ဘလောက်ဆိုဒ် http://kokogyicyber.blogspot.com

My photo
အမိမြေ အမိနိုင်ငံကိုချစ်မြတ်နိုးသောစိတ်နဲ့  အုပ်တချပ် သဲတပွင့် တပ်သည့် ပညာမနေသာဘဲ မိမိရှိသောဥာဏ်စွမ်းအားနှင့် ဘလောက်ရေးပြီး အကျိုးပြုလျှက်ပါ..ကာယ ဥာဏ စိတ်ဓါတ်မနောသုခနှင့်ကြွယ်ဝပြည့် စုံကြပါစေလို့ ကျနော်အွန်လိုင်းဂေါ်လီKKGမှမြန်မာပြည်သားအပေါင်းဆုတောင်းလိုက်ပါတယ်..
မင်္ဂလာပါ ...ကျနော်..ဂေါ်လီကိုကိုကြီးရေးသားသောဘလောက်စာသားများတို့ တွင် စာဖတ်သူအား ထိခိုက်နစ်နာစေသောစာရေးသား အမှားယွင်းများတွေ့ ရှိပါက ..အနှုးညွတ် ရိုသေစွာတောင်းပန် အပ်ပါတယ်...ခင်မင်လေးစားစွာဖြင့် .. - ------

October 15, 2011

သရုပ်ပြပျံသန်းတဲ့ တရုတ်တိုက်လေယာဉ် ပျက်ကျ

FC-1 Fierce Dragon  နှင့်    JH-7 Flying Leopard တရုပ်လုပ်ဂျက်ဖိုက်တာတိုက်လေယဉ်၂စင်းပုံ။






တရုတ်နိုင်ငံ ရှန်ရှီ (Shangxi) ပြည်နယ်မှာ ဒီကနေ့ သောကြာနေ့မှာလုပ်တဲ့ လေယာဉ်ပြပွဲမှာ တိုက်လေယာဉ် တစ်စင်း ပျက်ကျခဲ့တယ်လို့ တရုတ် တာဝန်ရှိသူတွေက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ သတင်းတွေတော့ မသိရသေးပါဘူး။
ပူချန်နိုင်ဖူ (Puchang Neifu) လေဆိပ်မှာလုပ်ခဲ့တဲ့ နိုင်ငံတကာ လေယာဉ်ပြပွဲမှာ တရုတ်လုပ် တိုက်လေယာဉ် ဟာ ကွင်းပြင်ထဲကို ဦးစိုက် ထိုးကျသွားပြီး မီးလောင် ပေါက်ကွဲသွားတဲ့ ပုံတွေကို တရုတ်အစိုးရရဲ့ CCTV မှာ ပြသနေပါတယ်။ လေယာဉ် ပျက်မကျခင်ခင် လေယာဉ်မှူးဟာ ဘေးလွတ်အောင် လေယာဉ်ထဲကနေ ထွက်နိုင်ခဲ့တာကိုလည်း ဗွီဒီယိုတွေမှာ မြင်ရပါတယ်။
ပျက်ကျသွားတဲ့ လေယာဉ်က ဘာ အမျိုးအစားလဲ ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး။ CCTV က ပျက်ကျသွားတဲ့ ဂျက်လေယာဉ်ဟာ ရှာလောန်း (Xiaolong) FC-1 Fierce Dragon ဖြစ်တယ်လို့ ပြောနေပြီး ဆင်ဟွာသတင်းကတော့ JH-7 Flying Leopard ဖြစ်တယ်လို့ ပြောနေပါတယ်။
အပို အလိုမရှိVOAမှပေးပို့ သောသတင်းအရတိုက်ရိုက်ကူးယူတင်ပြလိုက်ပါသည်။
ကျနော်ဂေါ်လီပါ-

No comments: