Windows 8 သည် ARM Chip များနှင့် အဆင်ပြေစေမည်ဟု Microsoft ပြောကြား…

လက်စ်ဗီးဂက်စ်တွင် ပြုလုပ်ကျင်းပသည့် စားသုံးသူ အီလက်ထရောနစ် နည်းပညာ ပြပွဲ၌ Microsoftက ၎င်းတို့၏ နာမည်ကျော် Operating Systemအတွက် အနာဂတ်မျိုးဆက်ကို ပြသခဲ့ Windows 8 သည် ARM Chip များပေါ်တွင် လည်ပတ်လုပ်ဆောင်နိုင်မည်ဟု Microsoftက ပြောကြားလိုက်သည်။ ဇန်န၀ါရီ (၅)ရက်နေ့၊ အမေရိကန်နိုင်ငံ၊ လက်စ်ဗီးဂက်စ်တွင် ပြုလုပ်ကျင်းပသည့် စားသုံးသူ အီလက်ထရောနစ် နည်းပညာ ပြပွဲ၌ Microsoftက ၎င်းတို့၏ နာမည်ကျော် Operating Systemအတွက် အနာဂတ်မျိုးဆက်ကို ပြသခဲ့ခြင်းဖြစ်သည်။ စမတ်ဖုန်းများ၊ Tabletကွန်ပျူတာများနှင့် Portable Deviceများတွင် အဓိက သုံးစွဲလေ့ရှိသည့် AMDအတွက် ရည်ရွယ်ထားသည့် Windows 8ကြောင့် Microsoft၏ ဈေးကွက်ချုပ်ကိုင်မှု ဗျူဟာ ပြောင်းလဲလာခြင်းအား ထင်ထင်ရှားရှား တွေ့မြင်နိုင်ခဲ့သည်။ “လူတိုင်းလက်ခံနိုင်မယ့် နည်းပညာ အပြောင်းအလဲ ဆုံမှတ်တစ်ခုကို ကျွန်တော်တို့ ရောက်လာပါပြီ”ဟု Microsoft၏ Winodwsဌာန အကြီးအကဲ စတီဗင် ဆင်ဖိုစကီးက ပြောကြားခဲ့သည်။ Tablet ကွန်ပျူတာများတွင် Windows 7ကို အဓိက မောင်းနှင်မှု OSအဖြစ် အချို့သော ကွန်ပျူတာ ထုတ်လုပ်ရောင်းချသူများက ကြိုးစားထည့်သွင်းခဲ့သည့်တိုင် နည်းပညာ အကန့်အသတ်အချို့ ရှိနေဆဲဖြစ်သည်။ ဆင်ဖိုစကီးက ARMဖြင့် မောင်းနှင်သည့် ကိရိယာများတွင် Windows 7က အဆင်မပြေဖြစ်နေသည့်အတွက် ထွက်ပေါ်လာသော ဝေဖန်မှုများကို Windows 8က ချေဖျက်နိုင်မည်ဟု ဟောကိန်းထုတ်ခဲ့သည်။ Microsoftအနေနှင့် Windows 8၏ စမ်းသပ်Versionကို သရုပ်ပြခဲ့သော်လည်း တရားဝင် ရောင်းချမည့်နေ့ကို ထုတ်ပြန်ကြေညာခြင်း မရှိသေးဟု သတင်းများက ဖော်ပြသွားသည်။
အွန်လိုင်းပေါ်မှာ ဂေါ်လီလို လျှေက်လိမ့် နေရင်း ဘလောက်တခုက တွေ့ လို့ ကူးယူတင်ပြလိုက်တာပါ၊
No comments:
Post a Comment