ဘလောက်ဆိုဒ် http://kokogyicyber.blogspot.com

My photo
အမိမြေ အမိနိုင်ငံကိုချစ်မြတ်နိုးသောစိတ်နဲ့  အုပ်တချပ် သဲတပွင့် တပ်သည့် ပညာမနေသာဘဲ မိမိရှိသောဥာဏ်စွမ်းအားနှင့် ဘလောက်ရေးပြီး အကျိုးပြုလျှက်ပါ..ကာယ ဥာဏ စိတ်ဓါတ်မနောသုခနှင့်ကြွယ်ဝပြည့် စုံကြပါစေလို့ ကျနော်အွန်လိုင်းဂေါ်လီKKGမှမြန်မာပြည်သားအပေါင်းဆုတောင်းလိုက်ပါတယ်..
မင်္ဂလာပါ ...ကျနော်..ဂေါ်လီကိုကိုကြီးရေးသားသောဘလောက်စာသားများတို့ တွင် စာဖတ်သူအား ထိခိုက်နစ်နာစေသောစာရေးသား အမှားယွင်းများတွေ့ ရှိပါက ..အနှုးညွတ် ရိုသေစွာတောင်းပန် အပ်ပါတယ်...ခင်မင်လေးစားစွာဖြင့် .. - ------

September 08, 2011

Snake Head Fish -ငါးရန့် ငါး အကြောင်းသိကောင်းစရာ


Snake Head Fish -ငါးရန့် ငါး   


ကျနော်ယခုချိန်တိုင်ထိ မလေးရှားမှာနေတုန်းမှာ မိသားစုဝမ်းရေးအတွက် အလုပ်လည်းလုပ် ၊အားရင်မိမိမြတ်နိုးသော အင်တာနက်ဘလောက်လေးလည်းရေး။တယ်လေ. ၊၊ဒီထက်ပိုဝါသနာကြီးတာတခုကလည်း ပါဏာတိပါတာ သူတပါးအသက်ကိုသတ်ခြင်းသိလျှက်နဲ့ ငါးများတဲ့ အလုပ်ကိုတော်တော်ကလေးဝါသနာကြီးသလို ရေချိုငါးကို နည်းမျိုးစုံနဲ့ များခြင်း တဘက်ကမ်းခတ်အောင်
ကျွမ်းကျင်သလို ငါးများတဲ့ လက်နက်ကရိယာပေါင်းစုံကိုလည်း ချီနှောင်ကိုင်တွယ် တပ်ပါတယ်၊ရေပေါ်ရှပ်ပျံ
တဲ့ ငါးကနေစပြီးဆုငွေ၊အလောင်းစားနဲ့ ရေချိုငါးကြီးပေါင်းစုံဖမ်းဆီးဘူးပါတယ်၊အားလပ်ရက်တနေ့ မှာ
ထုံးစံအတိုင်း။မလေးလူမျိုးမိတ်ဆွေများနဲအတူ ဆိုင်ကယ်ကိုယ်စီနဲ့  အုပ်စု၆ယောက်ဖွဲ့ ပြီး ဥရုလန်ကာဒေသ
ကွာလာလမ်ပူတမြို့ လုံးပေးဝေသောတောင်ကျ ရေချိုကန်ကြီး မှာငါးများထွက် ခဲ့ တယ်၊
    ရောက်ပြီးမီးနစ် ၄၀ ခန့် လောက်မှာ ၂ ပိသာခန့် ရှိသောငါးထီးကြီးတကောင် ဖမ်းမိတယ် 2ကီလိုကျော်ပြီး မြန်မာလိုဒိုင်းငါးရန့် အစပ်ပါ၊နောက်ထပ်ငါးဖယ် ၁ပိသာကျော်ခန့် တကောင်ရတယ်၊ဒါနဲ့ ပဲညနေစောင်း
ပွဲသိမ်းပြန်ပေါ့ ၊ကျန်တဲ့ လူတွေလည်း အနဲများတော့ ရကြတယ်၊
အိမ်ကိုပြန်ရောက်တော့ ဒီငါးကြီးကို မရောင်းချခင်မှာခင်မင်နေသာ မလေးလူမျိုးသက်ကြီးပိုင်း တဦးက သူတို့ ဘာသာစကားနဲ့ 
ဒီငါးရန့် အကြောင်းကိုသေချာရှင်းပြပါတယ် ကျနော်လည်းသေချာ လိုက်မှတ်ပြီးခုလို ဘလောက်မှာတင်ပြလိုက်ပါတယ်....
ဒီငါးရန့် ကို မလေးဘာစာစကားအရ (အီကမ်းဟာရဝမ် Ikan Haruan ) ( snake head fish )မြွေဦးခေါင်း
သဒါဏ်နဲ့ တူသောငါးဟုခေါ်ပြီး စားသောက်ရတာနူးညံ့ တယ်၊ဒီငါးကအရိုးလည်းနဲတယ် သူ့ မှာထူးခြားသော
ဗီတာမင်ပြည့် ဝပါတယ်၊ အသက်လည်းရှည်တယ်၊
နောက်တခုက သူတို့ ရှေးရိုးယာ ဆေးနည်းအရ ခလေးမွေးသောမိခင်၊ဗိုက်ခွဲပြီးခလေးမွေးသောမိခင်များ
ခန္ဒာကိုယ် ဒါဏ်ယာရခြင်း အူအတက်ပေါက်၍ ဗိုက်ခွဲရသူများ အားအင်ချိနဲ့ နေသာသက်ကြီးရွယ်အိုများ
နေကောင်းစပြုသော ခလေးများ၊
ထိုငါးကို စွတ်ပြုတ်သောက်စားခြင်း၊ မီးကင်စားခြင်းဖြင့်  ၊ချုပ်ရိုး အမာရွတ်မကျန်ခဲ့ ခြင်း၊ကျမ္မာမြန်ခြင်း
တို့ အတွက် အင်မတန်ထူးခြားသောလူသားတို့ အတွက် ဆေးဘက်ဝင်ငါးတမျိုးဖြစ်ကြောင်း...
ကျနော် အွန်လိုင်းဂေါ်လီ ကိုကိုကြီးမှ ကိုယ်တိုင်လေ့ လာပြီး တင်ပြလိုက်ပါတယ်၊
အဲနည်းပြညာတခုပေးအုန်းမယ်၊ ငါးကြင်း၊ငါးမြစ်ချင်း၊ငါးသိုင်းခေါင်းပွ၊မျှားရခက်ပြီး၎င်းတို့ များရန်ငါးစာ
လုပ်နည်းဖမ်းဆီးသောဗုံးပဒေသာ ငါးများဆိုက်များ၊ချီနှောင်နည်းအီးမေးဖြင့်ဝါသနာရှင်များမေးလို့ ရပါတယ်၊
မှတ်ချက်...စားလို့ ရလို့ သတ်တာပါ၊ အကုသိုလ်မှန်ပါတယ်..ဝန်ခံပါတယ်....ဒါပေမဲ့ ငါးရန့် သားပေါက်လေး
တွေတော့ အိုးကပ်ဆီပြန်ချက်စားမယ်ဆိုပြီးမဖမ်းပါနဲ့ ၊မျိုးတုန်းမယ်။
အဲကျေးဇူးရှင် ...ကျွဲသား နွားသာတော့  ကျနော်နဲ့ အတူ မစားဘို့  တိုက်တွန်းပါတယ်၊
ဝက်သားဆိုရင်တော့ ....ဟီးဟီး အဆီမှခီးချင်တာ..

No comments: