ဘလောက်ဆိုဒ် http://kokogyicyber.blogspot.com

My photo
အမိမြေ အမိနိုင်ငံကိုချစ်မြတ်နိုးသောစိတ်နဲ့  အုပ်တချပ် သဲတပွင့် တပ်သည့် ပညာမနေသာဘဲ မိမိရှိသောဥာဏ်စွမ်းအားနှင့် ဘလောက်ရေးပြီး အကျိုးပြုလျှက်ပါ..ကာယ ဥာဏ စိတ်ဓါတ်မနောသုခနှင့်ကြွယ်ဝပြည့် စုံကြပါစေလို့ ကျနော်အွန်လိုင်းဂေါ်လီKKGမှမြန်မာပြည်သားအပေါင်းဆုတောင်းလိုက်ပါတယ်..
မင်္ဂလာပါ ...ကျနော်..ဂေါ်လီကိုကိုကြီးရေးသားသောဘလောက်စာသားများတို့ တွင် စာဖတ်သူအား ထိခိုက်နစ်နာစေသောစာရေးသား အမှားယွင်းများတွေ့ ရှိပါက ..အနှုးညွတ် ရိုသေစွာတောင်းပန် အပ်ပါတယ်...ခင်မင်လေးစားစွာဖြင့် .. - ------

October 20, 2011

မြန်မာပြည်မှဟင်းလေးအိုးသတင်းများ

အမရပူရမြို့ ပွဲတော်ရပ်ကွက်တွင် လူ ၃၀၀ နီးပါးအစာအဆိပ်သင့်မှု ဖြစ်ပွား
အမရပူရမြို့ ပွဲတော်ရပ်ကွက်တွင် လူ ၃၀၀ နီးပါးအစာအဆိပ်သင့်မှု ဖြစ်ပွား
   
အမရပူရမြို့နယ် ဆေးရုံဝင်းအတွင်းတွင် အစာအဆိပ်သင့်လူနာများကိုတွေ့ရစဉ်



မန္တလေးတိုင်းဒေသကြီးအမရပူရမြို့ ကြံတန်းတိုက်နယ်ပွဲတော် ရပ်ကွက်တွင် အောက်တိုဘာလ ၇ ရက်နေ့ကအစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။
''ဖြစ်တာကရပ်ကွက်ထဲမှာအလှူရှိတယ်။ အလှူမှာနတ်သုဒ္ဓါနဲ့ ရေခဲမုန့်ကျွေးတယ်။ အလှူကအပြန်မှာပဲရပ်ကွက်ထဲကလူတွေတချို့ ခေါင်းမူးပြီးအော့အန်ကြတယ်။ တချို့လည်း ၀မ်းလျှောကြတယ်။ အစကအစာအဆိပ်သင့်မှန်းမသိကြသေးဘူး။ အစားများလို့ဖြစ်တယ်ပဲထင်နေကြတာ။ နောက်ကျမှ ကိုယ်တစ်ယောက်ထဲမဟုတ်ဘဲအလှူသွားခဲ့တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် ဆေးခန်းသွားတာမြင်တော့မှ အစာအဆိပ်သင့် မှန်းသိရတယ်''ဟုပွဲတော်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကပြောသည်။
''အိမ်ကမိသားစုသုံးယောက် အလှူသွားတယ်။ ကျွန်မရော ကျွန်မယောက်ျားရောဘာမှမဖြစ်ဘူး။  ငါးနှစ်အရွယ်ရှိတဲ့ သားလေးပဲဖြစ်တယ်။ အခုခေါင်းမူးလို့အိပ်နေတယ်'' ဟုအလှူသို့ သွားရောက်ခဲ့သူတစ်ဦးကပြောသည်။
''ရပ်ကွက်ထဲမှာလူတွေ တစ်ယောက်ပြီးတစ်ယောက် အစာအဆိပ်သင့်နေတော့ စိုးရိမ်ပြီးကျောင်းတက်နေတဲ့ကလေးကိုလိုက်ခေါ်ရတယ်။ ကျောင်းမှာတုန်းကဘာမှမဖြစ်ပေမယ့် အိမ်ရောက်တော့မှ ဖြစ်တော့တယ်'' ဟုအစာအဆိပ်သင့်သောကလေးငယ်၏ မိခင်ကပြောသည်။
အစာအဆိပ်သင့်မှုမှာနေ့လည် ၁၁ နာရီခန့်က စတင်ဖြစ်ပွားခဲ့ပြီးအော့အန်ခြင်း၊ ၀မ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ ရင်ပူခြင်း၊ ခေါင်းမူးခြင်း၊ ရေဆာခြင်းစသည့်လက္ခဏာများကိုတွေ့ရှိရကြောင်းသိရသည်။ အစာအဆိပ်သင့်သောလူနာများမှာပွဲတော် ရပ်ကွက်ဆေးခန်း၊ အမရပူရမြို့နယ်ဆေးရုံ၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးနှင့် ကမ်းနားလမ်းကူးစက်ရောဂါကုဆေးရုံကြီးတို့တွင် တက်ရောက်ကုသလျှက်ရှိကြောင်းသိရသည်။
''ဖြစ်ဖြစ်ချင်း မန္တလေးဆေးရုံကြီးကို ကျွန်မအရင်ရောက်တာပဲ။ ရင်တွေတစ်အားပူပြီးမကြာခဏအန်လာတယ်။ ခံနိုင်ရည်မရှိတဲ့သူဆိုရင် အန်ရတာများလွန်းလို့ သတိလစ်ကုန်ကြတယ်။ တချို့သွေးတောင်ပါတယ်။ အသက် ၈၀ ကျော်အမေကြီးတစ်ယောက် ပါတယ်။ သူဆိုရင်နတ်သုဒ္ဓါနဲ့ မတည့်လို့ဆိုပြီး ကြက်သားဖတ်လေးတစ်ဖတ်၊ နှစ်ဖတ်စားမိတာနဲ့ ဖြစ်သွားတယ်။ ဖြစ်တဲ့သူအများစုကတော့ ကြက်သားက ဖြစ်တယ်လို့ ထင်နေကြတယ်။ ဒီလိုဖြစ်သွားတဲ့အတွက် အလှူရှင်ကတော့ တော်တော်လေးစိတ်မကောင်းဖြစ်နေရှာတယ်'' ဟုအစာအဆိပ်သင့်ပြီး မန္တလေးဆေးရုံကြီးတွင် တက်ရောက်ကုသနေသူအမျိုးသမီးတစ်ဦးကဆိုသည်။
အစာအဆိပ်သင့်သောလူနာများအားအမရပူရမြို့နယ်ဆေးရုံတွင် ဦးစွာပထမကုသပြီးစိုးရိမ်ရသည့် လူနာများကိုမြို့ပေါ်ရှိလူမှုကူညီရေးအသင်းများမှ ကားများဖြင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကာရေသန့်ဘူးများ၊ ဓာတ်ဆားထုတ်များနှင့် ဆေးဝါးများလည်း လှူဒါန်းခဲ့ကြောင်း၊ ဖြစ်ပွားရသည့် အကြောင်းရင်းကို သက်ဆိုင်ရာတာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်းသိရသည်။
 ဟင်းလေးအိုး ဂျာနယ်မှကူးယူတင်ပြပါသည်။

No comments: