ဘလောက်ဆိုဒ် http://kokogyicyber.blogspot.com
My photo
အမိမြေ အမိနိုင်ငံကိုချစ်မြတ်နိုးသောစိတ်နဲ့  အုပ်တချပ် သဲတပွင့် တပ်သည့် ပညာမနေသာဘဲ မိမိရှိသောဥာဏ်စွမ်းအားနှင့် ဘလောက်ရေးပြီး အကျိုးပြုလျှက်ပါ..ကာယ ဥာဏ စိတ်ဓါတ်မနောသုခနှင့်ကြွယ်ဝပြည့် စုံကြပါစေလို့ ကျနော်အွန်လိုင်းဂေါ်လီKKGမှမြန်မာပြည်သားအပေါင်းဆုတောင်းလိုက်ပါတယ်..
မင်္ဂလာပါ ...ကျနော်..ဂေါ်လီကိုကိုကြီးရေးသားသောဘလောက်စာသားများတို့ တွင် စာဖတ်သူအား ထိခိုက်နစ်နာစေသောစာရေးသား အမှားယွင်းများတွေ့ ရှိပါက ..အနှုးညွတ် ရိုသေစွာတောင်းပန် အပ်ပါတယ်...ခင်မင်လေးစားစွာဖြင့် .. - ------
October 30, 2011
လူ့မစင်နဲ့ လုပ်ထားတဲ့ အသားတု
ကြံကြံဖန်ဖန်ဗျာ စားဘို့ တီထွင်ကြပြန်ပြီ....
ကမ္ဘာ့စားနပ်ရိက္ခာ ရှားပါးမှုဟာ အရေး တစ်ကြီး ဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာတစ်ရပ် ဖြစ်လာနေပါတယ်။ သို့ပေမယ့်လည်း ပါမောက္ခ အီကီဒါကတော့ သူ့ရဲ့ နောက်ဆုံးပေါ် တီထွင်ကြံ ဆမှုဖြစ်တဲ့ လူ့မစင်ကနေ ပရိုတိန်းဓါတ်ပါတဲ့ အသားတုတစ်မျိုးကို တီထွင်ထုတ်လုပ်နိုင်ခဲ့ခြင်း ဟာ ဒီအခက်အခဲပြဿနာကြီးကို အရေးပါတဲ့ နေရာကနေ ကူညီဖြေရှင်းပေးနိုင်မယ်လို့ ယူဆ နေခဲ့ပါတယ်။
ဂျပန်နိုင်ငံရဲ့ မိလ္လာပြဿနာများ မနိုင် မနင်း ဖြစ်နေခဲ့ခြင်းအပေါ် တိုကျိုမိလ္လာဌာနအနေ နဲ့ အဆိုပါအခက်အခဲကို အကျိုးရှိစွာ ဖြေရှင်း နိုင်ရန် နည်းလမ်းရှာဖို့ အိုကာယာမ ဓါတ်ခွဲစမ်း သပ်ခန်းက ဂျပန်နိုင်ငံသား သုတေသနပညာရှင် ကို ပန်ကြားပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
သုတေသနပြုစဉ် ကာလအတွင်း ပညာ ရှင် အီကီဒါဟာ မိလ္လာအညစ်အကြေး အဖတ်များ မှာ ပရိုတိန်းဓါတ်များ အမြောက်အများ ပါဝင်နေ တာကို တွေ့ရှိခဲ့ပြီး ယခုလို တန်ဖိုးရှိတဲ့ ပရိုတိန်း တွေကို စစ်ယူပြီး အသားတုတစ်မျိုးအဖြစ် ပြောင်း လဲထုတ်လုပ်နိုင်ဖို့ တီထွင်ဖန်တီးခဲ့တာ ဖြစ်ပါ တယ်။ လူ့မစင်များ အဓိကပါဝင်တဲ့ မိလ္လာအညစ် အကြေးတွေမှာ ဘက်တီးရီးယားတွေ အပြည့်ရှိနေ တာကြောင့် ပရိုတိန်းဓါတ်တွေ ရာနှုန်းမြင့် ပါဝင် နေတာဖြစ်ပါတယ်။
ဘက်တီးရီးယားတွေဟာ ပြုပြင်ထုတ် လုပ်မှုဖြစ်စဉ်အတွင်း အပူရှိန်ကြောင့် သေဆုံး သွားမှာ ဖြစ်တဲ့အတွက် အန္တရာယ်မရှိဘူးလို့လည်း ဆိုပါတယ်။
ကနဦး စမ်းသပ်လေ့လာချက်တွေအရ အသားတုဟာ ထပ်မံပေါင်းစပ်လိုက်တဲ့ ပဲပိစပ် ပရိုတိန်းကြောင့် အမဲသားကဲ့သို့ အရသာရှိနေပြီး အီကီဒါက ပိုမိုနီးစပ်သွားစေရန် အနီရောင် အစား အစာစပ်ဆေးကို ထပ်မံထည့်သွင်းလိုက်ပါတယ်။
ထိုလူ့မစင် တစ်ဖြစ်လည်း အသားတုမှာ ပါဝင်တဲ့ အဟာရဓါတ်တွေကတော့ ပရိုတိန်းဓါတ် ၆၃%၊ ကာဘိုဟိုက်ဒရိတ် ၂၅ %၊ လီပဒ် ၃% နဲ့ သဘာဝဓါတ် ၉ % တို့ ပါဝင်ပြီး အသားအစားထိုး လူ့မစင်အသားတုဟာ မဆိုးဘူးလို့ ဆိုရမှာဖြစ် ပါတယ်။
သို့သော်လည်း ဒီအသားတုဟာ မိလ္လာ အညစ်အကြေးက သန့်စင်ထုတ်ယူစီမံတာဖြစ်ပြီး လူ့မစင် ပရိုတိန်းဓါတ်များ ပါဝင်တယ်ဆိုတာ သိရင်တော့ စားသုံးသူ အနည်းငယ်သာ ရှိလိမ့် မယ်လို့ ပါမောက္ခ အီကီဒါက ၀န်ခံပြောဆိုခဲ့ပါ တယ်။ ဒါပေမယ့် အစားအစား ရှားပါးပြတ်လပ်မှု အပြင်းအထန်ဖြစ်ပွားလာခဲ့ရင်တော့ လူတွေဟာ ဒီအသားတုကို အလုအယက် တောင်းဆိုကြမှာ ဖြစ်ပါတယ်။
ယခု လောလောဆယ်မှာတော့ အီကီဒါ ဟာ သူ့ရဲ့တီထွင်မှုကို လူအများတတ်နိုင်တဲ့ ဈေးနှုန်းနဲ့ အမြောက်အများ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ လက်ရှိအနေအထားမှာ "မစင်အသား" ဟာ သာမန်အသားထက် ၁၀ ဆ မျှ ပိုမိုဈေးကြီးနေပြီး သုတေသနပြုလုပ်မှုအတွက် ကုန်ကျစရိတ်ကို ထုတ်လုပ်မှု ကုန်ကျစရိတ်ထဲက ဖယ်နိုင်ပြီဆိုတာနဲ့ တစ်ပြိုင်နက် အသားတု ဈေး နှုန်းဟာ သဘာဝအသားဈေးနှုန်းနဲ့ ဈေးလျော့ နည်းနိုင်လိမ့်မယ်လို့ ဂျပန်သိပ္ပံပညာရှင်က မျှော် လင့်ထားပါတယ်။
October 27, 2011
၂၀၁၁ကမ္ဘာ့လူဦးရေ သန်း ၇,၀၀၀ ပြည့်မည်
လာမယ့်တနင်္လာနေ့ကျရင် ကမ္ဘာ့လူဦးရေဟာ ၇ ဘီလျံ၊ (သန်းပေါင်း ၇,၀၀၀) အထိ ရှိလာလိမ့်မယ် လို့ ကုလသမဂ္ဂက ပြောပါတယ်။ ကုလသမဂ္ဂ လူဦးရေဆိုင်ရာအဖွဲ့ရဲ့ မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားတာပါ။
အနာဂတ်မှာ လူတွေ ကျန်းမာရေး ကောင်းကောင်းနဲ့ ရေရှည်ရပ်တည်နိုင်ကြမလား- ချမ်းသာကြွယ်ဝမှုတွေ ရှိလာမလား ဆိုတာတွေကတော့ သဘာဝ ပတ်ဝန်းကျင် ကျဆင်းနေတာတွေ၊ ကမ္ဘာ့စီးပွား ကျဆင်းနေတာတွေ အပေါ်မှာ လူတွေက ဘယ်လိုတုံ့ပြန်ကြမလဲ ဆိုတဲ့အပေါ် မူတည်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ၂၀၁၁ ခုနှစ် ကမ္ဘာ့လူဦးရေဆိုင်ရာ အစီရင်ခံစာထဲမှာ ရှင်သန် မွေးဖွားဖို့နဲ့ အသက်ရှည်ရှည်နေနိုင်မှုတွေကို ပိုပြီး ရှိလာနေတာတွေကို ရောင်ပြန်ဟပ်တဲ့ အပြုသဘောဆောင်တဲ့ အချက်တွေကိုလည်း မြင်ရလိမ့်မယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့လည်း ဖွံ့ဖြိုးဆဲ ကမ္ဘာ့နိုင်ငံတွေအကြားမှာတော့ တိုးပွားလာတဲ့ လူဦးရေအတွက် လိုအပ်ချက်တွေကို ဖြည့်ဆီးပေးတဲ့နေရာမှာ ကွာဟမှုတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းဟာ အာရှမှာရှိနေပြီး ၁၅ ရာခိုင်နှုန်းကတော့ အာဖရိကမှာ ရှိပါတယ်။
အစိုးရတွေအနေနဲ့လည်း ကျန်းမာရေး၊ ပညာရေးနဲ့ လူငယ်တွေကို ပိုပြီးပြုစုပျိုးထောင်ပေးကြဖို့ ကိုလည်း ကုလသမဂ္ဂ အစီရင်ခံစာက တိုက်တွန်းပါတယ်။
နိုင်ငံ ၉ ခုမှာ လူဦးရေက သိသိသာသာ တိုးလာနေတဲ့အကြောင်း အဲဒီ နိုင်ငံတွေကတော့ တရုတ်၊ အီဂျစ်၊ အီသီယိုးပီးယား၊ ဖင်လန်၊ အိန္ဒိယ၊ မက္ကစီကို၊ မိုဇမ်ဘစ်၊ နိုင်ဂျာနဲ့ မက်ဆီဒိုးနီးယားနိုင်ငံတွေပဲ ဖြစ်ပါတယ်။
October 25, 2011
ဂျီတော. ဆိုးကျိုးလက်တွေ.
- |581- Hits|
0
0
i
Rate This
Quantcast
အခုကျွန်တော်တို.ဆီကလူငယ်တော်တော်များများ ချက်တင်ကိုတော်တော်ကိုစွဲလမ်းစွာအသုံးပြုနေကြတယ်ဆိုတာတော. အကုန်လုံးသိကြမှာပါနော်
တစ်ချို.ကလည်း ကောင်းတဲ.ဘက်မှာပြောကြတယ်နော် ဥပမာ အဝေးရောက်နေတဲ. အစ်ကိုတွေ အစ်မတွေ ဆွေမျိုးသားချင်းတွေနဲ. အဆက်သွယ်ရအောင်သုံးကြ
တာပေါ.ဗျ။ တစ်ချို.ကတော.လည်း အီစီကလီထုကြတာပေါ.နော်။ အင်တာနက်ခေတ်ကြီးရောက်နေတာတော.ဟုတ်ပါပြီ တကယ်ကိုအကျိုးရှိအောင် အသုံးချတတ်မှ
အကျိုးရှိမှာပါ။ ဒါ.မို.လည်း အင်တာနက်သင်တန်းတစ်ချို.ဆီက လက်ကမ်းစာစောင်တွေမှာရေးထားကြတာပေါ.(အင်တာနက်ကို ချက်တင်ထိုင်၇ုံ ဂျီမေးပို.ရုံပဲလို.သင်ထင်ပါသလား)လို.ရေးပြီးကြောငြာကြတာပေါ.ဗျာ။ ကျွန်တော်တို.လည်း အမြဲတွေ.နေရတယ်ဗျ အင်တာနက်ဆိုင်တွေ သွားလို.ကတော.အမြဲလိုလိုကိုကြားနေရတာပါ အီစီကလီအသံတွေပေါ.ဗျာ ကျွန်တော်တို.ကတော. အဲလိုပြောဖို.ဆိုရင် ဘေးလူတွေကြားမှာကို ရှက်တယ်ဗျ
ချက်တင်နဲ.ကြိုက်ကြ ချိန်းတွေ.ကြနဲ.ဘာများအကျိုးရှိလို.လဲဗျာ ဒါကလည်း တိုးတက်လာတာနဲ.အမျှ ကောင်းတာရော ဆိုးတာရော ရောပါလာတာပါပဲ။
အသုံးချတဲ.လူပေါ်မှာပဲ မူတည်ပြီး အကောင်းအဆိုး ကွဲပြားသွားတာပါ။
ကျွန်တော်.သူငယ်ချင်း၇ဲ. ညီမလေးတစ်ယောက် ဒီချက်တင်သုံးရင်းပဲ ဘ၀ပျက်သွားတာ အခုတလောကမှ ဖြစ်သွားတာပါ ကျွန်တော်လည်း အရင်ကတော.
ဒီဂျီတော.ချက်တင်အကြောင်းရေးဖို. စိတ်ကူးမရှိပါဘူး အခုသူငယ်ချင်းညီမလေးလို မဖြစ်ကြရအောင် ရေးပြီးတင်ရတာပါ။
ကျွန်တော်.သူငယ်ချင်းညီမလေးက အခုမှ အသက်က 19 ဆယ်တန်းအောင်ပြီးခါစလေးပေါ.  သူလည်းဒီလိုပဲ နွေရာသီကျောင်းပိတ်ရက်မှာ
အင်တာနက်သင်တန်းတက်ပေါ. သင်တန်းကတက်လာတာကလည်း ချက်တင်တစ်ခုကောင်းကောင်းတတ်တာပါပဲ အဲဒီချက်တင်ကြောင်.ပဲ သူအခုလိုဖြစ်သွားတာပါ
တွေးကြည်.ရင် ပြဿနာကို ပိုက်ဆံပေးသင်ယူသလိုကိုဖြစ်နေတာပါပဲ
ဖြစ်ပုံကဒီလိုဗျာ
သူကအင်တာနက်ထဲကနေ မန္တလေးက ကောင်လေးတစ်ယောက်နဲ.တွေ.ပြီး ပုံတွေအပြန်အလှန်ပို.ပြီး ကြိုက်ကြတယ်ပေါ. ဒါနဲ. စာမေးပွဲအောင်စာရင်းထွက်ပြီး
စာမေးပွဲအောင်တော. သူငယ်ချင်းတွေနဲ. ဘုရားဖူး မန္တလေးကိုသွားတာပေါ. အဲဒီမှာ သူ.ရဲ.အွန်လိုင်းချစ်သူလေးနဲ.အပြင်မှာချိန်းတွေ.တာပေါ. ဟိုကျတော. ကောင်လေးကပြန်မပို.တော.ဘူးတဲ. ကောင်မလေးကလည်း မြို.ကကိုယ်.မြို.မဟုတ်တော.ဘယ်မှမသွားတတ်မလာတတ်နဲ.ပေါ. ဒီလိုနဲ. သူ.ချစ်သူနဲ. တူတူနေတာပေါ. တည်းခိုးခန်းမှာ 10 ရက်လောက်တူတူနေကြတာတဲ. အခုကျမှ ကောင်လေးက သူ.အိမ်က မယူခိုင်းသေးဘူး ငယ်သေးတယ်လို.ပြောတယ်ဆိုပြီး
ကောင်မလေးကို ပိုက်ဆံလေး လမ်းစရိတ် 40000 ပေးပြီး နောက် တစ်နှစ်လောက်နေမှယူမယ်ဆိုပြီး ကားနဲ.တင်ပေးလိုက်တာပါပဲ ဘယ်လောက်ကြောက်ဖို.
ကောင်းလဲနော်  ချက်တင်ကပေးတဲ. ဆိုးကျိုးကိုပြောတာပါ။ ဘ၀ပျက်တယ်လေ ဒါကလည်းချက်တင်ပဲ အပြစ်ပြောလို.မရဘူးလေ အသုံးချတဲ. လူပေါ်မှာပဲမူတည်ပြီး
ပြောင်းလဲသွားတာကို အဆိုးလားအကောင်းလားဆိုတာကို။ လူငယ်တွေချက်တင်ကို စွဲစွဲလမ်းလမ်း မသုံးသင်.ပါဘူး ကိုယ်.အသိသူငယ်ချင်းလေးတွေနဲ.
ချက်တာလောက်ပဲကောင်းပါတယ်။ အင်တာနက်မှာ သတင်းတွေဖတ် ဟာသတွေဖတ်ပေါ.ဗျာ နိုင်ငံခြားလို အဆင်.မြင်.မသုံးတတ်တောင် သတင်းလေးလောက်တော.ဖတ် တတ်သင်.ပါတယ် ကျွန်တော်အမြဲကြုံတွေ.နေရပါတယ် တစ်ခါလာလည်း ဂျီတော.ကိုပဲ သုံးခုလေးခုလောက်ဖွင်.ပြီးချက်ကြတာပါ
ဖောင်.ကျတော. မြန်မာ ကနေ အင်္ဂလိပ် တောင် Crtl+Shift (သို.) Alt+Shift ပါပဲ ဒီလောက်တောင်မသိကြပါဘူး ချက်တာကြတော. သုံးလေးယောက်လက်မလည်
အောင်ချက်တတ်ပါတယ် တစ်ချို.ရှိသေးတယ် စာလုံးအကြီး ဖြစ်နေတာ Caps Lock ပွင်.နေလို.ဆိုတာ ဒီကွန်ပျူတာ အခြေခံလေးလောက်တောင်မသိကြပါဘူး
မသိဆိုလည်း စိတ်ကလည်းမ၀င်စားကြဘူးလေ ချက်တာလောက်ပဲစိတ်ဝင်စားကြတာကိုးနော် သူများနိုင်ငံတွေလည်း ရှိပါတယ် အဆိုးနဲ.အကောင်းပါပဲ
ဒါကလည်း အသုံးချတဲ.လူတွေပေါ်မှာပဲ အများကြီးမူတည်တယ်လို.ထင်ပါတယ်
အဲဒီအကြောင်း စဉ်းစားပြီး ကားစီလာတုန်းရှိသေးတယ် အဓိပတိ ကားပေါ်က ရုပ်မြင်သံကြား မီဒီယာ တစ်ခုက သူတို.အမေး သူတို.အဖြေ ဆိုတဲ.အစီအစဉ်မှာ
ပါလာတာက မေးတာက လူငယ်တွေ ဂျီတော.ကို ဘာ.ကြောင်.စွဲစွဲလမ်းလမ်းသုံးကြတာလည်းဆိုတာပါ
ဖြေတဲ.သူတွေကလည်း ပေါက်ကရတွေပါပဲ ကျွန်တော်မှတ်မိသလောက်တော. အဝေးရောက် ဆွေမျိုး မိတ်ဆွေတွေနဲ.ဆက်သွယ်ရေး လွယ်ကူလို.ဆိုတဲ.လူတစ်ယောက်မှ မပါဘူးဗျ။ ဘာဖြေထားသလဲဆိုတော. တစ်ယောက်က အီစီကလီ လုပ်လို.ရလို.သုံးတာပါတဲ.။ တစ်ယောက်ကျတော.လည်း
အိုင်တီ ခေတ်ကြီးမှာ ချက်တင်မှမသုံးရင် ခေတ်နောက်ကျမှာပေါ.တဲ.။ ပြောတာကတော.ကြီးကြီးကျယ်ကျယ်ပါပဲ အိုင်တီခေတ်ကြီးဆိုပဲ သူပြောမှ ချက်တင်မထိုင်
ရင်ခေတ်နောက်ကျသလိုတောင် ဖြစ်နေကြပါပြီ။
ကျွန်တော်တို.ရွာသားတွေလည်း ချက်တင်မထိုင်ရင်ခေတ်နောက်ကျနေပြီနော်
ကျွန်တော်တို.ရွာသားတွေလို ပို.စ်တင်လိုက် ဗဟုသုတလည်းရ စာရေးတဲ. အကျင်.လည်းဖြစ် ပိုက်ဆံလည်းရသေးတယ်ဗျာနော် ဒါကမှတော်သေးတယ်
သူငယ်ချင်းညီမလေး သင်ခန်းစာပေးပြီး ညီငယ်ညီမငယ်လေးတွေဆီကို မေးလေးတွေနဲ. ဖြန်.ပေးလိုပါတယ်
ဒီပို့ စ်ကလေးတခုဟာ....အွန်လိုင်းပေါ်မှာမိတ်ဆွေတဦးက လိုက်ဖတ်ရင်း သဘောကျလို့  ကူးယူပြီး ကနော့် ဘလောက်မှာ  ထပ်ဆင့် လာရောက်တင်ပြသွားတာပါ...စာဖတ်ပရိတ်သတ်များ မင်္ဂလာပေါင်းနဲ့ ပြည့် ဝပါစေ.....ကျနော်ဂေါ်လီပါ
October 24, 2011
သင့် ကွန်ပျုတာအတွက်လိုအပ်နေသောccleaner
ccleaner အကြောင်း
CCleaner - Download Builds
Optimization and Cleaning
CCleaner - Installer
3,429 kb - ccsetup312.exe
Builds below are for system admins and advanced users.
They are not for distribution or mirroring.
CCleaner - Portable
Zip file, no installer
3,170 kb - ccsetup312.zip
CCleaner ဟာ ဒစ်ဂျစ်တယ် privacy နဲ့ လုံခြုံရေးကို အကာအကွယ် ပေးဖို့ သုံးစွဲရ လွယ်ကူပြီး မရှိမဖြစ် လိုအပ်တဲ့ ပရိုဂရမ်တခု ဖြစ်တယ်။ အလုပ်လုပ်နေတဲ့ အချိန်မှာ ဖန်တီးတဲ့ browser history ၊ cookies နဲ့ တခြား ယာယီဖိုင်တွေကို အမြဲတမ်း ပယ်ဖျက်ပေးတဲ့အပြင် disk ပေါ် နေရာလွတ်တွေကို ရှင်းလင်းပေးခြင်းဖြင့်၊ CCleaner ဟာ ရန်လိုပြီး အန္တရာယ်ရှိတဲ့ အုပ်စုတွေက လုပ်ငန်း လုပ်ဆောင်ချက်တွေ၊ ဦးစားပေးချက်တွေကို စောင့်ကြည့်လို့ မရအောင်၊ (သို့) ကွန်ပျူတာထဲကို ၀င်ရောက် ဖျက်ဆီးလို့ မရအောင် ကန့်သတ်ချက်တွေ ချထားပေးတယ်။
CCleaner ကို Install လုပ်ခြင်း
  • လက်စွဲ လမ်းညွှန် နိဒါန်းအကျဉ်းကို ဖတ်ရှုပါ
  • www.piriform.com/ccleaner/builds ပေါ်က Download စာမျက်နှာကို ဖွင့်ဖို့ အောက်က CCleaner icon ကို နှိပ်လိုက်ပါ။
  • 'CCleaner - Slim' အပိုင်းမှာ ရှိတဲ့ 'Download' ခလုတ်ကို နှိပ်လိုက်ပါ။
  • 'ccsetup_slim.exe' ကို ကွန်ပျူတာထဲမှာ saveလုပ်ပါ၊ အဲဒီနောက် နှစ်ချက် နှိပ်ပြီး installation ပရိုဂရမ်ကို ဖွင့်လိုက်ပါ။
  • 'Install' ဆက်လက် မလုပ်ခင် 'လမ်းညွှန်ချက်တွေ'ကို နောက်အပိုင်းမှာ ဖတ်ရှုပါ။
  • ဆက်မသွားခင် နောက်လာမယ့် အပိုင်းမှာ 'installation လမ်းညွှန်ချက်တွေ'ကို ဖတ်ရှုပါ။
  • CCleaner ကို အောင်အောင်မြင်မြင် install လုပ်ပြီးတဲ့အခါ installation ပရိုဂရမ်ကို ကွန်ပျူတာထဲကနေ ပယ်ဖျက်နိုင်တယ်။
CCleaner: ဆော့ ဖ်ဝဲလေးရရှိဘို့ အတွက် ဒီဆိုက်ကလေးမှာသေချာ ဒေါင်းလုပ်ယူပါ
                   http://www.piritorm.com/ccleaner/builds
  အနီရောင်ပြထားတဲ့ဆိုက်ကလေးကို Internet Explorer မှာပဲဖြစ်ဖြစ် MozillaFire fox မှာပဲဖြစ်တိုက်ရိုက်ကူး
ယူပြီးရှာဒေါင်းပါ အထက်ပါ Excel ပုံကလေးတွေ့ ရရင်သေချာပါပြီ တဆင့် ပြီးတဆင့် ဆောင်ရွက်ပါ၊
အကယ်၍အခက်ခဲရှိပါက ကျွန်ုပ်ထံအီးမေး ဖြင့် ဆက်သွယ်မေးနိုင်ပါတယ်။
ထိုနည်းပညာလေးသင်ပိုင်ဆိုင်နိင်ပါစေ၊
October 23, 2011
အိန္ဒိယ-မြန်မာ ကုလားတန်မြစ် စီမံကိန်းအိန္ဒိယ-မြန်မာ ကုလားတန်မြစ် စီမံကိန်း
သောကြာ, 21 အောက်တိုဘာ 2011
By ဦးအောင်ခင် & မညိုညိုလွင်
သမ္မတဦးသိန်းစိန်ရဲ့  အိန္ဒိယခရီးစဉ်အတွင်း ထုတ်ပြန်တဲ့ အိန္ဒိယ-မြန်မာ ပူးတွဲကြေညာချက်မှာ ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်း အကောင်အထည်ဖော်နေတာကို နှစ်ဘက်စလုံးက ကျေနပ်ကြောင်း ဖော်ပြပါတယ်။ ကားလမ်းဖောက်ရမယ့်အပိုင်းကို အမြန်ဆုံး စတင်လုပ်ဆောင်ပြီး အကောက်ခွန်ဂိတ်တွေ ထပ်ပြီးဖွင့်ဖို့ ဆုံးဖြတ်ကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။ ဝန်ကြီးအဆင့် တွေ့ဆုံပွဲမှာလည်း နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးကို ဆွေးနွေးကြောင်း သိရပါတယ်။
ဒီနေရာမှာ ကုလားတန် စီမံကိန်းဟာ အဓိကပါဝင်နေပါတယ်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ စစ်တွေဆိပ်ကမ်းကို ဆက်သွယ်နိုင်ရင် နယ်စပ်ဒေသ တိုးတက်လာမယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ ပထမဦးစွာ စစ်တွေမှာ ရေနက်ဆိပ်ကမ်း တည်ဆောက်ပြီး ကုလားတန်မြစ် ရေစူးနက်အောက် လုပ်ဖို့လိုပါတယ်။ လောလောဆယ် တန်ချိန် (၂၀၀၀) သင်္ဘောသာ ဆိုက်ကပ်နိုင်တဲ့ စစ်တွေဆိပ်ကမ်းကို တန်ချိန် (၆၀၀၀) အရွယ်အစားဆိုက်ကပ်နိုင်အောင် ပြုပြင်ပြီး တန်ချိန် (၂၆၀) ရှိတဲ့ သင်္ဘော (၁၀) စီး အိန္ဒိယက တည်ဆောက်နေပါတယ်။ ဆိပ်ကမ်းတွေနဲ့ ကလတန်မြစ် ပြုပြင်ရေးအတွက် ဒေါ်လာသန်း (၇၀) သတ်မှတ်ပါတယ်။
စစ်တွေက စက်ပစ်ပြင် (ခေါ်) ကလက်ဝအထိ ကီလိုမီတာ (၂၀၀) ကျော် သင်္ဘောနဲ့သွားပြီးတော့မှ ကလက်ဝ က အိန္ဒိယနယ်စပ်အထိ ကားနဲ့ ဆက်သွားမယ့် စီမံကိန်းဖြစ်ပါတယ်။ ကလက်ဝ က အိန္ဒိယနယ်စပ်အထိ ကီလိုမီတာ (၆၀) ကျော်ရှိတဲ့ ကားလမ်းဆောက်လုပ်ဖို့ ဒေါ်လာသန်း (၅၀) ရာထားပါတယ်။ ကုလားတန်မြစ်ဟာ မြန်မာနိုင်ငံ လူရှိုင်းတောင်တန်းမှာ မြစ်ဖျားခံပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို စီးဆင်းသွားပါတယ်။ မီဇိုရမ်ပြည်နယ်တောင်ပိုင်းမှ ချင်းပြည်နယ်ထဲကို စီးဆင်းသွားပြီး ပလက်ဝမှာ ရခိုင်ပြည်နယ်ထဲကို ဝင်ရောက်ကာ စစ်တွေမှာ ဘင်္ဂလားပင်လယ်ကို ထွက်ပါတယ်။ ကီလိုမီတာ (၆၀၀) ကျော် ရှည်လျားပြီး မြန်မာပြည်ထဲမှာ ကီလိုမီတာ သုံးရာနီးပါး ရှိပါတယ်။ ကျောက်ဆောင်များတဲ့ မြစ်ဖြစ်တာကြောင့် ပလက်ဝ က ကလက်ဝအထိ ရေယာဉ်အသေးစားသာ တနှစ်မှာ ရှစ်လသွားနိုင်ပါတယ်။ ဒီရေကြောင်းကို တနှစ်လုံး သင်္ဘောသွားလာနိုင်အောင် ပြုပြင်ထိန်းသိမ်းဖို့ ရည်ရွယ်ပါတယ်။
စစ်တွေက ပလက်ဝအထိ (၁၆၀) ကီလိုမီတာ ရေကြောင်းခရီးမှာ ပြဿနာသိပ်မရှိဘဲ ပလက်ဝ က ကလက်ဝ အထိဖြစ်တဲ့ ကီလိုမီတာ (၇၀) မှာသာ ကျောက်ဆောင်ထူထပ်လို့ ကုန်သင်္ဘောသွားဖို့ အခက်အခဲ ရှိနေတာ ဖြစ်ပါတယ်။ စီမံကိန်း အကောင်အထည်ဖော်ဖို့ အိန္ဒိယနဲ့ ဗမာအစိုးရတို့ ၂၀၀၈ ဧပြီလမှာ လက်မှတ်ထိုးကြပေမယ့် ကလတန်မြစ်ကြောင်းကို ၂၀၀၂ ခုနှစ်ကတည်းက အိန္ဒိယဘက်က တိုင်းထွာစစ်ဆေးခဲ့တာ အကျယ်ဆုံးနဲ့ ရေစူးအနက်ဆုံးဖြစ်ပြီး ကျောက်တော်၊ ပလက်ဝအပိုင်းမှာ မြစ်ကျဉ်းသွားပေမယ့် ရေစူးက အတူတူပဲ ဖြစ်ပါတယ်။ ပလက်ဝ၊ ကလက်ဝအပိုင်းမှာ ရေစူးတိမ်မြစ်ကျဉ်းပြီး ကျောက်ဆောင်ပေါများတာကြောင့် ဒီအပိုင်းကို အများဆုံးပြုပြင်ဖို့ လိုကြောင်းသိရပါတယ်။
ပလက်ဝ က စက်ပစ်ပြင် (ခေါ်) ကလက်ဝအထိ တန်ချိန် (၂၆၀) ရှိတဲ့ ကုန်သင်္ဘောတွေ သွားနိုင်ဖို့ ကုလားတန်မြစ်ကြောင်းကို ပြုပြင်ပြောင်းလဲရာမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုကို လေ့လာစရာမလိုဘူးလို့ စီမံကိန်းရည်ရွယ်ချက်မှာ ရေးထားပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ကို ထိခိုက်နိုင်တယ်လို့ ဒေသအာဏာပိုင်က ယူဆတဲ့ကိစ္စမှာ မြန်မာဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဆိုလိုတာကတော့ ပတ်ဝန်းကျင်ထိခိုက်မှုကို အိန္ဒိယဘက်က လေ့လာမှာမဟုတ်ဘဲ မြန်မာဘက်က လေ့လာပြီး ပြဌာန်းထားတဲ့ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင် ထိခိုက်မယ့်လုပ်ဆောင်ချက်တွေကို ဒေသခံအာဏာပိုင်က ဟန့်တားပိုင်ခွင့် ရှိပါတယ်။
အိန္ဒိယအစိုးရရဲ့  ကုလားတန်စီမံကိန်းကြောင့် မြစ်ကြောင်းကိုအမှီပြုပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြတဲ့ ဒေသခံတသန်းလောက်ရဲ့  စားဝတ်နေရေး ထိခိုက်နိုင်တယ်လို့ ရခိုင်မြစ်ချောင်း ကွန်ယက်က ဆိုပါတယ်။ ဒီလို လူနေမှုဘဝ ထိခိုက်သွားတာကို လျှော်ကြေးပေးဖို့ အစီအစဉ်ရှိပုံ မရပါဘူး။ ကုလားတန် စီမံကိန်းကြောင့် ဒေသခံတွေ မှီခိုနေတဲ့ သဘာဝဂေဟ စနစ်ပျက်စီးပြီး ရိက္ခာရှားပါးသွားနိုင်တယ်လို့ ရခိုင်မြစ်ချောင်း ကွန်ယက်က ဆိုပါတယ်။ လေပြင်းမုန်တိုင်းကျမှုကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ်မှာ (၂၀၀၈) ကစပြီး ရိက္ခာမလုံလောက်တဲ့ ပြဿနာ ကြုံတွေ့နေရပါတယ်။
စစ်တွေ၊ ပလက်ဝ နဲ့ ကလက်ဝ မှာ ဆိပ်ကမ်းတွေ တိုးချဲ့ ဆောက်လုပ်တဲ့အတွက် ဖယ်ရှားခံရမယ့် အိမ်ထောင်စုတွေ လျော်ကြေးအလုံအလောက် ရဖို့လိုပါတယ်။ ကလတန်နဲ့ အခြားစီမံကိန်းမှာ စစ်တွေက လုံခြုံရေးတာဝန် ယူထားတာကြောင့် ဖြစ်ပေါ်လေ့ရှိတဲ့ ဆိုးကျိုးတွေကို စိုးရိမ်နေကြပါတယ်။ ၂၀၀၆ မှာ ဂိတ်ကြေးစခန်း (၄) ခုရှိရာက (၃၀) အထိ တိုးပွားနေပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်ဝန်းကျင် ထိခိုက်မှုကို ကာကွယ်ဖို့အတွက် ကလတန်မြစ်ဝှမ်းနေ ဒေသခံပြည်သူလူထုရဲ့  သဘောထားကို စဉ်းစားဖို့ လိုအပ်နေကြောင်း ရခိုင်မြစ်ချောင်း ကွန်ယက်က တိုက်တွန်းထားပါတယ်။
ဒီသတင်းကို VOAမှကူးယူတင်ပြလိုက်ပါတယ်၊
October 22, 2011
ဆန္ဒမစောကြပါနှင့်ရတော့ မှာပါ
ဆန္ဒမစောကြပါနှင့်
ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာတမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်စဲရေး လှုပ်ရှားမှုကြီးသည် မြန်မာနိုင်ငံ၏ အမျိုးသားရေးစိတ်ဓာတ် မြင့်မားစွာ နိုးကြွမှုဖြစ်ခဲ့သကဲ့သို့ အစိုးရအနေဖြင့်လည်း ပထမဦးဆုံး ပြည်သူ၏ဆန္ဒကို လိုက်လျောခဲ့ရခြင်း ဖြစ်သည်။
၁၉၆၂ ခုနှစ်နောက်ပိုင်း စစ်သားတပိုင်းအစိုးရအနေဖြင့် ဓားဓားချင်း လှံလှံချင်းဆိုသည့် သဘောထားမှ ပြည်သူ၏သဘောထားကို လက်ခံလာသည်ဟု ပြောရပါမည်။ ဧရာဝတီမြစ်ဆုံစီမံကိန်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် သဘောတူ လက်မှတ်ရေးထိုးခဲ့သော စာချုပ်ဖြစ်သည်။ အဆိုပါစာချုပ်ကို ဆိုင်းငံ့ပစ်ခဲ့သော သမ္မတဦးသိန်းစိန်၏ ဆုံးဖြတ်ချက်ကို လေးစားပါသည်။
ယနေ့ဖြစ်ပေါ်နေသော အခြေအနေမှ ဒီမိုကရေစီခရီး ဆက်လက်လျှောက်လှမ်းရေးနှင့် ပတ်သက်၍ ယခင် စစ်တပ်၏ သဘောသဘာဝ၊ အခြေခံ ခံယူထားသည့်စိတ်ဓာတ်တို့ကို ဆွေးနွေးတင်ပြလိုပါသည်။ ယနေ့ မြန်မာ့တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်သည်ပင်လျှင် ၁၉၇၄ ခုနှစ်မှစ၍ စစ်တက္ကသိုလ်ဗိုလ်လောင်း အမှတ်စဉ် (၁၉) ကို တက်ရောက်ပြီး တပ်မတော်တွင် စတင်တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ စာရေးသူတို့၏ အသက်အရွယ်တန်းများ ဖြစ်ကြပါသည်။
ကျနော်တို့နှင့်ခေတ်ပြိုင် အရာရှိများသည် တော်လှန်ရေးကောင်စီခေတ်မှ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ပြောင်းကာစတွင် တပ်မတော်၌ ဝင်ရောက်အမှုထမ်းခဲ့ကြသည်။ ဆိုရှယ်လစ်စနစ်၏ ဝါဒမှိုင်းအတိုက်ခံထားရသော တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ် ဘဝတို့ဖြင့် ကြီးပြင်းလာခဲ့ရပြီးမှ စစ်တပ်အတွင်း ရောက်ခဲ့ကြသူများဖြစ်သည်။ တံခါးပိတ်ဝါဒ ကျင့်သုံးစဉ် ကြီးပြင်းလာခဲ့သူများဖြစ်၍ ပေးတာယူ၊ ကျွေးတာစား၊ ပြန်မပြောနဲ့၊ ခိုင်းတာလုပ် ဆိုသည့် ဆောင်ပုဒ်ဖြင့် ခေါက်ရိုးကျိုးနေပြီး စစ်အာဏာရှင်ကြီးများ ခိုင်းတာမှန်သမျှကို တပ်မတော်သစ္စာ (၄) ချက်တွင် တချက်ဖြစ်သည့် အထက်မှပေးအပ်သော အမိန့်နှင့် တာဝန်ဝတ္တရားများကို နာခံရမည် ဆိုသည်ကို လွဲမှားစွာ မှတ်ယူလိုက်နာခဲ့ကြရသူများ ဖြစ်သည်။
နိုင်ငံတကာအတွေ့အကြုံရှိသူနှင့် လေ့လာသူ စစ်အရာရှိတချို့မှလွဲ၍ အများစုသည် စစ်အာဏာရှင်ကြီးများပြောသမျှ ဝါဒမှိုင်းတိုက်မှု (Brain Wash) ကိုသာ ကြားနေရပြီး သူတို့ပြောသမျှကိုသာ အမှန်ထင်ခဲ့ကြပါသည်။ အစိုးရ၏လမ်းစဉ် မှားမှန်းသိနေသူ အရာရှိများအနေဖြင့်လည်း စိတ်ထားတူသူ အချင်းချင်းတွေ့သောအခါမှ ရှေ့နောက်ကြည့်ပြီး ပုန်းလျှိုးကွယ်လျှိုး ပြောဆိုဝံ့ကြသည်။
စစ်ထောက်လှမ်းရေးက စစ်ဘက်နယ်ဘက် အရာရှိကြီးများအပြင် စစ်ထောက်လှမ်းရေး အဖွဲ့အတွင်းမှာပင် ဖုန်းကြားဖြတ်နားထောင်ခြင်း၊ သူလျှိုများထားခြင်းဖြင့် အစိုးရပေါ်လစီအပေါ် ဝေဖန်သူများကို ထောက်လှမ်းလေ့ရှိသည်။ အလားတူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း အထူးကြားဖြတ် ထောက်လှမ်းရေးအဖွဲ့ကို ဖွဲ့စည်းပြီး တပ်မတော်အရာရှိကြီးများနှင့် နယ်ဘက်ဝန်ကြီးများ၊ စစ်ထောက်လှမ်းရေးများ၏ လှုပ်ရှားမှုကို တပ်မတော်ဆက်သွယ်ရေးတပ်အား တာဝန်ပေး ထောက်လှမ်းစေခဲ့သည်။ အပြန်အလှန် ထောက်လှမ်းမှုများ ရှိခဲ့ကြ၍ အစိုးရကို နည်းနည်းဝေဖန်မိသည်နှင့် ဒုက္ခရောက်သွားကြရသည်။
ယနေ့အခြေအနေကို လေ့လာသုံးသပ်မည်ဆိုလျှင် အတိတ်ကာလနှင့် မတူတော့သည်ကို တွေ့မြင်ရသည်။ တချိန်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်မှန်သမျှကို နာခံခဲ့သော သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တရုတ်တို့နှင့် အပေးအယူလုပ်၊ လက်ဖြင့်ချုပ်ဆိုခဲ့သော မြစ်ဆုံစီမံကိန်းစာချုပ်ကို ပြည်သူတို့၏ဆန္ဒအရ ရဲရဲဝံ့ဝံ့ ခြေဖြင့်ဖျက်လိုက်ပါသည်။ အဆိုပါ အလုပ်မျိုးကို ဦးနေဝင်း ပြုတ်ပြီးနောက် ဗိုလ်ချုပ်ကြီး စောမောင်နှင့် ဗိုလ်မှူးချုပ် ခင်ညွန့်တို့ မလုပ်ရဲခဲ့ကြပါ။ လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အနေဖြင့် တချိန်က မော့်၍မကြည့်ဝံ့သူ၊ မအေနှမနှင့် အဆဲသန်သူ၊ တပ်မတော်တွင် မိုက်ရိုင်းသူဟူ၍ နာမည်ကြီးသော ဗိုလ်ချုပ်ကြီးဟောင်း ရှစ်လုံး ခေါ် ယခု ဒု သမ္မတ ဦးတင်အောင်မြင်ဦးအား ယခုအခါ ပြန်ပြောဝံ့သည်ဟု သိရပါသည်။
အစိုးရဝန်ကြီး အဖွဲ့အတွင်းမှာလည်း မှားသည် မှန်သည်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုလာကြသည်ကို မြင်တွေ့နေရပါသည်။ လက်ရှိ အစိုးရအဖွဲ့အတွင်းနှင့် တပ်မတော်အတွင်း အရာရှိ ကြီးငယ်များသည်လည်း မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများထက် များစွာခေတ်နောက်ကျနေရသည်ကို ဝန်ခံရဲသည့်သတ္တိ၊ ဝေဖန်ရဲသည့်သတ္တိများ ရှိလာကြသည်ကို တွေ့မြင်ရပါသည်။
တပ်မတော်သည် ၁၉၆၂ ခုနှစ်မှ ယနေ့အထိ နှစ်ပေါင်း ၅၀ နီးပါး စစ်အာဏာရှင်ကြီးများ၏ ကျွန်ပြုခံထားရသော စစ်ကျွန်များသဖွယ် ဖြစ်ခဲ့ကြပါသည်။ ယနေ့အချိန်တွင် တပ်မတော်နှင့် အစိုးရထိပ်ပိုင်းခေါင်းဆောင်များကပါ နိုင်ငံရေး အပြောင်းအလဲ လိုလားနေသည်ကို တွေ့မြင်ရပါသည်။ မပြောင်းလဲလိုသူ၊ သဘောထားတင်းမာသူများ လက်ရှိ တပ်မတော်နှင့် အစိုးရအဖွဲ့အတွင်း ရှိနေသေးသည်ကိုလည်း သတိထားရမည်ဖြစ်သည်။
မကြာသောနှစ်ကာလများအတွင်း နအဖအဖွဲ့တွင် သဘောထားပျော့ပြောင်းသူဟု နိုင်ငံတကာက အထင်ခံခဲ့ရသူ ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် သဘောထားတင်းမာသူများ၏ ဖိအားပေးမှုကြောင့် လက်ရှိ အခြေအနေသို့ ဆိုက်သွားရပါသည်။ ထို့ကြောင့် ထိုအဖြစ်မျိုး သမ္မတကြီး ဦးသိန်းစိန် ရောက်ခဲ့မည်ဆိုပါက မြန်မာ့နိုင်ငံရေးသည် ပိုနေမြဲ ကျားနေမြဲဘဝမျိုး ပြန်ရောက်ပြီး အဆိုးဝါးဆုံး အခြေအနေများနှင့် ရင်ဆိုင်သွားရနိုင်ပါသည်။
နွားကွဲလျှင် ကျားကိုက်မည်ဆိုသည့် မြန်မာစကားပုံကို မမေ့သင့်ပါ။ နိုင်ငံတချို့သည် မြန်မာနိုင်ငံ၏ သယံဇာတ ကြွယ်ဝမှုကို မျက်စေ့ကျလျက် ရှိပါသည်။ အိမ်နီးနားချင်း တရုတ်၊ အိန္ဒိယတို့သည် စီးပွားရေးအင်အားကြီးလာသည့် နိုင်ငံများဖြစ်လာကြပြီး ပြိုင်ဘက်ရန်ဘက်များလည်း ဖြစ်ကြသည်။ စွမ်းအင်ရရှိရေးအတွက် မြန်မာနိုင်ငံကို အာရုံကျလျက်ရှိသည်။
တရုတ်နိုင်ငံဆိုလျှင် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှုကြောင့် မကျေမနပ်ဖြစ်ကာ ဗိုလ်သန်းရွှေ ကာလတလျှောက်လုံး ဘာဖြစ်ဖြစ်ထောက်ခံခဲ့ရာမှ ယနေ့ အပြစ်တင်ပြောဆိုလာသည်ကို မြင်တွေ့နေရသည်။ အိန္ဒိယအနေဖြင့်လည်း မြန်မာနိုင်ငံ၏စွမ်းအင်ကို ဈေးပေါပေါဖြင့်ရရန် စောင့်နေသည်ကို သတိချပ်စေလိုပါသည်။
စာရေးသူ ယခင်က တင်ပြခဲ့ဖူးပါသည်။ ၁၉၈၈ ခုနှစ် အရေးခင်းကာလ အမေရိကန်လေယာဉ်တင်သင်္ဘော မြန်မာရေပိုင်နက် ရောက်ရှိလာချိန်တွင် တရုတ်တို့သည် “ဝ” ကိုးကန့် နယ်မြေသို့ တရုပ်တပ်မများစေလွှတ်ပြီး မြန်မာနိုင်ငံအထက်ပိုင်း  မန္တလေးတိုင်းအထိသိမ်းပိုက်ရေး မဟာဗျူဟာများ ချမှတ်ခဲ့ဖူးပါသည်။
အိန္ဒိယအနေဖြင့်လည်း ခြိမ်းခြောက်လာနိုင်သည့်အတွက် စစ်ရေးအရ မြန်မာနိုင်ငံ၏ ဦးတည်ရန်သူ (Potential Enemy) ဖြစ်သည်ဟု သတ်မှတ်ပြီး စစ်နည်းဗျူဟာများကို လေ့ကျင့်ခဲ့ကြရသည်။ စစ်အာဏာရှင်ကြီးများ၏ ကိုယ်ကျိုးစီးပွားအတွက် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အနောက်နိုင်ငံကြီးများ၏ လျစ်လျူရှုခြင်းခံရပြီး အိမ်နီးချင်း ၂ နိုင်ငံစလုံးကို မယုံရသော်လည်း မျက်နှာချိုသွေးနေရပါသည်။
ယနေ့ ဗီယက်နမ် ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း စသည့် အာဆီယံနိုင်ငံများပင်လျှင် တရုတ်တို့၏ရန်ကို ခုခံနိုင်ရန် အမေရိကန်၏ အကူအညီကို လိုနေကြသည်။ တရုတ်နိုင်ငံသည် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းတို့နှင့် ပြဿနာဖြစ်နေသော တောင်တရုတ်ပင်လယ်ပြင်အတွင်း Spratly ကျွန်းစုအရေးကိစ္စနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံအား တရုတ်နိုင်ငံဘက်မှ ထောက်ခံရပ်တည်ပေးရန် သမ္မတ ဦးသိန်းစိန်ကို ဖိအားပေးလျက်ရှိကြောင်း သိရသည်။ သမ္မတဦးသိန်းစိန်အနေဖြင့် တရုတ်နိုင်ငံ၏ တောင်းဆိုချက်ကို လက်ခံလိုစိတ်မရှိဘဲ အာဆီယံနိုင်ငံများနှင့်သာ လက်တွဲသွားလိုသည့်ဆန္ဒရှိသဖြင့် တရုတ်ခေါင်းဆောင်များ မကျေမနပ်ဖြစ်နေကြသည်။ Spratly ကျွန်းစုအရေးကိစ္စ ဖြစ်နေသော နိုင်ငံများအနေဖြင့်လည်း လက်ရှိအနေအထားအရ တရုတ်တို့ကို ရင်ဆိုင်ရန် အမေရိကန်ထံမှ စစ်ရေးအကူညီရရေး ချဉ်းကပ်နေကြပါသည်။
သို့သော် မြန်မာအစိုးရအနေဖြင့်မူ တရုတ်အစိုးရကို အလွန်အမင်း မဆန့်ကျင်ရဲသကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမေရိကန်အစိုးရကိုလည်း ချဉ်းကပ်ရန် မဝံ့မရဲဖြစ်နေသည့် အခြေအနေမျိုး ဖြစ်နေသည်ဟု သုံးသပ်မိသည်။ ထို့ကြောင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့သို့ ရောက်ရှိလာပြီး သမ္မတအိမ်တော်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက် မစ်ချယ်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ရသည်။ နောက်ကြောင်းပြန်လှည့်မည့် အပြောင်းအလဲများ မဟုတ်ပါကြောင်း အာမခံချက်များပေးပြီး အမေရိကန်၏ အကာကွယ်ကို တောင်းဆိုနေရပြီဖြစ်သည်။
စစ်ဆိုသည်မှာ မည်သည့်အခါမှ မကောင်းပါ။ ပြည်ပစစ်ဖြစ်စေ၊ ပြည်တွင်းစစ်ဖြစ်စေ၊ ပြည်သူပြည်သားအားလုံး ဒုက္ခရောက်ကြရပါသည်။ တိုင်းပြည်၏ တိုးတက်ဖွံ့ဖြိုးမှုအားလုံး၊ ငြိမ်းချမ်းမှုအားလုံး ဆုံးရှုံးသွားပါသည်။ ယနေ့ အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲများနှင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော စစ်ပွဲများအတွင်း ကြုံတွေ့နေရသည့် ပြည်သူများ၏ဒုက္ခကို မျှဝေခံစားကြည့်လျှင် စစ်၏အနိဋ္ဌာရုံကို သိရှိနိုင်သည်။ ပြည်တွင်းစစ်ပွဲများ ရပ်စဲရေးနှင့် ပြည်ပစစ်ပွဲများ မဖြစ်ရေး လက်ရှိအစိုးရနှင့် မြန်မာနိုင်ငံသားအားလုံးတွင် တာဝန်ရှိသည်။
ပထမဦးစွာ အစိုးရအနေဖြင့် ကိုယ့်တိုင်းရင်းသားချင်းများအား ရိုးသားမှု၊ သဘောထားကြီးမှုကိုပြပြီး ထိုးစစ်ဆင်မှုများ ရပ်ဆိုင်းကြောင်း ကြေညာသင့်သည်၊ ဆွေးနွေးပွဲများ ခေါ်သင့်သည်။ အဆိုပါ ဆွေးနွေးပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမာသမတ်ရှိသော၊ လူအများ လေးစားယုံကြည်မှုရှိသော တိုင်းရင်းသားများ၊ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များ၊ စစ်ဘက်၊ နယ်ဘက် အငြိမ်းစားအရာရှိကြီးများ၊ အစိုးရတာဝန်ရှိသူများနှင့် အဖွဲ့ဖွဲ့ပြီး တာဝန်ပေးသင့်သည်။ ပြည့်အားသည် ပြည်တွင်းမှာသာရှိသည်အဆိုအရ မိမိတို့အချင်းချင်း ညီညွတ်မှုကို ပထမဦးစွာ တည်ဆောက်ဖို့လိုပါမည်။
ပြည်ပရန်များကို ကျော်လွှားနိုင်ရန် ပြည်တွင်းအင်အားသည် အဓိကလိုအပ်ပါသည်။ အနောက်နိုင်ငံကြီးများ လိုလားသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးကို အလုပ်ဖြင့် သက်သေပြရပါလိမ့်မည်။ အဆိုပါကိစ္စများကို အကောင်အထည်ဖော်ရန် ပြည်သူများဘက်မှလည်း သမ္မတဦးသိန်းစိန်အား နားလည်မှုတစုံတရာပေးပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို ခံယူကာ ဝန်းရံပေးဖို့ လိုအပ်သည်။ အရေးကြီးသည်မှာ သမ္မတ ဦးသိန်းစိန်အား အစိုးရအဖွဲ့အတွင်းမှ သဘောထားတင်းမာသည့်အုပ်စုက အနိုင်မရရှိသွားရေးဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ဖြစ်လိုသည်များကို ဆန္ဒစောပြီး နေ့ချင်းညချင်းဖြစ်ရမည်ဟု သဘောမထားဘဲ အစိုးရ၏ ခြေလှမ်းများကို တဆင့်ချင်း စောင့်ကြည့် ထောက်ပြဝေဖန်၍ သမ္မတ ဦးသိန်းစိန်အစိုးရကို အပြုသဘောဖြင့် တွန်းအားပေး၊ တောင်းဆိုသင့်ကြောင်း တင်ပြအပ်ပါသည်။
(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)
ဒီသတင်း post ကလေးကို ကျနော် ဂျစ်ပစီအွန်လိုင်းဂေါ်လီ ဧရာဝတီ Website Blog မှကူးယူတင်ဆက်လိုက်တာပါ။အားလုံး အထူးပဲ ကျေးဇူးမင်္ဂလာပါ...
October 21, 2011
ရိုဟင်ဂျာ၏သမိုင်း....
သျှမ်းသံတော်ဆင့်မှ ဖေဖေါ်ဝါရီလတွင် ထုတ်ဝေသည့် Independence စာစောင် ရိုဟင်ဂျာအမည်ခံသူများ အကြောင်းနှင့် ပတ်သက်၍ ထိုင်းသတင်းစာများမှ ကူးယူဖေါ်ပြသည် ဟူသောဆောင်းပါး၌ “ရိုဟင်ဂျာဆိုတာ လူဦးရေ ၇ သိန်းကနေ၊ ၁.၅ သန်းထိရှိပြီး အေဒီ ၇-ရာစုလောက်က ရခိုင်ပြည်မြောက်ပိုင်းတ၀ိုက်စီးပွား ကုန်သွယ်အလုပ်နဲ့ ရွှေ့ပြောင်း အခြေချလာတဲ့ အာရပ်လူမျိုးစုကနေ တဆင့် မူဆလင်ဖြစ်လာကြတာ”ဟု ရေးသားဖေါ်ပြထား သည်ကို တွေ့ရှိရ၍ အံ့သြသင့်ရပါသည်။ ဤဆောင်းပါးကို ဖေါ်ပြသော ထိုင်းသတင်းစာများသည်...... ရိုဟင်ဂျာဆိုသူများထံမှ ရရှိ သော အချက်အလက်ဖြစ်ဟန်တူသည်။
အမှန်မှာ ၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင်လက်ထက် ရခိုင့်ဘုရင့်နိုင်ငံတော်ကို ဗမာဘုရင်သိမ်းပိုက်သဖြင့် ရခိုင်ဘုရင် မင်းစောမွန်သည် ဘင်္ဂလားဒေသရှိ ဂေါလ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဂေါလ်ကကောင်း မွန်စွာ လက်ခံခဲ့သည်။ ဘင်္ဂလားဂေါလ် ဆူလတန်ဘုရင်၏ အကူအညီဖြင့် ရခိုင်ထီးနန်းကို အရယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက်ဦးမြို့တည်၍ မြောက်ဦးခေတ်ကို စတင် တည်ထောင်ခဲ့ပါသည်။ မြောက်ဦးခေတ်တွင် ရခိုင့် တပ်မတော်၌ အာရပ်မှစစ်သည်တော်များ၊ ဥရောပမှ ပေါ်တူဂီများနှင့် ဂျပန်တို့ပါအမှုတော်တမ်းခဲ့သည်ကိုတွေ့ရှိရ သည်။ ယင်းအာရပ်မှစစ်သည်တော် မျိုးဆက်အများစုမှာ သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ပတ်ဝန်းကျင်တွင် နေထိုင်ကြပါသည်။ ယင်းတို့ကိုရခိုင်တို့က ကမန်ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည်၌ တိုင်းရင်းသား မျိုးနွယ်စုအဖြစ် အသိ အမှတ်ပြုထားပါသည်။ ယင်းမူဆလင် ဘာသာဝင် ကမန်တို့သည် ရခိုင်ပြည်၌ ပြဿနာဖန်တီးခြင်း၊ ရခိုင်တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေးအဓိကရုဏ်း ဖန်တီးခြင်းမျိုးကို လုံးဝပြုလုပ်ခြင်းမရှိဘဲ၊ ရခိုင်ပြည်နှင့်ရခိုင် လူမျိုး အပေါ် သစ္စာရှိရှိဖြင့် ရခိုင်တို့နှင့် အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ နေထိုင်လာခဲ့ကြသောလူမျိုး တမျိုးဖြစ်သော ကြောင့် ရခိုင်ပြည်၌ ဤကဲ့သို့ မူဆလင် ဘာသာကိုးကွယ်သော ရခိုင်တိုင်းရင်းသား ကမန်လူမျိုး ရှိသည်ကိုပင်သတိပြု မိကြဖူးမည် မဟုတ်ပေ။ သို့သော် မိမိကိုမိမိ ရိုဟင်ဂျာဟု ကြွေးကြော်နေသူများမှာ ၁၈၂၅-နောက်ပိုင်း ရခိုင်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးမှ ၀င်ရောက်လာသော မူဆလင်ဘာသာ ကိုးကွယ်သည့် စစ်တကောင်းတောင်းတန်းနေ ဘင်္ဂလီများသာ ဖြစ်သည်။
၁၈၂၅-တွင် ရခိုင်ပြည်၌ မူဆလင်ဦးရေ ၃၀,၀၀၀ ရှိခဲ့ရာမှ ၁၉၃၀ ပြည့်တွင် ၂၁၇၈၀၀-ရှိခဲ့ရာ ဗြိတိသျှအစိုးရက မူဆလင်ဦးရေ တိုးလာမှုကိစ္စကို စိုးရိမ်လာသောကြောင့် အခြေအနေစုံစမ်းရန် ၁၉၃၉ ၌စုံစမ်းရေးကော်မရှင် တခု ဖွဲ့စည်းပေးခဲ့သည်။ ကော်မရှင်က မူဆလင်ဦးရေ အတားအဆီးမရှိ တိုးဝင်လာမှုကို မဟန့်တားပါက နောင်အခါ၌ လူမျိုးရေး ပဋိပက္ခများ ဖြစ်နိုင်ကြောင်း အစီရင်ခံခဲ့သော်လည်း ဒုတိယ ကမ္ဘာစစ်ကြောင့် မည်သို့မျှ မလုပ်နိုင်ခဲ့ပေ။ အစီရင်ခံသည့် အတိုင်းပင် ၁၉၄၂-တွင် ကုလား-ရခိုင်အဓိကရုဏ်း ဖြစ်ခဲ့လေသည်။ မောင်တောမြို့နယ်ရှိ ရခိုင်ရွာအား လုံး ဖျက်ဆီးခံရသည်။ ရခိုင်တချို့မှာ ပြည်တွင်းသို့ဝင်ပြီး၊ တချို့မှာ အင်္ဂလိပ်ပိုင်နက် ဒိန်နာဂ်ျပူသို့ထွက်ပြေးခဲ့ကြရ သည်။
၁၉၄၂-ဂျပန်များဝင်လာသောအခါ ရခိုင်များကို သတ်ဖြတ်ခဲ့သော ကုလားအဖွဲ့သည် ဘာသာရေးအသွင်ပြောင်းကာ ဂျမေယာတူ အိုလမာအသင်း ဖွဲ့စည်းကြသည်။ အဖွဲ့ဥက္ကဌမှာ အုံမော်မျာ (ဘီအေဘီအယ်လ်) ဖြစ်သည်။ အုံမော်များ အဖွဲ့သည် အနောက် ပါကိစ္စတန်မှ အော်လနာမူဟာမတ် မူဇဟတ်ခန်နှင့် မော်နာအီဗြာဟိန်း တို့ကိုခေါ်၍ မူဂျာဟိန်းအဖွဲ့ ဖွဲ့စည်းကြသည်။ ပါကိစ္စတန်နယ်သို့ ရခိုင်ပြည်ထည့်သွင်းရေး အစီစဉ်ပင်ဖြစ်သည်။ စစ်ရေးအရ မြန်မာစစ်တပ်နှင့် မယှဉ်ပြိုင်နိုင်သော မူဂျာဟိန်းတို့သည် အခြား တိုင်းရင်းသားများနည်းတူ အခွင့်အရေးရလို၍ မစ္စတာဂေါ်ဖားက ရိုဟင်ဂျာဟူသော လူမျိုးသစ်တခုကို ၁၉၅၀- စက်တင်ဘာလထုတ် ဂါဒီးယန်းသတင်းစာတွင် အသက်သွင်းခဲ့သည်။
သို့သော် ၁၉၅၁- ဇွန်လတွင်ကျင်းပခဲ့သော အလယ်သံကျော် မူဆလင်ညီလာခံကမူ ရိုဟင်ဂျာမဟုတ်ဘဲ ဗမာ မူဆလင် ကဲ့သို့ ရခိုင်မူဆလင်လူမျိုးဟု ခေါ်ဝေါ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ရခိုင်တို့က ငါတို့ရခိုင်တွင် မူဆလင် ဘာသာဝင် မရှိဟု ပြောလာကြသောအခါ ရိုဟင်ဂျာဘက်သို့ ဖေါက်ထွက်ရန် ထွက်ပေါက်ရှာ လာကြသည်။ ၁၉၆၀-ပတ်ဝန်းကျင်တွင် ရိုဟင်ဂျာသတင်းစာ၊ ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာ ကျောင်းသားအသင်းထိ လှုပ်ရှားလာခဲ့ကြသည်။
၁၃၊ ၅၊ ၈၈ - နေ့က မောင်တောမြို့နယ်တွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော ကုလားလှုပ်ရှားမှုတခုဖြစ်ပွား ခဲ့သည်။ ကုလား ၅၀၀၀၀-ခန့်သည် မောင်တောမြို့ကို အရပ်ရှစ်မျက်နှာမှ ၀ိုင်းပြီးဟစ်အော်ကြွေးကြော် မီးရှို့သတ်ဖြတ် ရန်ချီတက်လာခဲ့ကြသည်။ လှုပ်ရှားမှုမှာ ညနေရှစ်နာရီခွဲမှ နောက် တနေ့နံနက် ၃-နာရီခွဲအထိ ကြာခဲ့သည်။ သူတို့ ဘာသာစကားဖြင့် ဘုရားသခင် အလိုကျတိုက်ပွဲဝင်ကြ၊ မင်းတို့ တိုင်းပြည်ငါတို့ တိုင်းပြည် ဖြစ်ရမည်ဟူ၍ ဟစ်အော်ကြ သည်။
၁၉၄၂ မတိုင်မှီက မောင်တောမြို့နယ်အတွင်း တည်ရှိခဲ့သော ရခိုင်ရွာပေါင်း ၁၉၅-ရွာမှာ ၁၉၉၂ တွင် ၄၆ ရွာသာ ကျန်ပါတောသည်။ ကျန်ရွာများအား မူဆလင်များက လူဦးရေအသာစီးရမှုဖြင့် သိမ်းပိုက်ခဲ့ကြပါသည်။ ဤသည်မှာ ရိုဟိန်ဂျာ ဆိုသူများပေါ်ပေါက်လာပုံ သမိုင်းအကျဉ်းဖြစ်သည်။ လက်ရှိအဖြစ်အပျက်များနှင့် တိုက်ဆိုင်၍ အောက်ပါ ဆောင်းပါးဖြင့် ချေပတင်ပြလိုက်ရပါသည်။
လိမ်လည်ခြင်းနှင့် ဟန်ဆောင်ခြင်းနောက်ကွယ်မှ
ရိုဟိန်ဂျာဟူသောအသံသည် ၁၉၈၈ လူထုအုံ-ကြွမှုနှင့် ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း အော်ကြီးဟစ်ကျယ်ထွက် ပေါ်လာမှု နှင့်အတူ “ရိုဟိန်ဂျာအမည်ခံ” ဘင်္ဂလီမူဆလင်များ၏ စတန့်ထွင်လုပ်ဇာတ်ခင်းမှုများလည်းMedia များမှ တဆင့် ပလူပျံထွက်ပေါ်လာပါသည်၊၊ မိမိတို့၏သမိုင်းမှန်၊ ဖြစ်ရပ်မှန်များကို ဖုန်းကွယ်၍ သမိုင်းလိမ်၊ ဖြစ်ရပ်လိမ်များ အစားထိုးတင်ပြကာ “ရိုဟိန်ဂျာ” အမည်ကိုသုံး၍ လူမျိုးသစ်ဖန်တီးရေးနှင့် နိုင်ငံသစ်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျ အကွက်ချ လုပ်ကိုင်လာကြပါသည်၊၊
မှတ်မိသလောက်၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ရိုဟိန်ဂျာအမည်သုံး၍ ရွေးကောက်ပွဲဝင်ခဲ့မှု မရှိခဲ့ပေ။ ၁၉၈၈ လူထု အုံကြွမှု တွင်လည်း ရိုဟိန်ဂျာအမည် အသုံးမပြုခဲ့ကြပေ၊၊ ၁၉၉၁ တွင် မူဆလင် အများအပြား ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုင်းပြီး ယင်းဘင်္ဂလားဒေ့(ခ်ျ) ရှိ ဆင်းရဲသားများ၊ အခြေမဲ့အနေမဲ့များနှင့် ပူးပေါင်းကာ ဗမာစစ်အစိုးရ နှိပ်စက် ညှင်းပမ်းမှုကြောင့် လူ (၂၀၀,၀၀၀) ကျော်ထွက်ပြေးရကြောင်း စာရင်းပြကာ ရိုဟိန်ဂျာ အမည်ကိုကမ္ဘာကျော် အောင်နည်းမျိုးစုံ လုပ်ကြံဖန်တီးလာကြ ပါသည်။ ၁၉၉၀ တွင် မြန်မာနိုင်ငံသား အဖြစ် အသိအမှတ်ပြုခံထားရသော မူဆလင်များအား ရွေးကောက်ပွဲဝင် ခွင့်ပြုခဲ့သည်ကို ရိုဟိန်ဂျာအမည်ဖြင့် ရွေးကောက်ပွဲ ၀င်ခဲ့ရသလိုလို လိမ်လည် လှည့်ဖြားလာကြပါသည်။ ဘာသာရေး အစွန်းရောက် တချို့၏ ဤကဲ့သို့ လုပ်ကြံဖန်တီးမှုများ အစပိုင်းတွင်အောင်မြင် သယောင်ယောင် ရှိခဲ့သော်လည်း နောက်ပိုင်းတွင် တိမ်ကောလာပြီဖြစ်သည်။
အင်္ဂလိပ်အုပ်ချုပ်မှု လက်အောက်၌ လယ်ကူလီများအဖြစ် ရခိုင်ပြည်သို့ လာရောက်လုပ်ကိုင်လာခါစ၌ စီးပွားရေးနှင့် ဘ၀ရပ်တည်ရေး ရည်မှန်းချက်သာရှိကြသဖြင့် ဒေသခံဗုဒ္ဓဘာသာဝင် ရခိုင်များက လူသားချင်းစာနာ၍ အမှတ်မထင် လက်ခံထားခဲ့ကြသည်။ နောက်ပိုင်း ဘင်္ဂလားဒေသမှ ရခိုင်ပြည်ဘက်သို့ ယင်းဘင်္ဂလီမူဆလင်များ မတရားလိမ့် ၀င်လာမှုကြောင့် အင်္ဂလိပ်အစိုးရကိုယ်တိုင် စိုးရိမ်၍ လူဦးရေစာရင်း စစ်တမ်းများ လုပ်လာခဲ့ရသည်၊၊ ရခိုင်မြေ၌ လူဦးရေ အလုံးအရင်းဖြင့် အခြေချနေထိုင်ခွင့်ရပြီးနောက် ဘာသာရေးအစွန်းရောက်များနှင့် နယ်မြေချဲ့ထွင်ရေး မူဆလင် ခေါင်းဆောင်များ နိုင်ငံရေးဘက်သို့ ဦးတည်လှုပ်ရှား လာခဲ့ပြီး သူတို့ကို သူတို့ ဒေသခံတိုင်းရင်းသား၊ ရိုဟိန်ဂျာ များဖြစ်ကြောင်း လိမ်လည်လှည့်ဖြား တင်ပြလာကြပါသည်။ စစ်တကောင်းဒေသမှ ယင်းဘင်္ဂလီမူဆလင်များ သည် ယနေ့ထက်ထိလည်း ရခိုင်ပြည်ထဲနည်းမျိုးစုံ ခိုးဝင်နေကြရုံသာမက မြန်မာ အာဏာပိုင်များအား လာဘ်ထိုး၍ ရခိုင်ပြည်၏ စီးပွားရေး ချုပ်ကိုင်ဖို့ကြိုးစားနေကြသည်ကိုတွေ့ရှိ ရပါသည်။
အစပိုင်းတွင် မြန်မာနိုင်ငံရှိ အခြား တိုင်းရင်းသားများက ရိုဟိန်ဂျာအမည်နှင့် သူတို့ နိုင်ငံရေး အရတိုက်ပွဲဝင်မှုကို လက်ခံရန် ရခိုင်တို့အား ဖိအားပေးမှုများ ရှိခဲ့သည်။ နိုင်ငံတကာ NGO များမှလည်း လူ့အခွင့်အရေးရှုထောင့်မှနေ၍ ရိုဟိန်ဂျာဆိုသူများအား အသိအမှတ်ပြုမှုများ ရှိလာသည်သာမက ရခိုင်တို့အားလည်း ရိုဟိန်ဂျာအမည်နှင့် နိုင်ငံရေး အရတိုက်ပွဲဝင်မှုများကို အသိအမှတ်ပြုကာ ရိုဟိန်ဂျာဆိုသူများနှင့် လက်တွဲတိုက်ပွဲဝင်ရန် နည်းမျိုးစုံ ဖိအားပေးမှုများ လုပ်လာခဲ့ပါသည်၊၊ နောက်ပိုင်း မြန်မာနိုင်ငံ ဒေသခံ တိုင်းရင်းသားများက သူတို့၏လိမ်လည်ခြင်းနှင့် ဟန်ဆောင်မှုများ ကို သိလာရသောအခါ ရိုဟိန်ဂျာအမည်နှင့်တကွ သူတို့၏ နိုင်ငံရေးအရ ရပ်တည် တိုက်ပွဲဝင်မှုများ ကိုပါ လုံးဝ အသိ အမှတ်မပြု ဖြစ်လာကြသည်၊၊
ယင်းရိုဟိန်ဂျာ အမည်ခံများသည် ရခိုင်ပြည်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခြင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင်ပြည်မှ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ လှေစီးဒုက္ခသည်ပုံစံမျိုးဖြင့် အလုံးအရင်းဖြင့် ၀င်ရောက်ခြင်းများ ပြုလုပ်လျက် ယင်းနိုင်ငံများ၌လည်း လူမှုရေးနှင့် ဘ၀ရပ်တည်ရေး အပါအ၀င် နိုင်ငံရေးအရ ကြွေးကြော်တိုက်ပွဲ ၀င်မှုများ ပြုလုပ် လာကြပါသည်။ ယင်းရိုဟိန်ဂျာအမည်ခံများသည် ယခုအခါတွင် မလေးရှားနိုင်ငံ၌ သောင်းနှင့် ချီရောက်ရှိနေပြီဖြစ်ပြီး၊ ထိုင်းနိုင်ငံ၌လည်း စနစ်တကျ ၀င်ရောက်ထိုးဖေါက် နေပြီဖြစ်သည်၊၊ ထိုင်းအစိုးရက ယင်း ရိုဟိန်ဂျာအမည်ခံများ ထိုးဖေါက် ၀င်ရောက်မှုကို စနစ်တကျ တားဆီးမှုပြုလုပ်လာသောအခါယင်းရိုဟိန်ဂျာ အရေးသည် ဒေသခံနိုင်ငံများ အား ရိုက်ခတ်လာသဖြင့် ဒေသခံနိုင်ငံများ သတိထား ဆောင်ရွက်လာကြသည်ကို တွေ့ရှိရသည်။ အာစီယံ ထိပ်သီး အစည်းဝေး၌ပင် ယင်းရိုဟိန်ဂျာပြဿနာသည် နံပါတ်(၁) နေရာရယူထားပြီး ဖြစ်သည်၊၊
ထိုင်းနိုင်ငံက အဘယ်ကြောင့် ယင်းရိုဟိန်ဂျာဆိုသူများအား ဒုက္ခသည်စခန်းများဖွင့်ခွင့် လက်မခံသနည်း။ အဖြေမှာ ရှင်းနေသည်၊၊ ယင်းရိုဟိန်ဂျာ အမည်ကိုသုံး၍ နိုင်ငံရေးအရ တိုက်ပွဲဝင်နေသူများသည် Al-Quada အဖွဲ့နှင့် ဆက်နွယ်မှု ရှိနေသည်။ ထိုင်းနိုင်ငံ အကြမ်းဘက် လှုပ်ရှားနေသူများနှင့် ပေါင်းမိပြီး ထိုင်းနိုင်ငံ၏ လုံခြုံရေးကိုပါ ခြိမ်းခြောက် လာမည်ကို စိုးရိမ်၍ဖြစ်သည်၊၊
နိုင်ငံတကာ NGO များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများက ရိုဟိန်ဂျာအမည်ခံများအား “နိုင်ငံမဲ့များ” အဖြစ် လူသား ချင်းစာနာ ရှုထောင့်မှနေ၍ ယင်းတို့၏ နိုင်ငံရေးအရတိုက်ပွဲဝင်မှုများ အသိအမှတ်ပြုရန် ရခိုင်တို့အား ဖိအားပေးနေကြသည်ကို တွေ့ရှိရသည်၊၊ သို့သော် ယင်းဘင်္ဂလီမူဆလင်များ အလုံးအရင်းနှင့် ၀င်ရောက်ပြီး နောက်ပိုင်းဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွါးပြီးနောက် မိမိတို့၏ ပိုင်ဆိုင်မှုနယ်မြေ၊ အိုးအိမ်များ စွန့်ခွာ ထွက်ပြေးလာကြရသော ဒေသခံ ရခိုင်များ၏ ရှေ့အနာဂတ် အရေးကို တွေးပူသည်ကိုကား မတွေ့ရှိရသေးပေ၊၊ ယင်းအဓိကရုဏ်းကာလ၌ မူဆလင် များ၏ သတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော ရခိုင်ပြည်သူများ၊ ဗုဒ္ဓဘာသာရဟန်းတော်များ၊ မူဆလင်များ၏ မီးတိုက်ဖျက်ဆီးမှုကြောင့် ပြာကျခဲ့ရသော ရခိုင်ရွာများ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ၊ ဘာသာရေးအစွန်းရောက် ယင်းမူဆလင်များ၏ မုဒိမ်းကျင့်သတ်ဖြတ်ခြင်းခံခဲ့ရသော ရခိုင်သူမများနှင့် မိမိအသက် အိုးအိမ်စည်းစိမ် လုံခြုံရေး အတွက် အမြဲတမ်းအထိတ် တလန့်ဖြစ်နေရသော ရခိုင်သူ၊ ရခိုင်သားများ၏ အနာဂတ်အရေးကို တွေးပူစဉ်းစားမိသော NGO များနှင့် ကုလသမဂ္ဂ္ဂ အဖွဲ့အစည်းများကို မတွေ့ဖူးသေးပေ၊၊
ဗမာစစ်အစိုးရ၏ နှိပ်စက်မှုကို ခံနေရသူများမှာ ရခိုင်ပြည်ရှိ မူဆလင်ဘာသာဝင်သက်သက်မှမဟုတ်ဘဲ၊ ရခိုင်ပြည်ရှိ ဗုဒ္ဓဘာသာဝင် များအပါအ၀င် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများသည်လည်း နည်းမျိုးစုံ ဖိနှိပ်ညှင်းဆဲခံနေရသည်ကို သတိတရား လက်ကိုင်ထားဖို့ လိုအပ်သည်။ အကယ်၍ အိမ်နီးချင်းနိုင်ငံများ၊ NGO များ ကုလသမဂ္ဂအဖွဲ့အစည်းများက ချင့်ချိန်မစဉ်းစားဘဲ ရိုဟိန်ဂျာဆိုသူများ၏ အရေးကိုဇောင်းပေးပြီး ရိုဟိန်ဂျာအမည်နှင့် ယင်းတို့၏ နိုင်ငံရေးအရ ရပ်တည် တိုက်ပွဲဝင်မှုကို လက်ခံခဲ့လျှင် မကြာသော တနေ့၌ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် ဒေသ အားလုံး ယင်းရိုဟိန်ဂျာ အမည်ခံသူများ လက်ထဲသို့ကျရောက်သွားပြီး၊ ဒေသခံရခိုင်ပြည်သူများ အသတ်ခံရမှု၊ ရပ်ရွာ အိုးအိမ် စွန့်ခွာ ထွက်ပြေးရမှုနှင့် ရင်ဆိုင်ရမည်။ ယင်းအရေးသည် ရခိုင်ပြည်တခုလုံး၊ ဗမာပြည်တစ်ခုလုံးနှင့် အိမ်နီးချင်းနိုင်ငံ များ၏ လုံခြုံရေးကိုပါ ခြိမ်းခြောက်လာပြီး ယင်းနိုင်ငံ၌ နေထိုင်နေကြသော ဒေသခံပြည်သူများလည်း ရခိုင်သားများ ကဲ့သို့ ဘေးဆိုးကြီးများနှင့် ရင်ဆိုင်ရမည်ဖြစ်ပါကြောင်း။
  အော်....သနားပါတယ်လို့ ...ပုံလေးတွေကြည့် ပြီး ဂရုနာတွေသက်နေ ကြမှာအမှန်ပါ...
  အော်တော်တော်ကြီးပွားနေပါလား..ဒါလားဒုက္ခ သယ် ဆိုတာ မြင်ရအောင် ဆက်လက်ပြီး ရှာဖွေတင်ပြပါအုန်းမယ်....
  အွန်လိုင်းပေါ်မှာဗဟုသုတတွေရှာဖွေဝေမျှပေးနေတဲ့  ကျနော် ဂေါ်လီKKG ပါ...
October 20, 2011
ဧရာမမြွေကြီးတကောင် သတ်ဖြတ်ပြီးနောက် မြစ်ဆုံစီမံကိန်းရပ်ဆိုင်း။
ကချင်ပြည်နယ် မလိ.အင်မိုင်ဇွပ် မြစ်ဆုံ စီမံကိန်းတွင်  မြွေကြီးတကောင်အား တရုပ်အလုပ်သမားများ
သတ်ဖြတ်ခဲ့ ပြီးနောက် မြန်မာအစိုးရ သမ္မတဦးသိန်းစိန်၏ မြစ်ဆုံစီမံကိန်း
ရပ်ဆိုင်းရန် သတင်းထွက်ပေါ်လာပါသည် ၄၈ပေခွဲ ရှည်ပြီး ၅ပေလုံးပါတ်ရှိသည့် မြွေကြီးအား စီမံကိန်း
ဧရိယာထဲ ဂျွမ်ဘွမ်းတောင်တွင် လမ်းဖေါက်လုပ်နေသော တရုပ်အလုပ်သမားများ မြေအောက်တွင်း တခုမှတွေ့ ရှိပြီး စက်တင်ဘာ ၂၂ ရက်နေ့ က သတ်ဖြတ်ခဲ့ သည်ဟု မျက်မြင်များက ပြောပါသည်။တရုပ်အစိုးရပိုင် China Power Investment Corporation (CPI )ကုမ္ပဏီ အလုပ်သမားများက၄င်းမြွေကြီး၏ ဦးခေါင်းကို မြေတူးစက်ဖြင့် ကော်ထိုး၍ သတ်လိုက်ခြင်း ဖြစ်သည်ဟု မျက်မြင်များကပြောပါသည် ၄င်းမြွေကြီး၏ အသေကောင်ကိုလည်း တရုပ်နိုင်ငံသို့  ယူဆောင်သွားကြောင်း
ဒေသခံများကပြောပါသည် ၄င်းစီမံကိန်းမှာ ယခုကဲ့ သို့ ထိုမြွေကြီးသတ်ဖြတ်ခြင်း ဖြစ်ရပ်သည် စီမံကိန်း၏ မကောင်းသော နိမိတ်လက္ခဏာ တခုအဖြစ် ဒေသခ့ ကချင်များ ရှု့ မြင်ကြရသည် မြွေကြီးသတ်ဖြတ်ခံရပြီး ၈ ရက်အကြာ စက်တင်ဘာ ၃၀ တွင် ပြည်သူအများစုက ကန့် ကွက်နေသည့်  မြစ်ဆုံစီမံကိန်းအား ၄င်းတို့  အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားရန် လွတ်တော်သို့  သမ္မတ ဦးသိန်းစိန်မှ ပြောကြားခဲ့ပါ သည်။
......ထိုသတင်းဆောင်းပါးလေးကို ကျနော်ဂေါ်လီဘလောက်ထံသို့  အိုးဝေဂျာနယ်၏ စာဖတ်မိတ်ဆွေတဦးမှ ဗဟုသုတ အဖြစ် လာရောက် တင်ပြလိုက်ပါသည်။
မြန်မာပြည်မှဟင်းလေးအိုးသတင်းများ
အမရပူရမြို့ ပွဲတော်ရပ်ကွက်တွင် လူ ၃၀၀ နီးပါးအစာအဆိပ်သင့်မှု ဖြစ်ပွား
အမရပူရမြို့ ပွဲတော်ရပ်ကွက်တွင် လူ ၃၀၀ နီးပါးအစာအဆိပ်သင့်မှု ဖြစ်ပွား
အမရပူရမြို့နယ် ဆေးရုံဝင်းအတွင်းတွင် အစာအဆိပ်သင့်လူနာများကိုတွေ့ရစဉ်
မန္တလေးတိုင်းဒေသကြီးအမရပူရမြို့ ကြံတန်းတိုက်နယ်ပွဲတော် ရပ်ကွက်တွင် အောက်တိုဘာလ ၇ ရက်နေ့ကအစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။
''ဖြစ်တာကရပ်ကွက်ထဲမှာအလှူရှိတယ်။ အလှူမှာနတ်သုဒ္ဓါနဲ့ ရေခဲမုန့်ကျွေးတယ်။ အလှူကအပြန်မှာပဲရပ်ကွက်ထဲကလူတွေတချို့ ခေါင်းမူးပြီးအော့အန်ကြတယ်။ တချို့လည်း ၀မ်းလျှောကြတယ်။ အစကအစာအဆိပ်သင့်မှန်းမသိကြသေးဘူး။ အစားများလို့ဖြစ်တယ်ပဲထင်နေကြတာ။ နောက်ကျမှ ကိုယ်တစ်ယောက်ထဲမဟုတ်ဘဲအလှူသွားခဲ့တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် ဆေးခန်းသွားတာမြင်တော့မှ အစာအဆိပ်သင့် မှန်းသိရတယ်''ဟုပွဲတော်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကပြောသည်။
''အိမ်ကမိသားစုသုံးယောက် အလှူသွားတယ်။ ကျွန်မရော ကျွန်မယောက်ျားရောဘာမှမဖြစ်ဘူး။  ငါးနှစ်အရွယ်ရှိတဲ့ သားလေးပဲဖြစ်တယ်။ အခုခေါင်းမူးလို့အိပ်နေတယ်'' ဟုအလှူသို့ သွားရောက်ခဲ့သူတစ်ဦးကပြောသည်။
''ရပ်ကွက်ထဲမှာလူတွေ တစ်ယောက်ပြီးတစ်ယောက် အစာအဆိပ်သင့်နေတော့ စိုးရိမ်ပြီးကျောင်းတက်နေတဲ့ကလေးကိုလိုက်ခေါ်ရတယ်။ ကျောင်းမှာတုန်းကဘာမှမဖြစ်ပေမယ့် အိမ်ရောက်တော့မှ ဖြစ်တော့တယ်'' ဟုအစာအဆိပ်သင့်သောကလေးငယ်၏ မိခင်ကပြောသည်။
အစာအဆိပ်သင့်မှုမှာနေ့လည် ၁၁ နာရီခန့်က စတင်ဖြစ်ပွားခဲ့ပြီးအော့အန်ခြင်း၊ ၀မ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ ရင်ပူခြင်း၊ ခေါင်းမူးခြင်း၊ ရေဆာခြင်းစသည့်လက္ခဏာများကိုတွေ့ရှိရကြောင်းသိရသည်။ အစာအဆိပ်သင့်သောလူနာများမှာပွဲတော် ရပ်ကွက်ဆေးခန်း၊ အမရပူရမြို့နယ်ဆေးရုံ၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးနှင့် ကမ်းနားလမ်းကူးစက်ရောဂါကုဆေးရုံကြီးတို့တွင် တက်ရောက်ကုသလျှက်ရှိကြောင်းသိရသည်။
''ဖြစ်ဖြစ်ချင်း မန္တလေးဆေးရုံကြီးကို ကျွန်မအရင်ရောက်တာပဲ။ ရင်တွေတစ်အားပူပြီးမကြာခဏအန်လာတယ်။ ခံနိုင်ရည်မရှိတဲ့သူဆိုရင် အန်ရတာများလွန်းလို့ သတိလစ်ကုန်ကြတယ်။ တချို့သွေးတောင်ပါတယ်။ အသက် ၈၀ ကျော်အမေကြီးတစ်ယောက် ပါတယ်။ သူဆိုရင်နတ်သုဒ္ဓါနဲ့ မတည့်လို့ဆိုပြီး ကြက်သားဖတ်လေးတစ်ဖတ်၊ နှစ်ဖတ်စားမိတာနဲ့ ဖြစ်သွားတယ်။ ဖြစ်တဲ့သူအများစုကတော့ ကြက်သားက ဖြစ်တယ်လို့ ထင်နေကြတယ်။ ဒီလိုဖြစ်သွားတဲ့အတွက် အလှူရှင်ကတော့ တော်တော်လေးစိတ်မကောင်းဖြစ်နေရှာတယ်'' ဟုအစာအဆိပ်သင့်ပြီး မန္တလေးဆေးရုံကြီးတွင် တက်ရောက်ကုသနေသူအမျိုးသမီးတစ်ဦးကဆိုသည်။
အစာအဆိပ်သင့်သောလူနာများအားအမရပူရမြို့နယ်ဆေးရုံတွင် ဦးစွာပထမကုသပြီးစိုးရိမ်ရသည့် လူနာများကိုမြို့ပေါ်ရှိလူမှုကူညီရေးအသင်းများမှ ကားများဖြင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကာရေသန့်ဘူးများ၊ ဓာတ်ဆားထုတ်များနှင့် ဆေးဝါးများလည်း လှူဒါန်းခဲ့ကြောင်း၊ ဖြစ်ပွားရသည့် အကြောင်းရင်းကို သက်ဆိုင်ရာတာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်းသိရသည်။
 ဟင်းလေးအိုး ဂျာနယ်မှကူးယူတင်ပြပါသည်။
October 18, 2011
အငတ်ဘေးဒုက္ခ လှုသားဘဝ
ကမ္ဘာပေါ်မှာ လူပေါင်း ၉၂၅ သန်းဟာ ဆာလောင်ငတ်မွတ်မှုဒဏ်ကို ခံစားနေကြရပါ တယ်၊ အများစုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဖြစ်ကြပြီး ကျန်းမာရေး ဆိုင်ရာ ထိခိုက်မှုတွေ မှာလည်း ဆာလောင်ငတ်မွတ်မှုက ထိပ်တန်းအကြောင်းရင်း ဖြစ်လာပါတယ်၊ ကမ္ဘာ ပေါ်က ကလေးငယ်တွေ သေဆုံးရမှု ထဲက တ၀က်ကျော်ဟာလည်း ဆာလောင် ငတ်မွတ်မှုရဲ့  အကျိုးဆက်တွေကြောင့် ဖြစ်ကြောင်းလည်း သုတေသနပြုစုသူ တွေက ဆိုပါတယ်၊
(ဓါတ်ပုံ...ဆိုမာလီးယားနိုင်မှဖြစ်ပါတယ် )
ကျနော် ဘလောက်ဂေါ်လီကိုကိုကြီးပါ
သိပ္ပံနဲ့ နည်းပညာရန်ကုန် အဆောက်အဦးတွေရဲ့ ကြံ့ခိုင်မှုအကြောင်း
ရန်ကုန်မြို့ဟာ ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲ အပြီးမှာ  အင်္ဂလိပ်လက်အောက် ရောက်ခဲ့တာမို့  ကိုလိုနီခေတ် အဆောက်အဦးတွေနဲ့  ပြည့်နေပြီး  တချို့ အဆောက်အဦးတွေရဲ့ သက်တမ်းဟာ   နှစ်ပေါင်း  တရာကျော်နေပြီ ဖြစ်ပါတယ်။   အရှေ့တောင် အာရှဒေသတွင်း ထုထည် ခိုင်ခန့် ကြီးမားတဲ့   ကိုလိုနီခေတ် အဆောက်အဦး အများဆုံးရှိတဲ့  ရန်ကုန်မြို့မှာ  လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ် အစိတ်အတွင်း   မြင့်မားတဲ့  အဆောက်အဦး  အသစ်တွေ ထပ်ပြီး   ဆောက်လုပ်တာမျိုး ရှိနေပေမယ့်   အာရှဒေသက  တခြားမြို့တွေလို မိုးပျံ အဆောက်အဦးတွေတော့  မဟုတ်ပါဘူး။
ဒါပေမယ့်  မြန်မာနိုင်ငံဟာ  ကမ္ဘာ့ငလျင်ရပ်ဝန်း ထဲမှာ  ကျနေတာမို့   လူဦးရေ  အထူထပ်ဆုံး မြို့ရဲ့  အဆောက်အဦးတွေအတွက်  စိတ်ပူစရာ  အတိုင်းအတာ  ဘယ်လောက်  ရှိပါသလဲ ဆိုတာကို ဘူမိဗေဒပညာရှင်  ဒေါက်တာဝင်းနိုင် နဲ့ သိမ်ကြီးဈေး စီရုံ အပါအ၀င် အဆောက်အဦးအတော်များများ ဆောက်လုပ်ရာမှာ ကြီးကြပ်ခဲ့သူ အင်ဂျင်နီယာ ဦးသန်းထွန်းကို မေးမြန်းတင်ပြထားပါတယ်။
ရန်ကုန် တ၀ိုက်မှာ ငလျင်ကြီးမလှုပ်ပေမယ့်  ပြင်းအားအဆင့် ၄-၅ ၀န်းကျင်ရှိတဲ့ ငလျင်တွေ ရန်ကုန်အနောက် ဖက် မြစ်ဝကျွန်းပေါ် တ၀ိုက်မှာ လှုပ်ခတ်လေ့ရှိပါတယ်။ တချို့နေရာတွေဟာ အပေါ်မှာ မမြင်ရတဲ့ နစ်မြုပ်နေတဲ့ Burried Fault ပြတ်ရွေ့တွေကြောင့် ဖြစ်နိုင်သလို မြစ်ဝကျွန်းပေါ်ဒေသမို့  အောက်ခံမြေ တဖြေးဖြေး သိပ်သည်း ကျစ်လစ် လာတဲ့ အတွက်ကြောင့် လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဓိက စိုးရိမ်ရတာက ဘယ်အချိန် လှုပ်မယ်လို့ မရေရာတဲ့ စစ်ကိုင်းပြတ်ရွေ့ရဲ့ လှုပ်ခတ်မှုပါ။
၁၉၃၀ ကလှုပ်ခတ်ခဲ့တဲ့ ပဲခူးငလျင်လို ငလျင်ကြီး မျိုးထပ်ပြီးလှုပ်ခတ်မယ်ဆိုရင်  ရန်ကုန် က အဆောက်အဦးတွေဟာ ၃ပေ ကနေ ၁၃ပေ လောက်အထိ ဘေးတိုက်ရွေ့လျားနိုင်တယ်လို့  ဘူမိဗေဒပညာရှင်က ဆိုပါတယ်။
ဒါပေမယ့် ရန်ကုန်မြို့က နောက်ပိုင်းဆောက်လုပ်တဲ့ အဆောက်အဦး အတော်များများဟာ ငလျင်ဒဏ်အတွက်ပါ ထည့်သွင်းတွက်ချက် ဆောက်လုပ် ထားသလို  အင်ဂျင်နီယာတွေရဲ့ အကြံပေးချက်တွေကို တိတိကျကျ လိုက်နာရင် ငလျင်ကြောင့် ပြိုကျမှာကို စိုးရိမ်စရာ မလို ဘူးလို့  အင်ဂျင်နီယာတွေက တွက်ပါတယ်။
ဒီသတင်းလေးဟာကျနော်ဖတ်ရှု့ ရသောVOA မှထုတ်လွင့်တင်ဆက်သောသိပ္ပံနဲ့ နည်းပညာ ဆောင်းပါးထဲမှ ဗသုသုတလေးအဖြစ်ကူးယူတင်ပြလိုက်တာပါ၊
October 17, 2011
ရိုဟင်ဂျာဒုက္ခသည် ၃ သောင်း နီးပါး မြန်မာမှ လက်ခံမည်သတင်း၊
  •  
  •  
  •  
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကနေ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားပြီး လတ်တလော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလုံနေကြတဲ့ ရိုဟင်ဂျာ ၃ သောင်းလောက်ကို မြန်မာအစိုးရက ပြန်လက်ခံဖို့ သဘောတူလိုက်ပါတယ်။ ဒုက္ခသည်တွေကတော့ သူတို့ရဲ့ အသက်အန္တရာယ်၊ တိုင်းရင်းသား တန်းတူ အခွင့်အရေးနဲ့ တရားဝင်နိုင်ငံသား အဖြစ် မြန်မာအစိုးရက ပေးအပ်မယ်ဆိုရင် ပြန်မယ်လို့ ပြောဆိုကြပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရဘက်ကတော့ ဒီ ဒုက္ခသည်တွေကို ရိုဟင်ဂျာအဖြစ် လက်ခံမလား။ ဘယ်နေရာတွေမှာ အခြေချ နေထိုင်ခွင့်ပြုမလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး အတိအကျ ပြောဆိုထားတာ မရှိသေးပါဘူး။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။
မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂ သောင်း ၈ ထောင်ကို ပြန်ခေါ်ဖို့ သဘောတူတဲ့အကြောင်း အောက်တိုဘာလ ၁၅ ရက်နေ့ စနေနေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက သတင်းထောက်တွေကို ပြောဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကောက်ဘဇာ ခရိုင်တွင်းက ဒုက္ခသည်စခန်း တစ်ခုမှာ နေထိုင်ကြပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒုက္ခသည် အသိအမှတ် ပြုထားသူတွေကို ပြန်ခေါ်ဖို့ မြန်မာအစိုးရက သဘောတူလိုက်တာ ဖြစ်ပါတယ်။
စနေနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုသွားတာ ကိုတော့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် ကုလားတန်သတင်း ဂျာနယ်ရဲ့ အယ်ဒီတာ ဦးတင်စိုးက အခုလို ပြောပါတယ်။
“ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးရုံး အတွင်းရေးမှူးက သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အခါကျတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဆွေးနွေးပွဲမှာ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိနေတဲ့ UNHCR ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များမဟာမင်းကြီးရုံးရဲ့ သဘောတူညီချက်နဲ့ အဲဒီမှာရှိနေတဲ့ လူပေါင်း ၂ သောင်း ၈ ထောင်ကို ပြန်ခေါ်သွားမယ်လို့ ပြောတာပဲ။ ဒီ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိနေတဲ့ လူပေါင်း ၄ သိန်းကျော်နဲ့ ၅ သိန်းအတွင်းမှာ ရှိနေတဲ့ လူတွေကို သူတို့ တဖြည်းဖြည်း ခေါ်သွားနိုင်အောင် ကြိုးစားပေးမယ်၊ ဒါပေမဲ့ လောလောဆယ် မပို့နိုင်တဲ့အခြေအနေမှာ ဒီ ရိုဟင်ဂျာတွေကို သူတို့ အတင်းအဓမ္မ ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ ပြန်ထွက်ခွာသွားဖို့အတွက် မလုပ်ပါဘူး ဆိုပြီးတော့ သတင်းစာဆရာတွေကို အားလုံး ရှင်းပြထားတာ ရှိပါတယ်။”
မြန်မာစစ်အစိုးရ လက်ထက်တုန်းကတော့ မြန်မာတိုင်းရင်းသားတွေထဲမှာ ရိုဟင်ဂျာမပါဘူး ဆိုပြီး နိုင်ငံပိုင် သတင်းစာတွေကနေ ကြေညာခဲ့တာပါ။ ဒါကြောင့် အခု အစိုးသစ်က ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်ခေါ်မယ် ဆိုပေမဲ့ ရိုဟင်ဂျာအဖြစ် အသိအမှတ် ပြုမလား၊ ဘယ်ဒေသတွေမှာ အခြေချနေထိုင်ခွင့် ပေးမယ် ဆိုတာကိုရော ရှင်းရှင်းလင်းလင်း ပြောဆိုထားတာ မရှိပါဘူး။
မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးလာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိနေသူတွေက လူဦးရေ ၃ သိန်းကျော် လောက် ရှိနေတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။ မြန်မာအစိုးရကတော့ ဒီလူတွေ အားလုံး နေရပ်ရင်း ပြန်လာဖို့အတွက် နောက်ပိုင်းမှာ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ဒီမတိုင်ခင်အထိတော့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဒီလူတွေကို အတင်းအကျပ် ဌာနေပြန်ခိုင်းတာမျိုးတွေ မလုပ်ဘူးလို့ သဘောတူခဲ့ကြပါတယ်။
မြန်မာအစိုးရဘက်က ပြန်ခေါ်ဖို့သဘောတူထားတဲ့ ဒုက္ခသည် ၂ သောင်း ၈ ထောင်ကို နေရပ်ရင်း ပြန်လည် အခြေချလိုတဲ့ဆန္ဒနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ဒီဒုက္ခသည်တွေ သဘောထားကို မေးမြန်း ခဲ့ပါတယ်။
“ဒုက္ခသည်စခန်းတွေထဲမှာရှိတဲ့ ရိုဟင်ဂျာတွေက ကျနော်တို့ တခြား တိုင်းရင်းသားတွေနဲ့ တန်းတူအခွင့်အရေး ရမယ်။ ကျနော်တို့ရဲ့ နိုင်ငံသား အခွင့်အရေးတွေ ပေးမယ်ဆိုရင် ကျနော်တို့ အချိန်မရွေး သွားမယ် ဆိုတဲ့ စကားလုံးကတော့ သူတို့က ပါးလိုက်တာရှိတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရကို သူတို့ အဲဒီလို ပြောထားတာ ရှိတယ်။ အဲဒါတွေပြီးမှ အခုတခါ ဒီနေ့ပဲ သူတို့က ပြန်ပြီးတော့ ကျနော်တို့ကို ပြန်ပို့ပေးမယ်။ မြန်မာအစိုးရက လက်ခံတော့မယ် ဆိုတဲ့ စကား ထွက်လာတယ်။”
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အခြေချနေထိုင်ခဲ့ကြတဲ့ ဒီဒုက္ခသည်တွေဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေနဲ့ ၁၉၉၁ ခုနှစ်တို့အတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကို သိန်းနဲ့ချီ ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။ 
အများစုက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်ဘဇာ ခရိုင်နဲ့ စစ်တကောင်း တို့မှာ နေထိုင်နေကြတာဖြစ်ပါတယ်။
ဒီအတင်းဆောင်းပါးကိုVOAမှတိုက်ရိုက်အပိုအလိုမရှိကူးယူတင်ပြ ပါတယ်၊
ရိုဟင်ဂျာ အကြောင်း ကောင်းကောင်းကြီးသိမှာပါ၊.....ကောင်းပြီ ဘယ်တိုင်းပြည်မှာပဲနေနေ အခြေချချ
 အဲဒီနိုင်ငံကသတ်မှတ်ထားသော ဥပဒေစီးမျဉ်းကို တိကျလိုက်နာရပါတယ်...ယခုကျွန်တော်တို့ မြန်မာနိုင်ငံတော် အစိုးရက လက္ခံ မယ်ဆိုရင် နိုင်ငံတော်ကသတ်မှတ်တဲ့ စီးကမ်းကိုလိုက်နာရပါမယ်....ခေတ်အဆက်ဆက်မင်းအဆက်ဆက်က ယခုချိန်ထိ ဗုဒ္ဒသာသနာထွန်းကားနေသော....
မြန်မာနိုင်ငံကို မြန်တိုင်းသားတွေအားလုံးနဲ့ စုပေါင်းတည်ထောင်လွတ်လပ်ရေးရယူထားတယ်ဆိုတာ  အလေးနက်သိလိုပြီး ...ယခုကျွန်တော်တို့ ပြည်ညီအကိုယ်များ အကြောင်းမညီညွတ်လို့ နိုင်ငံရေးကိစ္စတွေအားကျွန်တော်တို့ ညီအကိုတွေဘာပဲဖြစ်ဖြစ် ကြားကနေပိုပြီး အနေချောင် အစားချောင်( မိုးရွာလို့ မိုးခိုပါရစေ ကုလားအုပ်ကြီးပုံပြင်လို )မလုပ်ဘို့  မောင်ရိုဟင်ဂျာများအားလုံး အထူးသတိပေးလိုက်ပါတယ် ။စေတနာရ ပေးနေပြီဆိုရင်လည်း
နောက်ထပ်ကိုလည်း ရိုဟင်ဂျာ အကြောင်းသမိုင်း ထပ်ပြီးရှာဖွေတင်ပြပေးလိုက်ပါအုန်းမယ်....
စာဖတ်ပရိတ်သတ်များစောင့် မျော်နေပါ.....
မြန်မာ့ သွေး  အွန်လိုင်း ဂေါ်လီကိုကိုကြီး...