အပိုင်း (၁)
နျူထရီနို (Neutrino) လို့ခေါ်တဲ့ အင်မတန်သေးငယ်တဲ့ အနုမြူမှုန်လေးတခုဟာ အလင်းမြန်နှုန်းထက်ကို ပိုပြီး မြန်မြန်သွားနိုင်တာကို တိုင်းတာတွေ့ရှိတယ်လို့ နိုင်ငံတကာ သုတေသီတွေပါဝင်တဲ့ အဖွဲ့တခုက ကြေညာလိုက်တဲ့အတွက် ဒါကိုသာ အတည်ပြုနိုင်ရင် ရူပဗေဒ နိယာမတွေကို ပြန်လည်ပြင်ဆင်ရတော့မလို ဖြစ်နေပါတယ်။
ဆွစ်ဇာလန်နိုင်ငံ (Switzerland) မှာရှိတဲ့ ဥရောပနျူကလီးယား သုတေသနဌာနကနေ မိုင်ပေါင်း ၄၅၄ မိုင်လောက် အကွာ အီတလီမှာရှိတဲ့ စမ်းသပ်ခန်းတခုဆီကို နျူထရီနို ရောင်ခြည်တန်းတခုကို အရှိန်နဲ့ ပို့လွှတ်ခဲ့တာမှာ နျူထရီနိုတွေက အလင်းထက်ကို ၆၀ နန်နိုစက္ကန့် (nanosecond) ထက်စောပြီး ရောက်သွားတာကို တွေ့ခဲ့ရလို့ အင်မတန် အံသြခဲ့ရတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
အလင်းမြန်နှုန်းထက် ဘယ်အရာကမှ ပိုမမြန်ဘူးဆိုတဲ့ ယူဆချက်ပေါ်မှာ အခြေခံထားတဲ့ Albert Einstein ရဲ့ အနုမာနယူဆချက် Relativity Theory ဟာ ခေတ်သစ် သိပ္ပံလောကမှာ အခြေခံဖြစ်ပါတယ်။ တကယ်လို့သာ အခု နောက်ဆုံးတွေ့ရှိမှုကို သက်သေပြနိုင်မယ်ဆိုရင် စကြ၀ဠာကြီး ဘယ်လို လည်ပတ်နေသလဲဆိုတာအပေါ် လွန်ခဲ့တဲ့ ရာစုနှစ်တွေက တွေ့ရှိမှုတွေကို ရူပဗေဒ ပညာရှင်တွေ ပြန်ပြီး စဉ်းစားစရာဖြစ်ပါလိမ့်မယ်။
စမ်းသပ်မှု့ များ
ဒီထဲမှာမှတ်သားဖွယ်ရှိသလိုဒီသိပ္ပံအထွေထွေဗဟုသုတကို VOAမှတိုက်ရိုက်ကူးယူတင်ပြရင်း သိပြီးသားလူအဖို့ တော့ 
မထူးဆန်းပေးမဲ့ ...ကျနော်တပ်ထာ့း သော Radio Electronic သီအိုရီ တခုနှင့် နိုင်းယဉ်ပြပါမယ်..
အသံဟူသော Frequency သည် Amplitude တခုFM .AM တို့၏Waveများကို မော်ကျူလေးရှင်းအဖြစ်ပြောင်းလဲပြီး
Inospear layer ကို သံလိုက်စက်ကွင်းအလွာကို south pole and north pole အနေဖြင့်သွားပြီး တစက္ကန့် ၏အသံပြေး
နုန်းမှာ ကမ္ဘာကြီး၃ပါတ်နှင့်ညီမျပါသည်၊
ကောင်းပါပြီ ၊ထိုအသံထက်မြန်တယ်ဆိုတာအလင်း ဟုလူတိုင်းသိပါတယ်၊
သိပ္ပံပညာရှင်ဂယ်လီလီယိုတို့ ၊အိုင်ဇက်နူတန်တို့ က ရူပဗေဒ သီအိုရမ်တွေ ဟာထုတ်လုပ်ခဲ့ တာယနေ့ ကမ္ဘာကြီးကိုတညိမြဲပြီး လူသားတွေ ကောင်းစွာတိကျလိုက်နာ အသုံးချနေတာပါ...
ဒီနည်းပြညာတွေကိုအခြခံပြီး အလင်းထက်မြန်တာကို ယနေ့ သိပ္ပံပညာရှင်တွေ တွေ့ လာပြန်ပြီ...
ကောင်းပါပြီ..ဆက်လက်ဖတ်ရု့ ရန်အပိုင်း၂ကို ထိုဘလောက်၏ဒုတိယစာမျက်နှာတွင်ဆက်လက်ဖေါ်ပြပါမယ်..
Neutrino အကြောင်းတိုက်ရိုက် ပုံနှင့် တကွ မှုရင်းအင်္ဂလိပ်လို ကူးယူတင်ပြပေးပါမယ်..
ကျနော်အွန်လိုင်းဂေါ်လီကိုကိုကြီးပါ......




No comments:
Post a Comment