁၀ နာရီကျော်လောက်ထိ တက်ရောက်ခဲ့ပြီး စီးပွားရေးစာတမ်း ၂ ခုဖတ်တာကို နားထောင်ခဲ့ပါတယ်။
ဒီဆွေးနွေးပွဲကိုတက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ စီးပွားရေးပညာရှင်တွေက ကြိုဆိုနှုတ်ဆက်ခဲ့ကြသလို အစည်းအဝေး ခတ္တရပ်နားစဉ် အချိန်အတွင်းမှာလည်း ပြည်ထောင်စုဝန်ကြီး တချို့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အချိန်အတော်ကြာ စကားပြောဆိုခဲ့တယ်လို့ ဒီဆွေးနွေးပွဲကို တက်ရောက်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။
“ပြန်ထွက်တဲ့အချိန်မှာ ကော်ဖီသောက်တဲ့အခန်းကို သွားတဲ့အချိန်မှာ တက်လာတဲ့ ဧည့်ပရိဿတ် ၆၀၀ လောက် ကျော်လောက်က ထွက်သွားပြီး နှုတ်ဆက်တာ တွေ့တယ်ခင်ဗျ။ နောက် ကော်ဖီသောက်တဲ့ အခန်းထဲမှာတော့ တာဝန်ရှိတဲ့သူတွေနဲ့ အတူတူ ၀ိုင်းဖွဲ့ပြီးတော့ ကော်ဖီသောက်ရင်းနဲ့ စကားပြောနေတာလည်း တွေ့တယ်ဗျ။ ပြန်ထွက်တဲ့အချိန်မှာတော့ လုပ်ငန်းရှင်တွေ ဘာတွေလည်း သွားနှုတ်ဆက်တာလည်း တွေ့ပါတယ်။ စာတမ်းတွေကတော့ မနေ့ကနဲ့ ဒီနေ့နဲ့ကတော့ နဂိုကတည်းက ကြိုတင်ပြီးတော့တောင်းထားတဲ့ စာတမ်းတွေပါပဲ။ ပုံမှန်ပါပဲ။ မနက်ကတော့ ကုန်သည်အသင်းက ဦးဝင်းအောင်ရယ်၊ တခြားတစ်ယောက်ရဲ့ စာတမ်းရယ် စာတမ်းနှစ်စောင် နားထောင်သွားတယ်ဗျ။”
စီးပွားရေးလုပ်ငန်းရှင် တဦးပြောပြခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်၊ စက်မှုဝန်ကြီး ဦးစိုးသိန်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ်သိန်းဌေးအပြင် ပို့ဆောင်ဆက်သွယ်ရေးက ရထားဝန်ကြီး ဦးအောင်မင်းတို့နဲ့အတူ အစည်းအဝေးရပ်နားစဉ်အတွင်း စကားပြောဆိုခဲ့သလို ဒီဆွေးနွေးပွဲကိုတက်နေတဲ့ စီးပွားရေးပညာရှင်တချို့နဲ့လည်း တွေ့ဆုံစကား ပြောခဲ့ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သွားခဲ့တဲ့ ခရီးစဉ်ဟာ မြန်မာ့နိုင်ငံရေးအတွက် တိုးတက်တဲ့လမ်းကြောင်းအစ ဖြစ်တယ်လို့ NLD ပါတီ ဒုတိယဥက္ကဌ ဦးတင်ဦးက သုံးသပ်ပါတယ်။
“တွေ့ရသလောက် အခုလက်ရှိအားဖြင့်တော့ ကျနော်တို့ အများကြီး အရင်ကထက်စာရင်တော့ တိုးတက်ကောင်းမွန်တာတော့ မှန်တယ်လေ။ တော်တော်ကိုပဲ ဒါ တဘက်နဲ့တဘက် ရင်းနှီးမှုရပြီးတော့ နားလည်မှုရအောင်လုပ်တဲ့ လုပ်ငန်းတွေရဲ့အစ ဖြစ်တဲ့အတွက် ဒါဟာ ကောင်းမွန်တဲ့လက္ခဏာ ဆောင်တယ်။ ဒီလိုကတော့ တွက်လို့ရပါတယ်။ ထဲထဲဝင်ဝင် မဟုတ်သည့်တိုင်အောင်တော့ ပြောရဆိုရမယ့်ကိစ္စ အ၀၀မှာတော့ ကျနော်တို့ တစိတ်မှတ်မှတ်တောင်းလာတာက ရှေ့ဆက်ပြီးလုပ်ရမယ့် လုပ်ငန်းရပ်တွေ အကောင်အထည်ဖော်တဲ့ကိစ္စမှာ တဘက်နဲ့တဘက် ရင်းရင်းနှီးနှီး ပြေပြေလည်လည်ပေါ့နော်၊ နားလည်မှုရှိရှိနဲ့ နိုင်ငံတော်သမ္မတဘက်က နောက်ဆုတ်သွားတာမျိုး ရွံ့သွားတာမျိုးတွေ မရှိဘဲနဲ့ ဒီဘက်ကလည်း ကျနော်တို့ ပြောစရာဆိုစရာရှိတာတွေ အားလုံးကိုလည်း ပြောဆိုတင်ပြပြီးတော့ ကျနော်တို့ တူညီရာလုပ်ငန်းတွေပေါ့နော် လုပ်နိုင်အောင် ဖြစ်နိုင်စရာအကြောင်းရှိတယ်လို့ ကျနော်ကတော့ ယုံကြည်တယ်ခင်ဗျ။”
ဒီလိုတွေ့ဆုံ ဆွေးနွေးမှုတွေကနေ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးရေးကိစ္စ၊ လတ်တလော အရေးတကြီးအဆင့်မှာ ရှိနေတဲ့ တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေးဆိုင်ရာ အခြေအနေတွေကို အလျင်အမြန်တိုးတက်အောင် ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က ကြိုးပမ်းမှာဖြစ်တယ်လို့လည်း ဦးတင်ဦးကပြောပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ကို သြဂုတ် ၁၉ရက် သောကြာနေ့မနက်က သွားခဲ့တာဖြစ်ပြီး သမ္မတနဲ့ရော အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့ပါ တွေ့ဆုံသလို အစိုးရသစ်က ဦးစီးကျင်းပတဲ့ အခမ်းအနားကို တက်ရောက်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက် ၁၁ နာရီကျော်မှာ နေပြည်တော်ကပြန်လာပြီး ရန်ကုန်ကို ညနေပိုင်းမှာ ပြန်ရောက်ပါတယ်။
နေပြည်တော်မှာကျင်းပနေတဲ့ စီးပွားရေးနဲ့ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကတော့ သြဂုတ်လ ၁၉ ရက်နေ့ကနေ မနက်ဖြန် သြဂုတ်လ ၂၁ ရက် တနင်္ဂနွေနေ့အထိ ၃ ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။
ဗွီအိုအေ ကမှတဆင့် ပိုလိုမရှိ တိုက်ရိုက် ကူးယူတင်ပြ တာပါ၊
အွန်လိုင်း ဂေါ်လီကိုကိုကြီး

August 14, 2011

၂၉-မိန်းကလေးများ လက်မတွဲအပ်သော ယောင်္ကျား…

မိန်းကလေးများ လက်မတွဲအပ်သော ယောင်္ကျား…
ဒီလိုယောင်္ကျားမျိုးတွေက ချစ်ဖို့ မတန်တဲ့သူတွေပါ..တသက်လုံးစိတ်ဆင်းရဲရမှာနဲ့ စာရင် တလလောက်အသဲကွဲပစ်လိုက်တာ လဲရတာတန်ပါတယ်…………
၁- လက်ပါတတ်သောသူ( ရန်ဖြစ်တာနဲ့ လူရှေ့ မရှောင် သူရှေ့ မရှောင်လက်သံပြောင်တတ်တဲ့သူတွေလေ…
နောက်မလုပ်တော့ပါဘူးလို့ သူကတောင်းပန်တော့ ချစ်လက်စနဲ့ ကြေအေး..အော်..သူနောက်လုပ်မှာ မဟုတ်ပါဘူးလေ..လို့ …ဖူးယောင်နေဆဲ မျက်နှာသေလေးနဲ့
တွေးတော မနေ ပါနဲ့ ..ဗီဇက ဖျောက်ဖို့ ခက်ပါတယ်..)
၂- ကိုယ့် မိဘ၊ သူငယ်ချင်း ၊ အသိုင်း အ၀ိုင်းကို အလေးမထား၊ မလေးစား သူ
( တသက်လုံး မျက်နှာငယ်ရ ၊ အြေ့ပာအဆိုခံရမှာပါ၊ တခြိမ်းခြိမ်း စကားနိုင်လုပွဲတွေ
လဲဆက်နေမှာပါ..)
၃-အလုပ်လက်ကြောမတင်းသူ ( တလောကလုံးက အလုပ်တွေ ကသူနဲ့ပဲ မတန်သလိုလို… အလုပ်လုပ်ရန် နေ့ ရွှေ့ ညရွှေ့ 
ဖင်တပြန်ခေါင်းတပြန် အပျင်းကြောထူနေတတ်တဲ့သူပေါ့..မစဉ်းစားပါနဲ့ …တဘ၀စာ ရှာဖွေရမှာ တယောက်တည်း
ပင်ပန်းလှပါတယ်)
၎- အခက်အခဲဖြစ်တိုင်း ခေါင်းရှောင်တတ်သူ ( အကြံတုံး ဥာဏ်တုံး..အစွမ်းအစတုံး ငနဲတွေပါ…မိန်းကလေးကပဲ
ဦးဆောင်နေရတာပေါ့ကိုယ်ပိုင်အရည်အချင်းမရှိသူမျိုး ကို မချစ်ပါနဲ
့)
၅-ထစ်ခနဲရှိမျက်ရည်ကျပြတတ်သူ (ယောင်္ကျားတန်မဲ့ မျက်ရည်လွယ်သူ တွေလဲ ရှိပါတယ်…ကိုယ့်ကြောင့်ငိုလို့ ကိုယ့်ကိုသိပ်ချစ်တာပဲလို့ ထင်ရင်တော့
ဂိုးပြီနော်….သူက ကိုရီးယားကားကြည့်လဲ ငို ကုလားကားကြည့်လဲ ငိုဆို
ဘယ်လိုလုပ်မလဲ… အပိုလုပ်သူတွေပါ..)
၆- စကားပြောသိပ်ကောင်းသူ ( သူ့ မှာ မိန်းကလေးတွေ ၀ိုင်းနေတတ်ပါတယ်..အပြောကောင်းတာကိုး….ဒီလိုလူမျိုး
ကရှုပ်ကို ရှုပ်တတ် ပါတယ်… မပတ်သတ်တာ စိတ်ချမ်းသာပါတယ်..သူ့ တော်ကီမှာ
မျောလို့ကတော့နောက်ပိုင်း မျက်ရည်ခွက်မှာပါ မျောမယ်မှတ် )
၇- အပျော်အပါးကိုစွဲလန်းသူ ( အဲ့လိုယောင်္ကျားမျိုး က အပေါင်းအသင်းစုံရင်အကုန်လုပ်ပါတယ်..သူမလုပ်ဖူးတာမရှိ သလောက်ပါ…ပိုက်ဆံလဲ
အသုံးကြမ်းပြီး…မိန်းမရှုပ်တတ်ပါတယ်… ရှိုးပွဲတကာ..ကလပ်..ကေတီဗီ…အကုန်မှာ သူက
ဘုရင်ပါပဲ)
၈-ရောဂါရှိသူ ( နှလုံးရောဂါ။ အဆုတ်ရောဂါ..ဘာညာသာရကာ…ရှိသူတွေပါ..အားမကိုးလောက်ပါဘူး…သူ
့ကိုလဲရှာကျွေးရမယ်..
ဆေးဖိုးလဲရှာရမယ်…ပြုစုရမယ်..ပျော်စရာ အချိန်မရှိပါဘူး..)
၉-မုးယစ်ဆေးဝါးစွဲနေသူ ( ကြောက်ဖို့ ကောင်းတဲ့သူတွေပါ..လူသတ်ဖို့တောင်ဝန်မလေးပါဘူး…ဆေးကြောင် ကြောင်ခဲ့ရင်
ကိုယ့်ကိုချစ်သူမှန်းသိချင်မှသိတော့မှာ..လည်ပင်းညှစ်ပြီး နားကပ် ဆွဲကြိုး
ဖြုတ်..ပိုက်ဆံအိတ်လုသွားလို့  ရုံးရောက် ဂါတ်ရောက်
ကျော်မကောင်းကြားမကောင်းဖြစ်တတ်ပါတယ်..)
၁၀- အမေ ကိုသိပ်ချစ်သူ ( ဘယ်တော့မှ လင်ယောင်္ကျားကောင်းဖြစ်မလာပါဘူး…အမေ့ စကားတခွန်းပါပဲ..ယောက္ခမက
ဂုံးတိုက်
တတ်တဲ့ သူဖြစ်လို့ကတော့ သေပြီ ဆရာပဲ…မျက်ရည်စမ်းစမ်းနေရမှာပါ… သူ့ အမေ နဲ့စကားများကြည့်..အိမ်ပေါ်ကနှင်ချမယ့်
သားအလိမ္မာတုံးတွေလေ….)
စာကိုပြီးဆုံးအောင်ဖတ်နော် ( ကဲ အတတ်နိုင်ဆုံးဒီလိုလူမျိုးနဲ့ မဆုံစေနဲ့ပေါ့
ကိုကိုဂေါ်လီဆရာလုပ်တာမဟုတ်ဘူးနော် ...သူများပို့ ပေးတာပါ ...ကောင်းမယ်ထင်လို့ ဒီဘလောက်လေး
ပေါ်မှာ နေခွင့်ပေးထားတာပါ။ ဘိုင်ဘိုင် ...အွန်လိုင်းပေါ်မှာ ဘော်ဒါတွေ စောင့် နေလို့ လစ်လိုက်အုန်းမယ်၊

August 13, 2011

၂၈-Cookies သခိုးသတိထား


Cookies အင်တာနက်သခိုးအသေးစား စက်သမားတွေသတိထား
သယ်ရင်းတို့ က အင်တာနက်ပေါ်လိုင်းပေါ်မှာ ဟိုဟာ ဒီဟာကလေးတွေ website တွေကိုvisit
လုပ်မိတယ် ဥပမာ မိမိကြိုက်နှစ်သက်တဲ့ ဆော့ ဖ်ဝဲလေးတခုပေါ့ ၊ကောင်မလေးပုံတို့ မိမိက။
စိတ်ဝင်စားလို့ မိမိစက်ထဲကို ခေတ္တ သို့  ထာဝရသိမ်းမိတယ်၊အဲဒီcookies ကသင့် ကို ပြန်ကလဲ့ စားချေပြီးသင့် စက်ထဲ အချက်လက်တွေ ခိုးနေပြီ ၊ပိတ်လည်းနောက်တခါ ဖွင့် ပြန်ရင် ဆော့ ဖ်ဝဲလ်
ရေးတဲ့လူက TRACK ပြန်လုပ်မယ် အဲဒီဖိုင်မျိုးကို Cookies လို့ ခေါ်ပါတယ်Cookie တခုကို သက်ဆိုင်ရာWebsite ကပဲဖတ်နိုင်ပါမယ်၊
၎မျိုးရှိတယ်နော် 1=Persistent cookies
                      2=Temporary cookies
                      3=First-party vs Third-Prty cookies
                      4=Unsatisfatory cookies တို့ ပါ၊ အဲဒီအထဲမှာ ပထမဆုံး Persistent cookies ကလေ Internet Explorer တို့ -MozillaFirefox တို့ -Google Chrome တို့  ကိုပိတ်လည်း cookies ကကျန်နေမှာပဲ
ဒုတိယ အမျီုးစားကတော့ သင့် ရဲ့  Current browsing session မှာပဲရှိနေပြီး Internet ကိုပိတ်၇င်ပျောက်သွားပါမယ်၊
တတိယအမျိုးစားကတော့ သင့်ကွန်ပျူတာကိုကြေငြာ space အနေနဲ့ ခနခနကြေငြာတွေလာကပ်မယ်
ဟိုဟာလုပ်မလား ဒီဟာအလကားရမယ် ခနခန ဒုက္ခလာပေးမယ်။
အဲနောက်ဆုံးတခုက လုံးဝချီးထုပ်ကြီး ပါတ်ကျိ လို မျော့လိုပဲ အသေလာတွယ်နေတယ် delete လုပ်၇င်လည်းမပျက်ချင်ဘူး ။မှားဖျက်မိပြန် ရင်လည်း cookises  Website နဲ့ connection ပြတ်သွားတဲ့ အတွက် အဲဒီ Website ထဲက Information တချို့ ကိုလိုအပ်တာမျိုးရှိနေတာပြန်
ကြောင့် ပြန်သွင်းရပြန်တယ်၊ထားပြန်၇င်လည်း စက်ကြီးကလေးလာတယ်၊ခနခနဟမ်းတယ်၊Virusတို့ 
Trojan တို့ ကလည်းလစ်ရင်လစ်သလို ဝင်ပုန်းခိုနေတပ်တယ်၊ခနခနဘယ်ကနေ share လုပ်ဘို့ 
ပုံတွေ message တွေဝင်လာမယ်။
ကြာတယ် မပေါင်းလည်းခက် ပေါင်းလည်းခက်။ဒီအုန်းခဏခဏ လာစားတဲ့ ချီးထုတ်ကို
စက်ထဲကနေ ဂေါ်လီကိုကိုကြီး  မောင်းထုတ်ပြမယ်။
ကိုင်းစမယ်…သေချာလုပ်ပါ။
Internet Explorer သို့  Mozilla ကိုသွား>Propertiesကိုဝင်>General tab အကွက်တန်းတွေ့ မယ်
ကျနော်က Xp စက်သမားဆိုတော့ Browsing historyခေါင်းစဉ်တွေ့ လိမ့် မယ် အောက်မှာဒီစာတွေ့ 
မြင်၇မယ် Delete Temporary file,history,cookies,saved password,and web form
Information.စာကိုတွေ့ မယ်၊ အယင်ဆုံး Delete နဲ့ Settings အကွက်၂ခုထဲက Settings ဆိုတဲ့စာကို မောက်နဲ့ တချက်နိပ်ဝင်လိုက်ပါ၊
Temporary Internet File and History Setting ဆိုတဲ့ ဒိုင်ယာလော့ ဇယားကြီး ပေါ်လာမယ်
ဘာမှမလုပ်နဲ့ အုန်း အောက်ကအကွက် ၃ကွက်လေးထဲက စာကိုဖတ်ပါ ၊
၁.Move folder –၂. View objects – ၃.View files တွေ့ ရမယ်၊
ဒီCookies တွေဘယ်လောက် သောင်းကျန်းနေတယ်ဆိုတာ ၃.View file ကိုမောက်နဲ့ ဝင်လိုက်ပါ
Cookies တွေ ကြောက်ခမန်းလိလိ အများကြီးတွေ့ ရမယ်။
ဘာမှမပူနဲ့  ဂေါ်လီနှိပ်ကွတ်ပြမယ် ၊မှုလနေရာ Internet Properties နေ၇ာကိုပြန်သွားပါ
ခုနက Geneal ဒိုင်ယာလော့ Browsing history့ အကွက်ထဲက Delete နဲ့ Settings အကွက်၂ခုထဲက
Delete ကိုမောက်နဲ့ ဝုန်းကနဲ ဆို ပြီး တချက်နိပ်ကွတ်လိုက်ပါ၊
ပြီးရင်ပြန်ထွက်ပါ ပြေးကုန်ပြီလေ…မယုံယင်ပြန်ကြည့် ပါ ဘလာနတ်ထိမရှိ၊
ဒါပေမဲ့ သင်အင်တာနက်သုံးတိုင်းပြန်ချည်းကပ်လာမယ်၊သူနဲ့ ။ဘာလို့ လည်းလို့ မေးကြမယ်လေ
သယ်၇င်းစက်ထဲမှာ၊ဒီCookies နဲ့ ပါတ်သက်နေတဲ့ Software တွေတစိတ်တပိုင်းသုံးထားလို့ ပါ
ခဏခဏသာလုပ်ပေးပါ၊သင့် အတွက်ထိရောက်ကောင်းမွန်တဲ့ အကျိုးရရျိလာမှာပါ၊
ဝန်ခံချက်တခုပါ…ကျနော် ဘလောက်နာမည် ဂေါ်လီကိုကိုကြီး မှုယင်းနာမည် ကိုဝင်းထက်လင်းပါ
ကွန်ပျုတာနဲ့ ပါတ်သက်လို့ ဘာသင်တန်းမှ မတက်ဖူးပါဘူး။စာအုပ်တွေကိုသာဖတ်ပြီးခက်ခဲပင်ပန်းစွာ
နဲ့ တပ်မြောက်ရခြင်းပါ Photoshop Cs များVideo edctionn /DJ Mp3 create/Internet/Blog/
Life of Story to Write/ရေးသားတပ်မြောက်ပါတယ်။သယ်ရင်းတို့ လည်းဒီလိုတပ်စေချင်ပါတယ်
ယခုCookies အကြောင်းမှာကျနော့ ကို စက်ကို အငမ်းမရ ကလိနေသောကြောင့် ကျနော့ စက်ခနခန
ဟမ်းလိုက်၊လေးလာလိုက်နဲ့ ၊ဘာလုပ်ရမှန်းမသိတော့ ပဲ။နောက်ဆုံးမမြင်ဘူးသေးသော ကျနော့ဆရာ
KO AUNG MYINT (M.E.Australia)Window  XP Vol:2 ထဲမှပြန်လည်ဖတ်ရှု့လေ့လာရင်း
အောင်မြင်ခဲ့၍ ၊ထိုမမြင်ဘူးတဲ့ဆရာအားကန်တော့ ရင်းပြန်လည်ဝေမျှလိုက်ပါတယ်။
အွန်လိုင်းဂေါ်လီကိုကိုကြီး။ လျှောက်လိုက်အုန်းမယ်နော်….