| Thursday, 29 December 2011 03:36 |
| ပေါက်ကွဲမီးလောင်မှုနှင့်အတူ ပျက်စီးခဲ့သည့် မီးသတ်ယာဉ်များ မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ABC စက်ဆန်းရှိ ကုန်ပစ္စည်းသိုလှောင်ရုံ ဂိုထောင်များ ပေါက်ကွဲမီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ ပေါက်ကွဲမီးလောင်မှုကြောင့် ပေ ၅၀ ၀န်းကျင်မှ ပြိုကျနေသည့် နေအိမ်များ အဆိုပါပေါက်ကွဲလောင်ကျွမ်းမှုကြီးကြောင့် ဘေးပတ်ဝန်းကျင်အားလုံးရှိ နေထိုင်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ပြီး သေဆုံးသူများလည်းရှိသည်။ ဖြစ်စဉ်အသေးစိတ်နှင့် မည်မျှထိခိုက်ဆုံးရှုံးသည်ကို အတိအကျ သိရှိရခြင်း မရှိသေးပါ။ ဒဏ်ရာရရှိသူများကို နီးစပ်ရာကားများဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်းလည်း သိရသည်။(ယခုအထိ မီးလောင်ကျွမ်းနေဆဲဖြစ်သည်။ ၂၉- ၁၂ - ၂၀၁၁ နံနက် ၃ နာရီ ၄၀ မိနစ်အထိ ) ပေါက်ကွဲမှုကြောင့် အုတ်တံတိုင်းနံရံများ လွင့်စင်ထွက်ကာ ပေ ၅၀ ကျော်ရှိ နေအိမ်များ ပေ ၂၀၀ ၀န်းကျင် အကွာရှိ ချောင်းအတွင်း၌ရှိသော စက်လှေကြီးများပင်ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲလောင်ကျွမ်းမှုကို ရန်ကုန်မြို့ရှိ မြို့နယ်အတော်များများတွင် သိရှိခံစားခဲ့ရကြောင်းလည်း သိရသည်။
ပေါက်ကွဲမီးလောင်မှုကြောင့် ဖြစ်ပွားခဲ့သည့် ကျင်းချိုင့်တစ်ခု ''ကျွန်တော်တို့ အိပ်နေတုန်း ၀ုန်းကနဲဆို အိမ်က ပြိုဆင်းသွားတယ်။ အိမ်ထဲကနေ ကမန်းကတန်းထွက်ပြီး နီးစပ်ရာမှာ မြစ်ကမ်းဘေးမှာ ၀ပ်နေရတယ်။
ကျန်တဲ့သူတစ်ချို့ကတော့ အုတ်နံရံစတွေ လွင့်ပျံ့ထွက်လာတာနဲ့ ထိခိုက်မိပြီး သေသူသေ၊ ဒဏ်ရာရသူရ၊ လဲသူလဲနဲ့ နေရာအနှံ့ ရှိခဲ့တယ်။ အဲဒီဂိုထောင်ရဲ့ ပတ်ပတ်လည်မှာနေတဲ့သူအားလုံးနီးပါး ထိခိုက်ဒဏ်ရာရတယ်။ ဂိုထောင်ဘေးက လမ်းခြားနေတဲ့ အိမ်တွေတောင် ဘာမှမသိ လိုက်ရဘဲ လွင့်ထွက်လာတဲ့ အပိုင်းအစတွေကြောင့် ပြိုကျကုန်တဲ့အထိ အရှိန်က ပြင်းလွန်းတယ်။ ချောင်းတစ်ဖက်ကမ်း ဒေါပုံဘက်အခြမ်းမှာနေတဲ့ သူတွေကိုတောင် လွင့်စင်လာတဲ့အပိုင်းအစတွေ ထိမှန်ခဲ့တယ်လို့ သိရတယ်'' ဟု ဂို ထောင်ဘေးတွင် နေထိုင်ကာ ယခုဖြစ်စဉ်အား ကိုယ်တွေ့ကြုံတွေ့ခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။ နောက်ဆုံးရရှိသော သတင်းများအရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လတ်တလော စာရင်းကောက်ခံမှုအရ ၁၄ ဦးသေဆုံး(ကျား ၇၊ မ ၄၊ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး)ပြီး ၅၅ ဦး ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း နံနက် ၄ နာရီ ရရှိသော သတင်းများအရ သိရှိရသည်။ (ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်) ထပ်မံသိရှိရသော သတင်းများအရ မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်နေဆဲဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသော ဒဏ်ရာရသူမှာ ၈၀ ဦး ရှိကြောင်းသိရသည်။ သေဆုံးသူများမှာ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးအပါအ၀င် ကျား ၁၀ ဦး မ ၅ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။ ဒီဇင်ဘာ ၂၉ ရက်။
9:00 AM (Update) နံနက် (၉)နာရီတွင် သိရှိရသော သတင်းအရ ဒဏ်ရာရရှိသူ (၇၈) ဦး ရှိပြီး၊ သေဆုံးသူ (၁၇)ဦးရှိကြောင်း သိရှိပါသည်။ ဒဏ်ရာရသူ (၇၈)ဦးတွင် (၃၃)မှာ မီသတ်တပ်ဖွဲ့ဝင်များဖြစ်ပြီး သေဆုံးသူ (၁၇)ဦးအနက် (၆)ဦးမှာ မီသတ်တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်းသိရှိရသည်။ အခင်ဖြစ်ပွားရာနေရာ၌ ပစ္စည်းသိုလှောင်ရုံ (၃၇)လုံး ရှိသည့်အနက် (၁၆)လုံးမှ မီးလောင်ကျွမ်းမှုတွင် ပါဝင်သွားခဲ့ကြောင်း သိရှိရသည်။ မီးလောင်ကျွမ်းမှုတွင် မီးသတ်ယာဉ် (၂)စီးလည်း ပါဝင်ခဲ့ကြောင်းသိရသည်။
9:15 AM (Update) မီးလောင်ကျွမ်းမှုသည် ၀ါယာရှော့ပ်ဖြစ်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ပြောကြားမှုမျာရှိသော်လည်း ကြီးမားသောပေါက်ကွဲမှု ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ တရားဝင် သတင်းအတိအကျ ထုတ်ပြန်ခြင်းမရှိသေးပါ။ 12:15 PM (Update) "ကျွန်တော်တို့ အင်ဂျင်နီယာပိုင်းဆိုင်ရာ စစ်ဆေးတွေ့ရှိမှုတွေအရ ဒါဟာ ၀ါယာရှော့လုံးဝမဟုတ်ပါဘူး။ လုံခြုံရေးမီးတစ်လုံးပဲ ရှိတဲ့နေရာကနေ ၀ါယာရှော့ဖြစ်ဖို့ မဖြစ်နိုင်ပါဘူး။ မီးလောင်ရင်တော့ ၀ါယာတွေမီးလောင်မှာပါပဲ။ လူတွေက အပြစ်လျော့အောင်လို့သာ ၀ါယာရှော့လို့ပြောနေကြတာပါ။ တကယ်တော့ ဒီမီးလောင်ကျွမ်းမှုဟာ ၀ါယာရှော့ကြောင့်မဟုတ်တာ အထောက်အထားတွေရှိပါတယ်" ဟု အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မင်္ဂလာတောင်ညွန့်မြို့နယ် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ လက်ထောက်အင်ဂျင်နီယာမှုး ဦးတင်ထွန်း က ပြောပါသည်။ 6:45 PM (Update) မီးလောင်ကျွမ်းမှုတွင် မီးငြိမ်းသတ်ရင်း သေဆုံးခဲ့ရသော မီးသတ်တပ်ဖွဲ့ဝင် (၅) ဦးအား ဒီဇင်ဘာ ၂၉ ရက် ညနေ ၅ နာရီ ၁၀ မိနစ်တွင် တပ်ဖွဲ့ဝင်အခမ်းအနားဖြင့် မီးသဂြိုလ်ခဲ့ကြောင်း သတင်းရရှိသည်။ မီးလောင်ကျွမ်းမှုနှင့် ပေါက်ကွဲမှုအတွင်း သေဆုံးသွားခဲ့သော တပ်ဖွဲ့ဝင် (၅) ဦးမှာ -
၁၊ တပ်ကြပ်ကြီး ဇော်ဌေး (၅၀)နှစ်
၂၊ တပ်ကြပ် တင်စိုး (၃၄) နှစ်
၃၊ တပ်သား မျိုးကျော်ကျော် (၂၀) နှစ်
၎၊ တပ်သား အောင်အောင် (၂၈) နှစ်
၅၊ တပ်သား သော်ဇင်မျိုးထက် (၂၁) နှစ် တို့ဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်အသေးစိတ်နှင့် နောက်ဆုံးရအခြေအနေများကို ဆက်လက်ဖော်ပြသွားပါမည်။ |
အခြားဆက်စပ်မှုရှိသောသတင်းများ
**********************************************************
မလေးရှားမှ..ကျွန်တော်ညီလေး မြန်မာ့စတိုင်ဂျာနယ်အယ်ဒီတာရဲ့ ရသလေးနှင့် အတူ
အခြားသောညီကိုယ်မေးလ်တို့ မှ ခံစားမှုများအောက်တွင်ဆက်ဖတ်ပါ.
သူတို့ သိတယ် ..
ဘယ်လိုကြောင့်ပဲ လောင်လောင်၊ ဘယ်သူ့ကြောင့်ပဲ လောင်လောင် .
မီးလောင်ရင် ပြည်သူတွေ ဒုက္ခရောက်လိမ့်မယ်ဆိုတာကို ... သူတို့ သိတယ်...၊
မီးဆိုတာ ပူမှန်းသူတို့သိတယ် .... ဒါပေမယ့် အပြင်ကမီးထက် ဘ၀တူ ပြည်သူတွေကို စိုးရိမ်တဲ့
ရင်ထဲက မီးက ပိုပြီးတောက်လောင်နေတယ်။
နိုင်ငံတကာက မီးသတ်တွေလို ... ကာကွယ်ရေးပစ္စည်းအပြည့်အစုံ သူတို့မှာ မရှိဘူး၊
သူတို့ သေသွားရင် နောက်မှာ ကျန်ခဲ့သူတွေ ဘာထောက်ပံ့မှုမှ မရဘူးဆိုတာကိုလည်း သူတို့သိတယ်၊
လူဆိုတာ အားလုံးကြောက်တက်ကြတာပဲ .. သူတို့လည်း ကြောက်တက်တယ်၊
ဒါပေမယ့် သူတို့ရင်ထဲမှာ အတ္တထက် ပရ က ပိုများနေတယ်၊
လောင်နေတဲ့ မီးတောက်တွေနဲ့အတူ ကြွေလွင့်သွားတော့မယ့် ဘ၀တွေအတွက် သူတို့ စိုးရိမ်တယ်၊
လောင်နေတဲ့ မီးတွေကို ငြိမ်းသတ်ဖို့ ... ရေ ... တွေ အပြင် သွေးတွေကိုပါ သူတို့ ထပ်လောင်းခဲ့ကြတယ်။
ဘယ်လိုကြောင့်ပဲ လောင်လောင်၊ ဘယ်သူ့ကြောင့်ပဲ လောင်လောင် .... မီးလောင်ရင် ပြည်သူတွေ
အရင်ဆုံး ဒုက္ခရောက်မယ်ဆိုတာကို သိလို့ ပြည်သူအတွက် ပေးဆပ်ခဲ့တဲ့ ခင်ဗျားတို့ ငါး ဦးကို ဂါရ၀ ပြုပါတယ်။
**********************************************************
Comments ရောင်းရင်းများ
-9 #66 nayminwin 2011-12-29 21:04 သူတို့ ယတြာချေနေသမျှ ပြည်သူတွေတော့ ခံအုံးပေါ့။ မင်းလောင်း= မီးလောင် ဆိုပြီးး ကက်ကင်းရိုက်တာလား။ ကျွမ်းကျင်သူတွေ သိမှာပါ။ ကြက်ဆူတုန်းကတော့ ဘာကြောင့်စိုက်ခိုင်းတယ်ဆိုတာသိပြီးသားပဲ။ ကြက်ဆူ=စုကြည် ။မီးလောင်လေတိုင်း ရှော့ဖြစ်တယ်ပြောနေလို့ မယုံနိုင်ပါ။
+6 #65 soemoe.gstar 2011-12-29 20:54 ပိုင်ရှင်ကိုအရေးယူတာမှန်ပေမယ့် . မြို့တွင်းနဲ့ နီးတယ့်ဒီဂိုဒေါင်မှာ ဒီလိုအန္တရာယ်ရှိတဲ့ ပစ္စည်းတွေ ရောနှောသိုလှောင်ထားတာကို သက်ဆိုင်ရာဌာနတွေက မသိလို့လား ဒါမှမဟုတ် $ $ $ . . .
+7 #64 Ko Gyi 2011-12-29 20:35 Quoting octobergmyo@gmail.com:
မီးသတ်ဝန်ထမ်းတွေရဲ့ ဘဝက သနားစရာပါဗျာ။သူတို့ရဲ့ အသက်ကိုရင်းပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ပေးကြတာပါ။ အဲ့ဒီလို မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ မီးသတ်ပေးနေတဲ့ မီးသတ်သမားစစ်စစ်တွေဟာ ဘာမှ မဟုတ်တဲ့ အရံမီးသတ်တွေကြောင့် သူတို့ပါရောပြီး အမုန်းခံနေရတာပါ။ တကယ်တော့ အရံမီးသတ်တပ်ဖွဲ့ ဝင် အများစုဟာ နေရာတကာမှာ ဆရာကြီး လုပ် လူတွင်ကျယ်ကြီးလိုက်လုပ်နေကြလို့ လူမုန်းစရာ ဖြစ်နေတာပါ။
အရံမီးသတ်ကို ကြည့်မရပေမယ့် ကိုယ်ကျိုးစွန့်ရဲတဲ့ မီးသတ်သမားတွေကိုတော့ တကယ်ကို လေးစားပါတယ်ဗျာ။ မီးသတ်ရင်း အသက်ပေးလှူခဲ့ပြီးသောသူမီးသတ်သမားများ အားလုံးလည်း ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်လိုက်ပါတယ်။ တာဝန်ထမ်းဆောင်နေဆဲ မီးသတ်သမားစစ်စစ်တွေလည်း ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ ပြည်သူ့ အသက်အိုးအိမ်တွေကို ဆက်လက်စောင့်ရှောက်ပေးနိုင်ပါစေဗျာ
ကြားရသတင်းအပေါ် ကျန်ရစ်တဲ့မိသားစုတွေအတွက် ကိုယ်ချင်းစာ ဝမ်းနည်းလွန်းလို့ မျက်ရည်ကျမိပါတယ်၊ ပြည်သူတွေအတွက် တကယ်မွန်မြတ်စွာ အသက်ပေးလှူခဲ့တဲ့အတွက် ဂုဏ်လည်းယူပါတယ်
+11 #63 UTunLin 2011-12-29 19:40 "နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် သေရေးရှင်ရေး အခြေအနေတိုင်းမှာ ကိုယ်ကျိုးစွန့်ရ၊ အသက်စွန့်ရတာ ကတော့ ဒီလူတွေပါပဲ"
ဂုဏ်ပြုဆောင်းပါး
http://www.scribd.com/doc/76713161/Heros-of-Myanmar
+16 #62 Gabargyi 2011-12-29 19:18 12:15 PM (Update)
"ကျွန်တော်တို့ အင်ဂျင်နီယာပိုင်းဆိုင်ရာ စစ်ဆေးတွေ့ရှိမှုတွေအရ ဒါဟာ ၀ါယာရှော့လုံးဝမဟုတ်ပါဘူး။ လုံခြုံရေးမီးတစ်လုံးပဲ ရှိတဲ့နေရာကနေ ၀ါယာရှော့ဖြစ်ဖို့ မဖြစ်နိုင်ပါဘူး။ မီးလောင်ရင်တော့ ၀ါယာတွေမီးလောင်မှာပါပဲ။ လူတွေက အပြစ်လျော့အောင်လို့သာ ၀ါယာရှော့လို့ပြောနေကြတာပါ။ တကယ်တော့ ဒီမီးလောင်ကျွမ်းမှုဟာ ၀ါယာရှော့ကြောင့်မဟုတ်တာ အထောက်အထားတွေရှိပါတယ်" ဟု အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မင်္ဂလာတောင်ညွန့်မြို့နယ် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ လက်ထောက်အင်ဂျင်နီယာမှုး ဦးတင်ထွန်း က ပြောပါသည်။
ဝါယာရှေ့ကြောင့် မဟုတ်ကြောင်း သိတဲ့ သူတွေကတော့ သက်သေနဲ့ ပြနိုင်ပါတယ်တဲ့ ။ ဒါဆိုရင် ဘယ်ကစတာလဲ ဆိုတဲ့ အကြောင်း နဲ့ ဘယ်သူတွေကြောင့် အပြစ်မဲ့သူတွေ ဒုက္ခရောက်ကြရတဲ့ အကြောင်း အရင်းအမှန်ကို ပြည်သူတွေအမှန်တိုင်း သိဖို့လိုမယ် Eleven ရေ ။
+47 #61 Htet Ko 2011-12-29 17:21 သေဆုံးခဲ့ကြသူများနှင့်ကျဆုံးခဲ့ကြသောမီးသတ်ရဲဘော်များအတွက်အရမ်း စိတ်မကောင်းဖြစ်ရပါသည် ခင်ဗျား။
+53 #60 nayzaw7 2011-12-29 16:46 သေဆုံးသွားသော မီးသတ်သမားမိသားစု ကိုလည်း လှူဒါန်းသင့်ပါတယ်
+54 #59 pakhanthar 2011-12-29 15:46 ပရဆေးဆိုင်သုံး ပပ္စည်းတွေဟာ ပေါက်ကွဲတတ်ပါတယ်။ ယမ်းစိမ်း၊ကန့်(ဆာလဖာ)၊(...ဒြပ်ပေါင်း)နဲ့မီးသွေးတို့ဟာ ဖေါက်ခွဲမိုင်းသုံး၊ တူမီးသေနတ်သုံး ပစ္စည်းတွေဖြစ်ပါတယ်။ ငယ်စဉ်က ဗျောက်(မီးပန်း)လုပ်ဖို့ ပရဆေးဆိုင်သွားဝယ်နေကျမို့ ပေါက်ကွဲတတ်တာကို မီးပူလောင်ခံ ညှော်နံခံပြီးစမ်းဖူးပါတယ်။။ (...ဒြပ်ပေါင်း)ကတော့ ဓာတုဆေးဝါးဆိုင်တွေမှာ ယုံကြည်နိုင်မယ့် ထောက်ခံစာနဲ့အတူ ၀ယ်လို့ရနိုင်ပါတယ်။ ကျွန်တော်ဆိုလိုတာက ကွဲနေတဲ့ လက်လုပ်မိုင်းတွေ ပြဿနာမှာ ဓာတုဆိုင်တွေ၊ ပရဆေးဆိုင်တွေနဲ့ဆက်စပ်နေနိုင်ကြောင်း ထောက်ပြလိုခြင်းသာ ဖြစ်ပါတယ်။ ပရဆေးဆိုင်တွေမှာ ရောင်းကြတာကလည်း ယမ်းစိမ်း၊ဆာလဖာ၊ဇ၀က်သာ တွေဟာ ရွှေသန့်စင်ရာမှာသုံးတာမျိုး ၀က်အူချောင်းလုပ်ရာမှာ ယမ်းစိမ်းသုံးတာမျိုး စတဲ့ အသုံးဝင်တဲ့ ကဏ္ဍတွေအတွက်သာ ရည်ရွယ်ကြတာပါ။ သို့သော် ယမ်းစပ်နည်းဟာလည်း တောင်တွေမိုင်းခွဲရာကနေ အလုပ်သမားတွေကတစ်ဆင့် လူထုကြားကို ပျံ့နှံ့နေပါတယ်ခင်ဗျ။
တာဝန်အတွက် ကိုယ်လက်အင်္ဂါသာမက အသက်ပါစတေးသွားရသူ ပြည်သူ့ဝန်ထမ်းအားလုံးအား လေးစားဂုဏ်ယူလျှက်ပါ။
+13 #58 winmoscow 2011-12-29 15:24 Quote:
ဝါယာရှော့မှတစ်ဆင့် ဂိုဒေါင်အတွင်းရှိ ယမ်းစိမ်း၊ ကန့် စသောပစ္စည်းများအား ကူးစက်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ ပြောကြား ဒဏ်ရာရရှိသူနှင့် သေဆုံးသူ ၉၈ ဦးရှိကြောင်းသိရ
အခြေအနေအမှန်နဲ့သတင်းခေါင်းစဉ် ကိုက်ညီပါတယ်..
+37 #57 winmoscow 2011-12-29 15:04 ၂၉-၁၂-၂၀၁၁ နံနက် (၁း၃၀)ခန့်တွင် ဂိုဒေါင်အမှတ်(၇၉)မှ စတင် လောင်ကျွမ်းခဲ့ပြီး ယင်းနှင့်ကပ်လျက် ဂိုဒေါင်အမှတ် (၈၀) သို့ ဆက်လက်ကူးလောင်ကာ ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည်။ ပေါက်ကွဲမှုဖြစ်ပွားရခြင်းမှာ ဂိုဒေါင်အမှတ် (၈၀) တွင် သိုလှောင်ထားသော ဘယာဆေးပစ္စည်းများတွင် ယမ်းစိမ်း၊ ဇ၀က်သာ၊ ကန့်၊ ဒုတ္တာ၊ ကျောက်ချဉ် စသော ပေါက်ကွဲမှုဖြစ် ပေါ်စေနိုင်သည့် ပစ္စည်းများ ပါဝင်နေသောကြောင့် ဖြစ်သည်။
(၁း၄၅) ခန့်တွင် မီးသတ်ကားများ ရောက်ရှိလာပြီး ရေဖြန်း မီးငြိမ်းလျက်ရှိရာ (၂း၀၀) ခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး စုစု ပေါင်း (၁၇) ဦးခန့် သေဆုံးကာ လူ (၅၀) ကျော် ဒါဏ်ရာ ရရှိသွားသည်။ သေဆုံးသူများအနက် မီးသတ်သမား (၄) ဦးမှာ ပွဲချင်းပြီး သေဆုံးပြီး ဒဏ်ရာရဦးများအနက် (၃၂) ဦးမှာ မီးသတ်သမားများ ဖြစ်သည်။ စုစုပေါင်း ဂိုဒေါင်အလုံး (၁၆) လုံးခန့် မီးလောင်ပျက်ဆီးသွားသည်။
မီးလောင်ပေါက်ကွဲမှုကြောင့် အနီးရှိ ကူတို့ဆိပ်ရပ်ကွက်မှာ အိမ်ခြေ (၇၆) လုံး၊ ဘုန်းကြီးကျောင်း (၂) ကျောင်း၊ ဆေးခန်း (၁)၊ ဓမ္မာရုံ (၁) ခုမှာလဲ အမိုးများပွင့်ထွက်ပြီး ပြိုလဲသွားသည်။
မီးလောင်မှုကြောင့် မိသားစု (၉၆) စု၊ လူဦးရေ (၄၀၈) ဦးမှာ အိုးအိမ်များ စွန့်ခွာပြီး မင်္ဂလာရာမတိုက်၊ မဟာဝိဇယ ကျောင်းတွင် ဒုက္ခသည်များအဖြစ် ခိုလှုံနေရသည်။ မြို့နယ်အုပ်ချုပ်ရေးဌာနမှလည်း အမှတ် (၂၁) နှင့် အမှတ် (၂၄) မူလတန်းကျောင်းများကို ဒုက္ခသည်စခန်းအဖြစ် ဖွင့်လှစ်ထားသည်။
ဘယဆေးများ သိုလှောင်ထားသူမှာ (၄၆) လမ်းမှ ဦးမောင်မောင်ဝင်း ဖြစ်သည်။ ထိုဂိုဒေါင်များမှာ မူလ ပွင့်ကောင်း ကုမ္ပဏီမှ ပိုင်ဆိုင်ခဲ့သော ဂိုဒေါင်များဖြစ်ပြီး မဆလခေတ်တွင် မေတ္တာမွန်ဂိုဒေါင်များအဖြစ် အသုံးပြုခဲ့သည်။ ယခု ဆိပ် ကမ်းအာဏာပိုင်နှင့် စီးပွားကူးသန်းတို့က ပိုင်ဆိုင်ထားသော်လည်း ပုဂ္ဂလိကကို အငှားချထားသည့် ဂိုဒေါင်များ ဖြစ်သည်။
ပေါက်ကွဲအားကြောင့် သုံးပေခန့်ရှိသည့် အောက်ခံကွန်ကရစ်သားကွဲသွားပြီး အနက် (၁၅) ပေ၊ အကျယ်(၄၀) ပေခန့် နက်သည့် ကျင်းကြီး ဖြစ်ပေါ်သွားသည်။ ရန်ကုန်တမြို့လုံးလည်း ထိတ်လန့်သွားပြီး တချို့က ငလျင်လှုပ်သည်ဟု ထင် ကြသည်။ ပေါက်ကွဲမှုကြောင့်လည်း တမြို့လုံး တုန်ခါသွားပြီ ပြတင်းပေါက်မှန်များ ကွဲအက်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။
ဖိုးထိုက်၊ ရန်ကုန် ၂၉ ဒီဇင်ဘာ ၂၀၁၁
+22 #56 winmoscow 2011-12-29 14:59 ပရဆေးဂိုဒေါင်မှစတင်လောင်ကျွမ်းခြင်းဖြစ်သည်ဟုဆို...DVB News.
+12 #55 THU THU 2011-12-29 14:54 Find that wear house owner and hang him like your Pa Pa China government does.
+45 #54 yanai 2011-12-29 14:33 MRTV-4 က နေ့လည် ၂နာရီမှာ လွှင့်သွားတာ ဂိုဒေါင်က ပုဂ်ဂလိက ပိုင်လို့ဆိုပါတယ်
....တကယ်တမ်းသာ ဂိုဒေါင်ထဲမှာ ယမ်းစိမ်းတွေ ပါတယ်ဆိုရင် အဲဒီ ပိုင်ရှင်က ဘာလုပ်ဖို့ ဒီဂိုဒေါင်မှာ ဒါတွေကို ထားရသလဲ....ပြင်ပလုပ်ငန်းရှင်က ယမ်းစိမ်းကို လွယ်လွယ်ဝယ်ပြီးသိုလှောင်လို့ ရလား....သေချာစုံစမ်းစေချင်ပါတယ်....Media တွေကလည်း ဆက်လက်ပြီး Update တွေ တင်ပေးသင့်တယ်.....ဒါမှလည်း ပြည်သူတွေ သေချာသိရမှာပါ။ ပေါ့လျော့တဲ့သူတွေကိုလည်း သေချာ အပြစ်ပေးသင့်တယ်။ ဂိုဒေါင်ပိုင်ရှင်လည်း ထွက်ပြေးပြီလားမသိ????????????/
+64 #53 winmoscow 2011-12-29 14:05 Quote:
ရန်ကုန်ပေါက်ကွဲမှုမှာ အက်ဆစ်ကန်နှင့် ယမ်းစိမ်းများ မီးလောင် ပေါက်ကွဲခြင်းကြောင့်ဖြစ် By Planet ရန်ကုန် တစ်မြို့လုံးနီးပါး ကြားသိခဲ့ရသည့် ခြောက်ခြားဖွယ် မြည်ဟည်းပေါက်ကွဲမှု၏ အဓိက အကြောင်းအရင်းမှာ ဂိုထောင်အတွင်း သိုလှောင်ထားသည့် ဆာလ်လဖြူရစ် အက်ဆစ်ကန်နှင့် ယမ်းစိမ်းများ ပေါက်ကွဲခြင်းကြောင့် ဖြစ်ကြောင်း အခင်းဖြစ်ပွားရာ နေရာတွင် ရောက်ရှိနေသည့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။ ပေါက်ကွဲမှုကြောင့် အခင်းဖြစ်ပွားရာ နေရာတွင် တာဝန်ကျ မီးသတ်ဝန်ထမ်း ၅ ဦး ပွဲခြင်းပြီး သေဆုံးခဲ့ပြီး တစ်ဦးမှာ ဆေးရုံတွင် ကွယ်လွန်သွားခဲ့ရာ မီးသတ်ဌာနမှ အရာရှိ၊ တပ်သား စုစုပေါင်း ၆ ဦး အသက် ဆုံးရှုံးသွားခဲ့သည်။ သေဆုံးသူ မီးသတ်ဝန်ထမ်းများမှာ တပ်သား မျိုးကျော်ကျော်၊ တပ်သား အောင်အောင်၊ တပ်သား သော်ဇင်မျိုးထက်၊ တပ်ကြပ် ပြည်ဇော်ထွေးနှင့် တပ်ကြပ် တင်စိုးတို့ဖြစ်ကြောင်း မီးသတ်အရာရှိ တစ်ဦးက 7day news သို့ပြောသည်။
They all die in action.
ကျဆုံးသွားခဲ့သောမီးသတ်တပ်ဖွဲ့ဝင်များအား လေးစားလျက် ...
+55 #52 manthar 2011-12-29 13:59 ဒီဖြစ်စင်က အသက်နဲ့ရင်းလိုက်ရသူတွေအတွက် ရင်နင့်စရာပါပဲဗျာ.... ဗမာပြည်ရဲ့ အစစအရာရာနေရာတွေမှာ စနစ်မကောင်းမှုတွေ ဖြစ်သလိုလုပ် ရသလိုစီးပွားရှာ မကောင်းတာတွေကိုမပြုပြင် ဖြစ်သလိုဆက်သုံး၊ ရေရှည် အများသူငါ လုံခြုံမှု စနစ်များမရှိ၊ မဖြစ်သေးရင် ဘယ်သူမှသတိတရမရှိ ဖြစ်ပြီဆိုရင်တော့ ...အရင်ဆုံး အောက်ခြေဘ၀တွေ နိုင်ငံရဲ့သားကောင်းတွေဆုံးရှုံးရလေပြီ ပေါ့။
+20 #51 dr san pwint aung 2011-12-29 13:45 ရေကျော်လမ်းမ ရှိ နေအိမ် စတိုးဆိုင် အင်တာနက်ဆိုင်များ မှ တခါး မှတ်များလဲ ကွဲအက်လွင့်စင် ခဲသည်
+76 #50 crab.ghost 2011-12-29 13:27 ဖတ်လိုက်ရတဲ့ သတင်းကြောင့်
အသက်စွန့်ပြီး တာဝန်ကျေသွားတဲ့ မီးသတ်ရဲဘော်တွေအတွက်ဝမ်းနည်း၇ပါတယ်ဗျာ။
ဂိုဒေါင်ပိုင်ရှင် အပါအ၀င် အခြားတာဝန်ရှိသူတွေကို ဘယ်လိုအရေးယူ အပြစ်ပေးတယ် ဆိုတာ ကို နောက်ဆက်တွဲသတင်းအဖြစ် သိချင်ပါတယ်
+56 #49 forward 2011-12-29 13:10 သေဆုံးသွားတဲ. သူတွေအတွက် အလွန်ပင် ၀မ်းနည်း၇ပါတယ်
ဒဏ်၇၇ှိသူ အိုးမဲ.အိမ်မဲ. ဖြစ်သွားသူတွေအတွက်လည်း
ထပ်တူထပ်မျှ ခံစား၇ပါတယ်
မြန်မာပြည်သူ ပြည်သားများ be strong
+139 #48 octobergmyo@gmail.com 2011-12-29 13:10 မီးသတ်ဝန်ထမ်းတွေရဲ့ ဘဝက သနားစရာပါဗျာ။သူတို့ရဲ့ အသက်ကိုရင်းပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ပေးကြတာပါ။ အဲ့ဒီလို မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ မီးသတ်ပေးနေတဲ့ မီးသတ်သမားစစ်စစ်တွေဟာ ဘာမှ မဟုတ်တဲ့ အရံမီးသတ်တွေကြောင့် သူတို့ပါရောပြီး အမုန်းခံနေရတာပါ။ တကယ်တော့ အရံမီးသတ်တပ်ဖွဲ့ ဝင် အများစုဟာ နေရာတကာမှာ ဆရာကြီး လုပ် လူတွင်ကျယ်ကြီးလိုက်လုပ်နေကြလို့ လူမုန်းစရာ ဖြစ်နေတာပါ။
အရံမီးသတ်ကို ကြည့်မရပေမယ့် ကိုယ်ကျိုးစွန့်ရဲတဲ့ မီးသတ်သမားတွေကိုတော့ တကယ်ကို လေးစားပါတယ်ဗျာ။ မီးသတ်ရင်း အသက်ပေးလှူခဲ့ပြီးသောသူမီးသတ်သမားများ အားလုံးလည်း ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်လိုက်ပါတယ်။ တာဝန်ထမ်းဆောင်နေဆဲ မီးသတ်သမားစစ်စစ်တွေလည်း ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ ပြည်သူ့ အသက်အိုးအိမ်တွေကို ဆက်လက်စောင့်ရှောက်ပေးနိုင်ပါစေဗျာ
+101 #47 myrpp 2011-12-29 13:09 ကြားရတာ ရင်နင့်စရာပါ . . . တိုင်းပြည်အတွက် အသက်စွန့် သွားတော့ မီးသတ်ရဲဘော်များအတွက် ၀မ်းနည်းကြေကွဲရပါတယ် . . ကောင်းတဲ့အလုပ်ကို လုပ်ရင်းသေရတဲ့အတွက် ကောင်းတဲ့ ဘုံဘ၀ကိုကူးပြောင်းရပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ် . . .ကျန်ခဲ့တဲ့ မိသားစုတွေ အတွက်လည်း နိုင်ငံတော်က ထိုက်ထိုက်တန်တန် ချီးမြှင့် ပေးပါစေလို့ လဲ ဆုတောင်းပေးပါတယ် . . .
+122 #46 thansinthwee 2011-12-29 12:17 ကျွန်မအမြင်ကတော့ဂိုထောင်စောင့်ကိုလုံးဝအပြစ်မယူသင့်ပါဘူး ။
စီးပွားေ၇းလုပ်ငန်းရှင်ကိုပဲအရေးယူသင်.တာပါ ဒီလိုအန္တရာယ်ရှိတဲ.ပစ္စည်းတွေကိုဖြစ်သလိုထားတာ /ဖြစ်သလိုထားတာလို့ပဲမြင်ပါတယ်။ အစောင်.ကတော.စောင်.ဆိုရင်စောင်.ရမှာပေါ့ ။ကိုယ်ကျိုးအတွက်ပဲကြည်.တဲံ.အတွက်မဆိုင်တဲ.ပြည်သူတွေကအသက်ဆုံးရှုံးရတာပါ။ သေဆုံးသွားတဲ.မီးသတ်သမားတွေလဲအ
ရမ်းကိုသနားဖို.ကောင်းပါတယ် ။ သူတို.အတွက်လဲဂုဏ်ပြူသင့်ပါတယ် ။ တကယ်ကိုစိတ်မကောင်းပါဘူး...
........................................................................................................
ဒါကတော့ အွန်လိုင်းပေါ်မှ ကျနော့် ညီလေးရဲ့ မဟာရန်ကုန်တာမွေမြို့ နယ်က ကရွေညီလေးတောဂေါ်လီလေးရဲ့  ခံသားချက်တခုပါ........
universallover ဘ၀၀ယ် ...လူနေမှုများစွာကြုံခဲ့.၇ပါသည်။ပျော်၇ွှင်မှု၊၀မ်းနည်းမှု၊နှစ်သိမ်.မှု။ကျီးလန်.စာစားကြီးပြင်းလာ၇သောနိင်ငံတခုတွင်းမျလူတို.၇ဲ.အတွေးတွေကသံသယများပြည်.နေပေလိမ်.မည်ထင်ပါသည်။မစွမ်းဆောင်နိုင်သောပြည်သူများအတွက်မိဘမျက်နှာကြည်.ကာနေကြ၇သလိုဟိုအသံကြား၇င်ပျော်၇မလို၊ဒီအသံကြား၇င်ကြေက်၇မလို၊ယံူ့ကြည်မှုတွေကပိုေ၀၀ါးလာကြပြီလား။ကျနော်တို.မျိုးဆက်တွေအတွက်မျော်လင်.ချက်မေ့လာကြပြီလား?။ဝေေ၀၀ါးဝါးအတွေးထဲမှာမီးပျက်၇င်းကျနော်စဉ်းစားမိသမျှ။ ထပ်တူကြေ ကွဲမှုဖြင်.မင်္ဂလာတောင်ညွန်.နေပြည်သူများအတွက် ပြည်သူ့ ရင်ဖွင့် သံပါ......
universallover: နိုင်ငံေ၇းကြားမှာညျပ်နေ၇တဲ့မွန်းကျပ်မှုလူတိုင်းခံစား၇လိမ်.မယ်ထင်တယ်။
ကျနော်တိုအညတ၇ပြည်သူဘ၀မှိုင်းမှုန်ပြာ၇ီဖြစ်နေပြိလားဗျာ။ဟိုဘက်တိုးလိက်၊ဒိဘက်တိုးလိုက်နဲ.
ကျပ်ကျပ်လာပြီကော။ဟိုလူကိုလာတွေ.၊ဒီလူကအေ၇းကြီးလို.လာတွေ.
။ငါတို.ဘ၀ကိုဘယ်သူလာကြည့် .မလဲ။
စစ်ဖြစ်လို.ထမင်းငတ်တာ၊ငါတို.ကအလုပ်မ၇ှိလို.ထမင်းငတ်တာကွာတယ်ထင်တယ်
၊နိုင်ငံေ၇းမှာစတေးမှု၇ှိ၇င်ဒီဘ၀၊ဒီမျှကြေပါစေတော.
၊သူတို.ဘာပဲလုပ်လုပ်ခံ၇တာကမောင်တို.မယ်တို.ပါ။
မင်းတောနိုင်ငံေ၇းကြီးခဏနားပြီးငါတို.၀မ်းေ၇းခဏတော.ဖြေ၇ှင်းပါ၇စေ။တောင်းပန်ပါဧ။်။
လွန်တာ၇ှိ၇င်.........................
ကျနော်အသေးစား တောဂေါ်လီ......ပါ universallover
----------------------------------------------------------------------------------------------------------------
ဒီသတင်းအကြောင်းရာကလေးများကို youtube မှ၎င်း eleven ဂျာနယ်မှ၎င်း
အီးမေးလ်ဖြင့် ပေးပို့ လာသော အွန်လိုင်းမိတ်ဆွေများမှ၎င်း
အသီးသီး မှုယင်းတိုင်းရေးသားတင်ပြလိုက်ပါတယ်..
သောတရှင်ပေါင်း မိမိလိုရာဆန္ဒတောင်းတဲ့ဆုနဲ့ ပြည့် ဝပါစေ..